July 12, 2013
မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေကြတဲ့ မွတ်စလင်လူမျိုးဟာ အခက်အခဲတွေကို ရင်ဆိုင်နေရတာ ကာလတခုအထိ ကြာနေပြီဖြစ်တဲ့အတွက် အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့အတွက် ဖိအားပေးဖို့ အစ္စလာမ် ဘာသာကိုးကွယ်တဲ့နိုင်ငံတွေက မနေ့က ကုလသမဂ္ဂကို တောင်းဆိုလိုက် ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာဖြစ်နေတဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေဟာ လွန်ခဲ့တဲ့နှစ်နှစ်က စတင် ပြောင်းလဲလာနေတဲ့ မြန်မာ့နိုင်ငံရေးကို အရိပ်ဆိုး တခုလို ကျရောက်နေတယ်လို့ ဆိုပါတယ်။
Organization of Islamic Cooperation (OIC) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကုလသမဂ္ဂ ဆိုင်ရာ ဆော်ဒီအာရေးဗီးယား နိုင်ငံကိုယ်စားလှယ် Abdullah al-Mouallemi-အဒူလာအယ်မိုလ်လီမီ က မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ ဖိအားပေးသင့်တယ် လို့ ကုလသမဂ္ဂကို ပြောပါတယ်။
မြန်မာနိုင်ငံဟာ အခုချိန်မှာ ကမ္ဘာတ၀ှမ်းနဲ့ ပဏာသင့်နေတဲ့အချိန်ဖြစ်ကြောင်း၊ တစ်ခုတည်းသော ပြဿနာ ကတော့ အဲဒီပဏာသင့်မှုဟာ မွတ်စလင်တွေရဲ့ ခန္ဓာကိုယ်တွေနဲ့ တည်ဆောက်နေတယ် ဆိုတဲ့အကြောင်း ဆော်ဒီအာရေးဘီးယားနိုင်ငံ ကိုယ်စားလှယ် အဒူလာအယ်မိုလ်လီမီ ကပြောလိုက် ပါတယ်။
ကုလသမဂ္ဂအနေနဲ့ အထူးသဖြင့် ရိုဟင်ဂျာမွတ်စလင်တွေနဲ့ပတ်သက်တဲ့ အရေးယူ လုပ်ဆောင်ချက် တွေ ပိုမိုပြုလုပ်ဆောင်ဖို့အတွက် အိုအိုင်စီအဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး Ban-Ki-Moon နဲ့ ဗုဒ္ဓဟူးနေ့မှာတွေဆုံစဉ်အတွင်း ပြောခဲ့ကြတာ ဖြစ်ပါတယ်။

No comments:
Post a Comment