ဇူလိုင် ၂၊ ၂၀၁၃
Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်သို့ -
လူကြီးမင်း ကြီးကြပ်၍ ထုတ်ဝေဖြန့်ချီသော Eleven Media Group ၏ Daily Eleven သတင်းစာ မြန်မာပိုင်းနှင့် Online English သတင်းများတွင် ကျွန်ုပ်၏ Facebook Account “NY Kogyi” အား ဘာသာရေး အစွန်းရောက်များ စာရင်းတွင် ထည့်သွင်း ရေးသားခဲ့ခြင်းနှင့် ပတ်သက်၍ လူကြီးမင်း သိစေရန် တုန့်ပြန်ရေးသားလိုက်ပါသည်။
လူကြီးမင်း၏ Eleven Media သည် မြန်မာနိုင်ငံတွင် စာဖတ်ပရိသတ်အများစု ရရှိထားသော်ငြားလည်း ဘာသာရေး အဓိကရုဏ်းများ ပိုမိုကြီးထွားစေရန် လှုံ့ဆော်ပေးသည့် မီဒီယာအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားနေသည်ကို ပြည်တွင်း စာဖတ်ပရိသတ်များသာမက နိုင်ငံတကာ စာနယ်ဇင်းသမားများပါမကျန် သိနေကြသည်။ လူကြီးမင်း၏ အင်္ဂလိပ်ပိုင်းတွင် မဟုတ်မမှန်သည့် သတင်းများလွှင့်တင်ပြီး နိုင်ငံတကာ စာနယ်ဇင်းသမားများ၏ ရှုတ်ချမှုကြောင့် တင်ထားသည့်သတင်း များကို မကြာခဏ Unpublished လုပ်လေ့ရှိသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။ လူကြီးမင်း ပြန်လည် ဖြုတ်ချသည့် သတင်းများကို Google Cache မှရယူ၍ Screen Shot ရိုက်ထားသည်များ ကျွန်ုပ် လက်ဝယ်တွင် ရှိသည်။
လူကြီးမင်းသည် အထူးသဖြင့် အကြမ်းဖက်မှု များတွင် မတရား သဖြင့် ဖမ်းဆီးခံရသော မွတ်စလင် များကို တရားရုံးမှ အပြစ်ရှိသူဟု အမိန့်မချမှီ တရားခံ အစစ်သဖွယ် ရေးသားဖော်ပြ၍ ပြည်သူလူထုကြားထဲတွင် မှိုင်းတိုက်မှုကြောင့် ပြန့်ပွား လာသော အမုန်းတရား များကို မီးဟုန်းဟုန်း တောက်လောင်စေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်ဖော်ပြပေးခြင်းမျိုးကို အမြဲ တစေ အစဉ်တစိုက် ပြုလုပ်လျက် ရှိသူလည်း ဖြစ်သည်။
လူကြီးမင်းသည် အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ဒုက္ခပေါင်းစုံကို ခံစားလျက်ရှိသော ရိုဟင်ဂျာလူမျိုးများကို ပြည်မမှ ပြည်သူလူထုများ အထင်မှားစေရန်၊ အမုန်းတရားများပွားများလာစေ ရန်
ရည်ရွယ်၍ မကြာခဏ ဆိုသလို မည်သည့်နေရာ တွင်မှမရှိသည့်
ရိုဟင်ဂျာလက်နက်ကိုင်များ ၀င်ရောက်၍ ကျူးကျော်တော့မည့် သယောင်ရေးသား၍
ဝါဒဖြန့်လေ့ရှိသည်။
လူကြီးမင်းသည် နိုင်ငံတကာသို့ ၀ါဒဖြန့်ချီရန်အတွက် ထိုင်းနိုင်ငံမှ နာမည်ကြီး The Nation သတင်းစာနှင့် စာချုပ်ချုပ်ခဲ့ သော်လည်း အမှန်တကယ် ဖြစ်ပျက်နေသော အမှန်တရားများကို The Nation သတင်းစာမှ နေ့စဉ်ရက်ဆက် ရေးသား ဖော်ပြနေသည်ကို ထောက်ရှုခြင်းအားဖြင့် လူကြီးမင်း၏ Eleven Media သည်ပြည်တွင်း၌ ၀ါဒမှိုင်းမိနေသူများအတွက် အသုံးတည့်မည်ဖြစ်ပြီး နိုင်ငံတကာတွင် ၀င်ရောက်ထိုးဖောက်၍ မရနိုင်သည်ကို နားလည်သဘောပေါက်သင့်သည်။
ကျွန်ုပ် NY Kogyi နှင့်ပတ်သက်၍ ပြောလိုသည်မှာ ကျွန်ုပ်၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြထားသည် များမှာ ခိုင်မာတိကျသော အထောက်အထားများကို ကိုးကား၍သာ ရေးသားဖော်ပြခြင်းဖြစ်ပြီး၊
ကျွန်ုပ်ကိုယ်တိုင် ဖြစ်နိုင်ချေ ဟုရေးသား၍ ၀ါဒဖြန့်ထားသည့်
အကြောင်းအရာတစ်ခုမျှ မရှိပေ။ ထို့ကြောင့် ကျွန်ုပ်တင်သော
အကြောင်းအရာများကို အမှန်တရားလက်ခံသည့် Facebook အသုံးပြုသူများအားလုံး
ထပ်ဆင့်မျှဝေနေခြင်းဖြစ်သည် ။
ကျွန်ုပ်သည် သင်္ကန်းဝတ်၍ အကြမ်းဖက်ရန် မှိုင်းတိုက်နေသော ဦးဝီရသူ၏ အမှားများကြောင့် ၎င်းအား ဖမ်းဆီးရန် တောင်းဆို နေခြင်းဖြစ်သည်။ ၎င်းသည် ဘုန်းတော်ကြီးတစ်ဦးအဖြစ် သတ်မှတ်ရန် မလိုတော့လောက်အောင် အမုန်းတရား များဟောကြားနေပြီး၊ အကြမ်းဖက်မှုများ ဖြစ်ပွားစေရန် လှုံ့ဆော်နေသူတစ်ဦးသာဖြစ်သည် ။
သမ္မတဦးသိန်းစိန်မှ ၎င်း၏ အာဏာကြီးထွားလာရန် ကာကွယ်ပေးနေသော်ငြားလည်း
အမှန်တရားကို လက်ခံသည့် ၀ိနည်းနှင့်အညီကျင့်ကြံသော ဘုန်းတော်ကြီးများမှ
အကြမ်းဖက်ရန်လှုံ့ဆော်နေသော သင်္ကန်းဝတ် ဦးဝီရသူအား ရှုတ်ချလျက်ရှိသည်ကို
လူကြီးမင်း၏ Eleven Media မှမမြင်ချင်ယောင်ဆောင်နေ၍သာ မမြင်ခြင်းဖြစ်သည်။
၉၆၉ နှင့်ပတ်သက်၍ ပြောလိုသည်မှာ ၉၆၉ သည် ငြိမ်းချမ်းသော သင်္ကေတဟု ဟစ်ကြွေးလျက်ရှိသော်လည်း ၉၆၉ အမှတ်တံဆိပ်မှာ ပြည်တွင်းရှိ မွတ်စလင် များ၏ စီးပွားရေးကို သပိတ်မှောက်ရန်၊ လူမှုရေး ကူးလူးဆက်ဆံမှုများအား ဟန့်တားရန် အဖြစ်အသုံးပြုနေပြီး၊ မိတ္တီလာမြို့မှစ၍ ဖြစ်ပွားလာသော အကြမ်းဖက်မှုများအားလုံးတွင်
မွတ်စလင်များပိုင်ဆိုင်သည် များကိုအကြမ်းဖက်ပြီးနောက် ၉၆၉
တံဆိပ်ခတ်နှိပ်သောကြောင့် ၎င်းသင်္ကေတသည် အကြမ်းဖက်မှု၏ သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးနေထိုင်ရေး
နိုင်ရေးအတွက် အမုန်းတရားများ ဟောကြား ရေးသားနေသူ သင်္ကန်းဝတ် ဦးဝီရသူအား
ဖမ်းဆီးရန်နှင့် အကြမ်းဖက်မှုများတွင် အောင်မြင်မှု သင်္ကေတအဖြစ် သုံးနေသော ၉၆၉
ကိုပိတ်ပင်ရန်လွန်စွာ အရေးကြီးသည်ဟု ကျွန်ုပ်နှင့် ကျွန်ုပ်၏ နိုင်ငံတကာ
မိတ်ဆွေများမှ သုံးသပ်ပါသည်။ သို့ပါ၍ နိုင်ငံတကာတွင်သာမက ပြည်တွင်းမှာပါ
ဦးဝီရသူကိုဖမ်းဆီးရန်နှင့် ၉၆၉ ကိုပိတ်ပင်ရန်အတွက် လှုပ်ရှားမှုများကို
စတင်ရခြင်းဖြစ်သည်။
ကျွန်ုပ်သည် လူကြီးမင်း၏ Eleven Media မှစွပ်စွဲသကဲ့သို့ ဘာသာရေး အစွန်းရောက်သူ မဟုတ်ဘဲ ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးစွာ နေထိုင်သည့် နိုင်ငံတွင် နိုင်ငံတကာမှ ဘာသာပေါင်းစုံ မိတ်ဆွေများနှင့် ချစ်ကြည်ရင်းနှီးစွာ နေထိုင်နေသူ တစ်ဦးဖြစ်သည်။
လူကြီးမင်းသည် မီဒီယာကျင့်ဝတ်ကို လိုက်နာစောင့်ထိန်းသူ မဟုတ်သောကြောင့်၊ အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ ကျွန်ုပ်အား အစွန်းရောက်စာရင်းထဲသို့ ထည့်သွင်းခြင်းနှင့် ပတ်သက်၍ အံ့အားသင့်ခြင်းမျိုး မဖြစ်ခဲ့သည်မှာ သေချာပါသည်။ မီဒီယာ၏ ကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာ၍ တိုင်းပြည် အေးချမ်း သာယာဝပြောအောင် တဖက်တလမ်းမှ ကူညီဖေးမ ရမည့်အစား တိုင်းပြည်တွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် ရေးသားလှုံ့ဆော်ခြင်းများ အမြဲလိုလို ပြုလုပ်နေခြင်း၏ ဆိုးကျိုးကို လူကြီးမင်း ကိုယ်တိုင် ယနေ့ မခံစားရသေးသော်ငြားလည်း၊ မြန်မာပြည်သူ ပြည်သားများ တည်ငြိမ်ပြီး အမြင်ကျယ်လာမည့်နေ့တွင် လူကြီးမင်းသည် လူအများ၏ အလယ်တွင် ခေါင်းဖော်ဝံ့မည့် အင်အားပင် ရှိမည် မဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။
ကျွန်ုပ် NY Kogyi မှ မဟုတ်မမှန် ၀ါဒဖြန့်သည့် အထောက်အထားမျိုးဖြင့် လူကြီးမင်း အနေဖြင့် စိန်ခေါ်သင့်သည်။ ကျွန်ုပ် ပြုလုပ်နေသည့် ဦးဝီရသူအား ဖမ်းဆီးရေး၊ ၉၆၉ ကိုပိတ်ပင်ရေးဆိုသည်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်း ရန်
ရည်ရွယ်ချက် ဖြင့်သာဖြစ်သည်။ ဦးဝီရသူသည် အစွန်းရောက် လမ်းစဉ်ကြောင့်
ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရ၍ နိုင်ငံတော် သမ္မတ
လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်ကို အမြဲတစေ သတိရနေရန် လိုအပ်ပေသည်။
ဒေါက်တာသန်းထွဋ်အောင်အား အကြံပေးလိုသည်မှာ မြန်မာနိုင်ငံတိုးတက်ရေးအတွ က် မီဒီယာ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးပါလှသည်။ လူကြီးမင်း၏ အစွန်းရောက်၊ ကျင့်ဝတ်မစောင့်ထိန်းသည့်လမ်းစဉ်ကို
စွန့်လွှတ်၍ နိုင်ငံသူ၊ နိုင်ငံသားများ အမှန်တကယ် အကျိုးရှိစေမည့်
မီဒီယာတစ်ခုအဖြစ် ရပ်တည်နိုင်ရန် ကြိုးစားပါဟု တိုက်တွန်းရင်း နိဂုံးချုပ်
ပါသည်။
ခင်မင်စွာဖြင့်
Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်သို့ -
လူကြီးမင်း ကြီးကြပ်၍ ထုတ်ဝေဖြန့်ချီသော Eleven Media Group ၏ Daily Eleven သတင်းစာ မြန်မာပိုင်းနှင့် Online English သတင်းများတွင် ကျွန်ုပ်၏ Facebook Account “NY Kogyi” အား ဘာသာရေး အစွန်းရောက်များ စာရင်းတွင် ထည့်သွင်း ရေးသားခဲ့ခြင်းနှင့် ပတ်သက်၍ လူကြီးမင်း သိစေရန် တုန့်ပြန်ရေးသားလိုက်ပါသည်။
လူကြီးမင်း၏ Eleven Media သည် မြန်မာနိုင်ငံတွင် စာဖတ်ပရိသတ်အများစု ရရှိထားသော်ငြားလည်း ဘာသာရေး အဓိကရုဏ်းများ ပိုမိုကြီးထွားစေရန် လှုံ့ဆော်ပေးသည့် မီဒီယာအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားနေသည်ကို ပြည်တွင်း စာဖတ်ပရိသတ်များသာမက နိုင်ငံတကာ စာနယ်ဇင်းသမားများပါမကျန် သိနေကြသည်။ လူကြီးမင်း၏ အင်္ဂလိပ်ပိုင်းတွင် မဟုတ်မမှန်သည့် သတင်းများလွှင့်တင်ပြီး နိုင်ငံတကာ စာနယ်ဇင်းသမားများ၏ ရှုတ်ချမှုကြောင့် တင်ထားသည့်သတင်း များကို မကြာခဏ Unpublished လုပ်လေ့ရှိသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။ လူကြီးမင်း ပြန်လည် ဖြုတ်ချသည့် သတင်းများကို Google Cache မှရယူ၍ Screen Shot ရိုက်ထားသည်များ ကျွန်ုပ် လက်ဝယ်တွင် ရှိသည်။
လူကြီးမင်းသည် အထူးသဖြင့် အကြမ်းဖက်မှု များတွင် မတရား သဖြင့် ဖမ်းဆီးခံရသော မွတ်စလင် များကို တရားရုံးမှ အပြစ်ရှိသူဟု အမိန့်မချမှီ တရားခံ အစစ်သဖွယ် ရေးသားဖော်ပြ၍ ပြည်သူလူထုကြားထဲတွင် မှိုင်းတိုက်မှုကြောင့် ပြန့်ပွား လာသော အမုန်းတရား များကို မီးဟုန်းဟုန်း တောက်လောင်စေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်ဖော်ပြပေးခြင်းမျို
လူကြီးမင်းသည် အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ဒုက္ခပေါင်းစုံကို ခံစားလျက်ရှိသော ရိုဟင်ဂျာလူမျိုးများကို ပြည်မမှ ပြည်သူလူထုများ အထင်မှားစေရန်၊ အမုန်းတရားများပွားများလာစေ
လူကြီးမင်းသည် နိုင်ငံတကာသို့ ၀ါဒဖြန့်ချီရန်အတွက် ထိုင်းနိုင်ငံမှ နာမည်ကြီး The Nation သတင်းစာနှင့် စာချုပ်ချုပ်ခဲ့ သော်လည်း အမှန်တကယ် ဖြစ်ပျက်နေသော အမှန်တရားများကို The Nation သတင်းစာမှ နေ့စဉ်ရက်ဆက် ရေးသား ဖော်ပြနေသည်ကို ထောက်ရှုခြင်းအားဖြင့် လူကြီးမင်း၏ Eleven Media သည်ပြည်တွင်း၌ ၀ါဒမှိုင်းမိနေသူများအတွက် အသုံးတည့်မည်ဖြစ်ပြီး နိုင်ငံတကာတွင် ၀င်ရောက်ထိုးဖောက်၍ မရနိုင်သည်ကို နားလည်သဘောပေါက်သင့်သည်။
ကျွန်ုပ် NY Kogyi နှင့်ပတ်သက်၍ ပြောလိုသည်မှာ ကျွန်ုပ်၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြထားသည် များမှာ ခိုင်မာတိကျသော အထောက်အထားများကို ကိုးကား၍သာ ရေးသားဖော်ပြခြင်းဖြစ်ပြီး၊
ကျွန်ုပ်သည် သင်္ကန်းဝတ်၍ အကြမ်းဖက်ရန် မှိုင်းတိုက်နေသော ဦးဝီရသူ၏ အမှားများကြောင့် ၎င်းအား ဖမ်းဆီးရန် တောင်းဆို နေခြင်းဖြစ်သည်။ ၎င်းသည် ဘုန်းတော်ကြီးတစ်ဦးအဖြစ် သတ်မှတ်ရန် မလိုတော့လောက်အောင် အမုန်းတရား များဟောကြားနေပြီး၊ အကြမ်းဖက်မှုများ ဖြစ်ပွားစေရန် လှုံ့ဆော်နေသူတစ်ဦးသာဖြစ်သည်
၉၆၉ နှင့်ပတ်သက်၍ ပြောလိုသည်မှာ ၉၆၉ သည် ငြိမ်းချမ်းသော သင်္ကေတဟု ဟစ်ကြွေးလျက်ရှိသော်လည်း ၉၆၉ အမှတ်တံဆိပ်မှာ ပြည်တွင်းရှိ မွတ်စလင် များ၏ စီးပွားရေးကို သပိတ်မှောက်ရန်၊ လူမှုရေး ကူးလူးဆက်ဆံမှုများအား ဟန့်တားရန် အဖြစ်အသုံးပြုနေပြီး၊ မိတ္တီလာမြို့မှစ၍ ဖြစ်ပွားလာသော အကြမ်းဖက်မှုများအားလုံးတွင်
ထို့ကြောင့် မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံချစ်ကြည်ရင်းန
ကျွန်ုပ်သည် လူကြီးမင်း၏ Eleven Media မှစွပ်စွဲသကဲ့သို့ ဘာသာရေး အစွန်းရောက်သူ မဟုတ်ဘဲ ဘာသာပေါင်းစုံချစ်ကြည်ရင်းန
လူကြီးမင်းသည် မီဒီယာကျင့်ဝတ်ကို လိုက်နာစောင့်ထိန်းသူ မဟုတ်သောကြောင့်၊ အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ ကျွန်ုပ်အား အစွန်းရောက်စာရင်းထဲသို့ ထည့်သွင်းခြင်းနှင့် ပတ်သက်၍ အံ့အားသင့်ခြင်းမျိုး မဖြစ်ခဲ့သည်မှာ သေချာပါသည်။ မီဒီယာ၏ ကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာ၍ တိုင်းပြည် အေးချမ်း သာယာဝပြောအောင် တဖက်တလမ်းမှ ကူညီဖေးမ ရမည့်အစား တိုင်းပြည်တွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် ရေးသားလှုံ့ဆော်ခြင်းများ အမြဲလိုလို ပြုလုပ်နေခြင်း၏ ဆိုးကျိုးကို လူကြီးမင်း ကိုယ်တိုင် ယနေ့ မခံစားရသေးသော်ငြားလည်း၊ မြန်မာပြည်သူ ပြည်သားများ တည်ငြိမ်ပြီး အမြင်ကျယ်လာမည့်နေ့တွင် လူကြီးမင်းသည် လူအများ၏ အလယ်တွင် ခေါင်းဖော်ဝံ့မည့် အင်အားပင် ရှိမည် မဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။
ကျွန်ုပ် NY Kogyi မှ မဟုတ်မမှန် ၀ါဒဖြန့်သည့် အထောက်အထားမျိုးဖြင့် လူကြီးမင်း အနေဖြင့် စိန်ခေါ်သင့်သည်။ ကျွန်ုပ် ပြုလုပ်နေသည့် ဦးဝီရသူအား ဖမ်းဆီးရေး၊ ၉၆၉ ကိုပိတ်ပင်ရေးဆိုသည်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်း
ဒေါက်တာသန်းထွဋ်အောင်အား အကြံပေးလိုသည်မှာ မြန်မာနိုင်ငံတိုးတက်ရေးအတွ
ခင်မင်စွာဖြင့်
No comments:
Post a Comment