Thursday, 29 August 2013 03:03
မြန်မာတိုင်းမ် ရပ်ဆိုင်းရေးအတွက် ဒါရိုက်တာ အဖွဲ့ဝင်အချို့ တရားရုံးသို့ လျှောက်ထားခဲ့ကြောင်း သိရသည်။
Myanmar Consolidated Media Co.,Ltd ကုမ္ပဏီကို ဖျက်သိမ်းရန်နှင့် ယင်းတိုက်မှ ထုတ်ဝေလျက်ရှိသော အင်္ဂလိပ်၊ မြန်မာနှစ်မျိုး မြန်မာတိုင်းမ် ဂျာနယ်အား ရပ်ဆိုင်းရန်အတွက် ယင်းကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင်များဖြစ်သော ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာခင်မိုးမိုးတို့က အနောက်ပိုင်းခရိုင် တရားရုံးသို့ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
မြန်မာတိုင်းမ် ဖျက်သိမ်းရန် တောင်းဆိုထားသော ဒေါက်တာတင်ထွန်းဦးက "ကျွန်တော်တို့ အနေနဲ့ တရားရုံး အစီအစဉ်တိုင်း သွားမှာပါ" ဟု ပြောကြားသည်။
မြန်မာတိုင်းမ် ဂျာနယ်၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်သော မိမိတို့နှင့် ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်သော မစ္စတာရော့စ်ဒန်ကလေတို့ကြား ရှယ်ယာကိစ္စများနှင့် မည်သို့မျှ ညှိနှိုင်းမရတော့သဖြင့် ကုမ္ပဏီအား တရားရုံး အစီအစဉ်ဖြင့် ဖျက်သိမ်းရန် လျှောက်ထားခဲ့ရခြင်းဖြစ်ကြောင်း ဒေါ်ခင်မိုးမိုးက ဧရာဝတီ သတင်းဌာနသို့ ပြောကြားထားသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၈ ရက်က ဒေါက်တာတင်ထွန်းဦး၏ ဇနီးသည် ဒေါ်ခင်မိုးမိုးက ကုမ္ပဏီနှင့် မသက်ဆိုင်သူ ငါးဦးကို မြန်မာတိုင်းမ်ရုံးသို့ ခေါ်ဆောင်လာခြင်းနှင့် ပတ်သက်ပြီး ရော့စ်ဒန်ကလေနှင့် ဒေါ်ခင်မိုးမိုးတို့အကြား အချင်းများခဲ့ ကြသည်။
မြန်မာတိုင်းမ် ဂျာနယ်၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်သော မိမိတို့နှင့် ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်သော မစ္စတာရော့စ်ဒန်ကလေတို့ကြား ရှယ်ယာကိစ္စများနှင့် မည်သို့မျှ ညှိနှိုင်းမရတော့သဖြင့် ကုမ္ပဏီအား တရားရုံး အစီအစဉ်ဖြင့် ဖျက်သိမ်းရန် လျှောက်ထားခဲ့ရခြင်းဖြစ်ကြောင်း . . . . .
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် တရားရုံးတွင် ပြစ်မှုကြီးအမှတ် ၉၁။၂၀၁၃ နှင့် ၉၂။၂၀၁၃ တို့ဖြင့် ပုဂ္ဂိုလ်ရေးအရဖြစ်သော မကျေနပ်မှုများအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄၊ ၃၂၃ နှင့် ၄၄၇။၂၉၄။၅၀၆ အရ အပြန်အလှန် တရားစွဲဆိုသည့် အမှုများ ရှိခဲ့သည်။
သြစတြေးလျနိုင်ငံသား မစ္စတာရော့စ်ဒန်ကလေသည် ၂၀၀၀ ပြည့်နှစ်အချိန်က မြန်မာနိုင်ငံသား ရှယ်ယာရှင် ဦးမြတ်ဆွေ (ဆန်နီဆွေ)နှင့် ပူးပေါင်းပြီး မြန်မာတိုင်းမ် အပတ်စဉ် ဂျာနယ်ကို စတင်ထုတ်ဝေခဲ့သည်။
သို့သော် ၂၀၀၅ ခုနှစ်တွင် ဦးမြတ်ဆွေ (ဆန်နီဆွေ) နှင့်ဇနီး ဒေါ်ယမင်းထင်အောင်တို့ ပိုင်ဆိုင်သည့် ရှယ်ယာများကို စွယ်စုံမီဒီယာဂရုပိုင်ရှင် ဒေါက်တာတင်ထွန်းဦးထံသို့ လွှဲပြောင်းရောင်းချပေး ရန် ရော့စ်ဒန်ကလေအား ဖိအားပေးမှုများ ရှိခဲ့သောကြောင့် လွှဲပြောင်းရောင်းချခဲ့ရကြောင်း သိရသည်။
ထိုအချိန်မှစ၍ နှစ်ဦးသဘောတူညီချက်အရ မြန်မာတိုင်းမ်၏ စီမံခန့်ခွဲမှု အပိုင်းအား မစ္စတာရော့စ်ဒန်ကလေက အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာတိုင်းမ်၏ အမှုဆောင် အရာရှိချုပ် တာဝန်ကို ဒေါက်တာတင်ထွန်းဦးက ရယူခဲ့ပြီး ကုမ္ပဏီ၏ နေ့စဉ်စီမံခန့်ခွဲမှုများကို မစ္စတာရော့စ်ဒန်ကလေက တာဝန်ယူခဲ့သည်။
မြန်မာတိုင်းမ် ရပ်ဆိုင်းရေးအတွက် ဒါရိုက်တာ အဖွဲ့ဝင်အချို့ တရားရုံးသို့ လျှောက်ထားခဲ့ကြောင်း သိရသည်။
Myanmar Consolidated Media Co.,Ltd ကုမ္ပဏီကို ဖျက်သိမ်းရန်နှင့် ယင်းတိုက်မှ ထုတ်ဝေလျက်ရှိသော အင်္ဂလိပ်၊ မြန်မာနှစ်မျိုး မြန်မာတိုင်းမ် ဂျာနယ်အား ရပ်ဆိုင်းရန်အတွက် ယင်းကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင်များဖြစ်သော ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာခင်မိုးမိုးတို့က အနောက်ပိုင်းခရိုင် တရားရုံးသို့ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
မြန်မာတိုင်းမ် ဖျက်သိမ်းရန် တောင်းဆိုထားသော ဒေါက်တာတင်ထွန်းဦးက "ကျွန်တော်တို့ အနေနဲ့ တရားရုံး အစီအစဉ်တိုင်း သွားမှာပါ" ဟု ပြောကြားသည်။
မြန်မာတိုင်းမ် ဂျာနယ်၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်သော မိမိတို့နှင့် ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်သော မစ္စတာရော့စ်ဒန်ကလေတို့ကြား ရှယ်ယာကိစ္စများနှင့် မည်သို့မျှ ညှိနှိုင်းမရတော့သဖြင့် ကုမ္ပဏီအား တရားရုံး အစီအစဉ်ဖြင့် ဖျက်သိမ်းရန် လျှောက်ထားခဲ့ရခြင်းဖြစ်ကြောင်း
၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၈ ရက်က ဒေါက်တာတင်ထွန်းဦး၏ ဇနီးသည် ဒေါ်ခင်မိုးမိုးက ကုမ္ပဏီနှင့် မသက်ဆိုင်သူ ငါးဦးကို မြန်မာတိုင်းမ်ရုံးသို့ ခေါ်ဆောင်လာခြင်းနှင့် ပတ်သက်ပြီး ရော့စ်ဒန်ကလေနှင့် ဒေါ်ခင်မိုးမိုးတို့အကြား အချင်းများခဲ့ ကြသည်။
မြန်မာတိုင်းမ် ဂျာနယ်၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်သော မိမိတို့နှင့် ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်သော မစ္စတာရော့စ်ဒန်ကလေတို့ကြား ရှယ်ယာကိစ္စများနှင့် မည်သို့မျှ ညှိနှိုင်းမရတော့သဖြင့် ကုမ္ပဏီအား တရားရုံး အစီအစဉ်ဖြင့် ဖျက်သိမ်းရန် လျှောက်ထားခဲ့ရခြင်းဖြစ်ကြောင်း
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် တရားရုံးတွင် ပြစ်မှုကြီးအမှတ် ၉၁။၂၀၁၃ နှင့် ၉၂။၂၀၁၃ တို့ဖြင့် ပုဂ္ဂိုလ်ရေးအရဖြစ်သော မကျေနပ်မှုများအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄၊ ၃၂၃ နှင့် ၄၄၇။၂၉၄။၅၀၆ အရ အပြန်အလှန် တရားစွဲဆိုသည့် အမှုများ ရှိခဲ့သည်။
သြစတြေးလျနိုင်ငံသား မစ္စတာရော့စ်ဒန်ကလေသည် ၂၀၀၀ ပြည့်နှစ်အချိန်က မြန်မာနိုင်ငံသား ရှယ်ယာရှင် ဦးမြတ်ဆွေ (ဆန်နီဆွေ)နှင့် ပူးပေါင်းပြီး မြန်မာတိုင်းမ် အပတ်စဉ် ဂျာနယ်ကို စတင်ထုတ်ဝေခဲ့သည်။
သို့သော် ၂၀၀၅ ခုနှစ်တွင် ဦးမြတ်ဆွေ (ဆန်နီဆွေ) နှင့်ဇနီး ဒေါ်ယမင်းထင်အောင်တို့ ပိုင်ဆိုင်သည့် ရှယ်ယာများကို စွယ်စုံမီဒီယာဂရုပိုင်ရှင် ဒေါက်တာတင်ထွန်းဦးထံသို့ လွှဲပြောင်းရောင်းချပေး ရန် ရော့စ်ဒန်ကလေအား ဖိအားပေးမှုများ ရှိခဲ့သောကြောင့် လွှဲပြောင်းရောင်းချခဲ့ရကြောင်း သိရသည်။
ထိုအချိန်မှစ၍ နှစ်ဦးသဘောတူညီချက်အရ မြန်မာတိုင်းမ်၏ စီမံခန့်ခွဲမှု အပိုင်းအား မစ္စတာရော့စ်ဒန်ကလေက အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာတိုင်းမ်၏ အမှုဆောင် အရာရှိချုပ် တာဝန်ကို ဒေါက်တာတင်ထွန်းဦးက ရယူခဲ့ပြီး ကုမ္ပဏီ၏ နေ့စဉ်စီမံခန့်ခွဲမှုများကို မစ္စတာရော့စ်ဒန်ကလေက တာဝန်ယူခဲ့သည်။
No comments:
Post a Comment