Thursday, June 6, 2013

မက်စ်မြန်မာ ဦးဇော်ဇော် ( သို့ မဟုတ်) ပြောင်းလဲလာသောပုံရိပ်လွှာတခု

Myanmar Muslim Net

မက်စ်မြန်မာ ဦးဇော်ဇော် ( သို့ မဟုတ်) ပြောင်းလဲလာသောပုံရိပ်လွှာတခု

ထားထားမြင့်(7 days သတင်းစာတွင်ဖော်ပြခဲ့သော ဘာသာပြန်ဆောင်းပါး)


မြန်မာနိုင်ငံမှာအချမ်းသာဆုံးနှင့် အအောင်မြင်ဆုံးလုပ်ငန်းရှင်ဟု လူသိများသောဦးဇော်ဇော်က ရန်ကုန်မင်္ဂလာဒုံလေဆိပ်ဘေးနားက ဆောက်လုပ်စသူ၏ ဟိုတယ်လုပ်ငန်းခွင်မှာအချိနိမတော် လမ်းလျှောက်အချိန်ဖြုန်းရခြင်းကို နှစ်ခြိုက်သဘောကျလေ့ရှိပါသည်။

အခန်း ၃၆၀ပါသော နိုဗိုတယ်လ်ဟိုတယ်သည် ကစားစရာဘောလုံးတလုံးကို ၀ယ်ယူနိုင်ဖို့ ပင်ဆင်းရဲခဲ့သည့် လူတယောက်အဖြစ်မှ ကမ္ဘာပေါ်တွင်ဖိနှိပ်မှုအဆိုးဆုံး အထီးကျန်ဆုံးနိုင်ငံတခုတွင် စစ်အစိုးရအုပ်ချုပ်သူများနှင့်ပူးပေါင်းကာ ယခုကဲ့ သို အင်ပါယာတခုထူထောင်နိုင်ခဲ့ သော လူတယောက်အဖြစ် ပြောင်းလဲလာသည့်အဖြစ်အပျက်ကို ပြောပြနေသကဲ့ သို့ ရှိနေ၏
မြန်မာနိုင်ငံကပြုပြင်ပြောင်းလဲပွင့်လင်းလာသကဲ့ သို့ ဦးဇော်ဇော်ကလည်းအတိတ်ကို အလျှင်အမြန်ထားခဲ့ ပြီး အလားအလာကောင်းသောနိုင်ငံတကာ ယဉ်ကျေးမှုနှင့်အလိုက်သင့်ဖြစ်သော အနာဂတ်ကိုရယူဖို့ ကြိုးပမ်းနေပါပြီ။ သူကား ရှံးနိမ့်မည်မဟုတ်ပါ။

“ ကျနော်က လူအားလုံးနဲ့ ခင်ပါတယ်ဗျာ” ဦးဇော်ဇော်က အားရပါးရပြုံးပြီးပြောလိုက်သည်။
မြန်မာနိုင်ငံက လုပ်ရိုးလုပ်စဉ်ဟောင်းများအတိုင်း စစ်အစိုးရအကြီးအကဲများနှင့်ပူးပေါင်းပြီး အခွင့်အရေးရ ချမ်းသာလာခဲ့သူ အသက် ၄၅နှစ်အရွယ်ရှိစီးပွားရေး လုပ်ငန်းရှင်ဦးဇော်ဇော်က သူ၏စီးပွားရေးလုပ်ငန်းများကို ပုံစံသစ်ဖြင့်ပြောင်းလဲနိုင်စွမ်းကို ပြသခဲ့ ပါသည်။ ရာစုနှစ်တ၀က်ခန့် စစ်အုပ်ချုပ်ရေးကနေ မြန်မာနိုင်ငံက ရုန်းထွက်ရန်ကြိုးစားနေချိန်မှာ ဦးဇော်ဇော်၏ မက်စ်မြန်မာအုပ်စုကလည်း ၀င်ငွေနှစ်ဆတက်လာခဲ့ ပါသည်။ ဦးဇော်ဇော်မည်သည်အခါကမျှ လူသိရှင်ကြားမကျေညာခဲ့သောအချက်အလက်များအရ သိရခြင်းဖြစ်ပါသည်။

ယခုကဲ့ သို့ ပြောင်းလဲမှုရေစီးနှင့် သူအလိုက်သင့်မျောပါနိုင်ခြင်းကမြန်မာနိုင်ငံဈေးကွက်ပွင့်လင်းလာပြီးဒီမိုကရေစီစနစ်ကျင့်သုံးလာသည့်တိုင် ယခင်စီးပွားရေးစနစ်ပုံစံများသည် ကျရှုံးမသွားသေးဘူးဆိုသည်ကို ပြသနေသည်။ စစ်အစိုးခေါင်းဆောင်များက ယူနီဖောင်းချွတ်ပြီးအရပ်သားဝတ်လဲလိုက်သကဲ့သို့ တဒါဇင်ခန့်ရှိသော တိုင်းပြည်တွင်းကစီးပွားရေးထိပ်သီးများကလည်း ခရိုနီဆိုသည့် နာမည်ဆိုးကိုပယ်ဖျက်ပြီး စွန့် ဦးတီထွင်လုပ်ငန်းရှင်တွေအဖြစ်ပြောင်းလဲကြရန် ကြိုးစားနေကြသည်။


မြန်မာနိုင်ငံက စီးပွားရေးသမားများတွင် ဦးဇော်ဇော်ကနာမည်ပျက်အနည်းဆုံး ဖြစ်ပါသည်။သူကဲ့သို့ ကမ္ဘာစီးပွားရေးဈေးကွက်နှင့် ပူးပေါင်းဖို့ ကြိုးပမ်းနေသော သက်တူရွယ်တူလုပ်ငန်းရှင်သဌေးများထက်စာလျှင် သူက လူသိပိုများသူဖြစ်ပါသည်။ ဦးဇော်ဇော်အနေဖြင့် အမေရိကကစီးပွားရေးပိတ်ဆို့ မှူခံထားရသူများစာရင်းတွေရှိနေဆဲဖြစ်သော်လည်း မက်စ်မြန်မာအုပ်စုမှာ ဟိုတယ်၊ဘဏ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ၀န်ထမ်းပေါင်း တသောင်းတထောင်ကျော်ဖြင့်  မြန်မာနိုင်ငံတွင် အအောင်မြင်ဆုံးစီးပွားရေးလုပ်ငန်းကြီးဖြစ်ပါသည်။
ပြင်သစ်နိုင်ငံမှ Accorအုပ်စုက ရန်ကုန်ရှိနိုဗိုတယ်ဟိုတယ်နှင့် နေပြည်တော်ရှိအမ်ဂယ်လရီဟိုတယ်ကို စီမံခန့် ခွဲရန် လုပ်ပိုင်ခွင့်ရထားပါသည်။

ထိုင်းဘိလပ်မြေကုမ္ပဏီတခုနှင့်ဖက်စပ်လုပ်ကိုင်ရန်စီစဉ်နေပြီး ဧရာဝတီဘဏ်ကိုလည်းနိုင်ငံခြားနှင့် ပူးပေါင်းလုပ်ကိုင်ရန်ကြိုးစားနေသည်ဟု ဦးဇော်ဇော်ကဆိုသည်။
သူကစင်ကာပူနိုင်ငံစတော့အိတ်ချိန်းတွင်သူ၏ စွမ်းအင်လုပ်ငန်းကို စာရင်းဝင်ရန် ကြိုးစားအားထုတ်ခဲ့သော်လည်း အမေရိကန်စီးပွားရေးပိတ်ဆို့ မှုစာရင်းဝင်ဖြစ်သည့်အတွက် ပယိဖျက်ခြငိးခံခဲ့ ရသည်။ စစ်အစိုးရခေါင်းဆောင်ဟောင်းများနှင့် ရင်းရင်းနှီးနီးရှိခဲ့ ခြင်းကို ဦးဇော်ဇော်က၀န်ခံခဲ့ပြီး သူ့ မှာတခြားနည်းလမ်းမရှိခဲ့ ဘူးဟု ပြန်လည်ချေပခဲ့ ပါသည်။
”အစိုးရမှာဘဲ ဒီစီမံကိန်းတွေရှိတာလေဗျာ ။သူတို့ နဲ့ မလုပ်ရင် ကျနော်က ဘယ်သူနဲ့ လုပ်ရမှာလဲ ။ ဆင်းရဲတဲ့ တိုင်းပြည်မှာတော့ ကျနော်ကချမ်းသာတာပေါ့ဗျာ”

ဦးဇော်ဇော်က ချမ်းချမ်းသာသာမွေးဖွားလာသူတယောက်မဟုတ်ပါ။ဧရာဝတီမြစ်ဝကျွန်းပေါ် ရေကြည်မြို့ က အခန်းနှစ်ခန်းသာရှိပျဉ်ထောင်အိမ်တလုံးမှာကြီးပြင်းခဲ့ ပြီး မောင်နှမခြောက်ယောက်တွင်အငယ်ဆုံးသားဖြစ်ပါသည်။ ဖခင်ဖြစ်သူက အစိုးရ၀န်ထမ်းဖြစ်ပြီး မိခင်က အိမ်ဆိုင်ကလေးဖွင့်ကာရောင်းချသူဖြစ်သည်။
၁၉၈၈ အရေးအခင်းကာလကျောင်းသားအုံကြွမှုများဖြစ်ချိန်တွင် သူက ရန်ကုန်တက္ကသိုလ်မှာ နောက်ဆုံးနှစ်ပညာသင်ကြားနေဆဲဖြစ်ပြီး သူလည်းဝင်ရောက်လှုပ်ရှားခဲ့ သည်။အစိုးရက ကျောင်းသားခေါင်းဆောင်တွေကိုဖမ်းဆီးချိနိတွင် ဇော်ဇော်မှာ တောရွာမှာ လေးလလောက်ပုန်းနေခဲ့ ရသည်။ ထို့ နောက်အကိုတ၀မ်းကွဲတဦး၏ အကူအညီဖြင့် သင်္ဘောသားအလုပ်ရှာရင် စကာင်္ပူသို့ ထွက်လာခဲ့သည်။ထိုအချိန်က သူ့ အိတ်ထဲမှာငွေအမေရိကန်ဒေါ်လာ ရှစ်ဆယ်သာပါသည်ဟုဆိုသည်။
မြန်မာနိုင်ငံတနိုင်ငံလုံးစစ်အစိုးရလက်အောက်တွင် ကမ္ဘာကြီးနှင့်အဆက်ပြတ်နေချိနိမှာ ဇော်ဇော်က သဘောင်္ပေါ်မှာတလကို အမေရိကန်ဒေါ်လာ ၂၀၀သာရသော အလုပ်ကြမ်းသမားဖြင့် ကမ္ဘာကြီးကို လေ့လာခွင့်ရခဲ့သည်။ သူက သြစတေးလျ၊ ဟောင်ကောင်၊အီရန်၊ထိုင်ဝမ်၊ ဂျပန်နှင့်အာဖရိကနိုင်ငံများကိုရောက်ခဲ့ သည်။ အင်္ဂလိပ်စာကို လေ့လာသင်ယူသည်။ တခြားနိုင်ငံများကတိုးတက်ဖွံဖြိုးမှုများကို မြင်ရပြီး မိမိတိုင်းပြည်၏ ဆင်းရဲနွမ်းပါးမှုနှင့် ဖိနှိပ်မှူများအပေါ်ရှက်စိတ်တွေဝင်လာခဲ့ သည် ။ အမေရိကန်ဒေါ်လာ (၈၀၀၀)ခန့် စုဆောင်းပြီးနောက် ဘန်ကောက်ကို ဦးတည်လာခဲ့သည်။ ဘန်ကောက်က ညကလပ်များမှာသူငယ်ချင်းနှင့် ပျော်ပါးသောက်စားခဲ့ ပြီးနောက် လက်ကျန်ငွေ ၆၅၀ဖြင့် လေယာဉ်လတ်မှတ်ဝယ်ယူကာ ၈ျပန်နိုင်ငံသို့ ထွက်လာခဲ့သည်။ တိုကျိုတွင် ထမင်းချက်၊ပန်းကန်ဆေး၊ စားပွဲထိုးအလုပ်သုံးမျိုးလုပ်ခဲ့ ကာ ဂျပန်စကားကိုသင်ယူခဲ့၏ ထို့ နောက်စီးပွားရေးလောကကိုဝင်ရောက်မည်ဟုဆုံးဖြတ်ချက်ချပြီး လမ်းညွန်စာအုပ်ကိုလှန်ကာ ကားဟောင်းရောင်းချသူများနှင့် ဆက်သွယ်သည်။ Max အမည်ရှိ ကားကုမ္ပဏီပိုင်ရှင်နှင့်ရင်းနှီးခဲ့ပြီး နစ်ဆန်းကားနှစ်စီးဝယ်ယူကာ မိတ်ဆွေများထံပြန်လည်ရောင်းချခဲ့သည်။
ထိုအရာကား မက်စ်မြန်မာအုပ်စု စတင်ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။ ဇော်ဇော်က ကားအဟောင်းများကို မြန်မာနှင့် တခြားဆင်းရဲသောနိုင်ငံများကိုတင်ပို့ ခဲ့သည်။ နိုင်ငံခြားမှနေထိုင်သူများကားတစင်းတင်သွင်းခွင့်ရှိသည် မြန်မာဥပဒေကို အခွင့်ကောင်းယူပြီး မှောင်ခိုဈေးကွက်တွင် ကားလိုင်စင်များကို ဒေါ်လာ ၅၀၀ခန့်ပေးပြီးဇော်ဇော်က၀ယ်ယူခဲ့သည်။

ထိုအချိန်တွင်သူ့ ဇနီးဖြစ်လာမည့် ဂျပန်
နိုင်ငံတွင်အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီးတဦးနှင့်ပါ ဖူးစာဆုံခဲ့သည်ဟု ဦးဇော်ဇော်က ပြောကြားသည်
“သူက ကျနော့် ဆီက ကားဝယ်တဲ့ သူပါ ။နောက်ဆုံးတော့ ကျနော့် ကိုပါဝယ်လိုက်တာပေါ့ဗျာ”
၁၉၉၅ခုနှစ်တွင် သူတို့ မောင်နှံက လက်ထပ်ရန် မြန်မာပြည်သို့ ပြန်လာခဲ့ကြသည်။ ဇော်ဇော်က ကားများတင်သွင်းနေသလို ပိုအမြတ်အစွန်းရှိသည့်  ဆောက်လုပ်ရေးပစ္စည်းများကိုလည်း တင်သွင်းခဲ့သည်။ထိုမှတဆင့် ဆောက်လုပ်ရေးလုပ်ငန်းလောကထဲသို့ ဝင်ရောက်လာခဲ့ပြီး ကန်ထရိုက်အသေးစားမှတဆင့် သူကိုယ်တိုင်အစိုးရ၏ ဆောက်လုပ်ရေးများတွင် ကန်ထရိုက်ရယူလုပ်ကိုင်နိုင်လာခဲ့သည်။ စစ်အစိုးရ အုပ်ချုပ်သူများနှင့် ဆက်ဆံရေးကောင်းလာခဲ့ သလို သူ၏ စီးပွားရေးလုပ်ငန်းများကလည်းပိုအောင်မြင်လာသည်။


၂၀၀၅ခုနှစ်တွင် ဦးဇော်ဇော်က ဆောက်လုပ်ရေးကုမ္ပဏီကိုတည်ထောင်ပြီး နေပြည်တော်အတွက် လမ်းများဆောက်လုပ်ခဲ့သည်။ ငါးလအကြာတွင်ဟိုတယ်ကုမ္ပဏီကိုတည်ထောင်ပြီး ဟိုတယ်များဆောက်လုပ်ခဲ့ သည်။ ၂၀၀၇ခုနှစ်တွင်မှု အစိုးရနှင့်ပူးပေါင်းပြီး ကျောက်စိမ်းတွင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ သည်။ ၂၀၁၀ခုနှစ် မြန်မာစစ်အစိုးရက အရပ်သားအစိုးရသို့  အာဏာမလွှဲပေးခင် အစိုးရလုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်ခဲ့ ရာဦးဇော်ဇော်မှ ဓာတ်ဆီဆိုင် ၁၂ဆိုင်၊ နိုဗိုတယ်ဟိုတယ်နှင့် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်တို့ ရရှိခဲ့သည်။ ထိုအနေအထားက ဦးဇော်ဇော်ကို မြန်မာစီးပွားရေးပွင့်လင်းလာမှုအပေါ် ငွေအရင်းနှီးနှီးများများနှင့် လုပ်ကိုင်ရန် အကောင်းဆုံးအနေအထားကို ဖန်တီးပေးလိုက်သလို ဖြစ်စေသည်။

ယနေ့ အချိန်တွင် မက်စ်မြန်မာအုပ်စုရုံးချုပ်မှာရန်ကုန်မြို့ လယ်တွင်တည်ရှိပြီး အကောင်းဆုံးသစ်များဖြင့်တန်ဆာဆင်ထားသည်။ ဦးဇော်ဇော်က ငွေကွပ်ထားသော ကုလားထိုင်အနီရောင်ကြီးပေါ်ကနေ ဧည့်သည်များကို ကြိုဆိုလျှက်ရှိနေပြီ။ သူ့ မှာလက်ထောက်အခြွေအရံများဝိုင်းနေပြီး တချို့ က အင်္ဂလိပ်စကားကောင်းကောင်းမွန်မွန်ပြောတတ်ပြီး မွန်မွန်ရည်ရည်ရှိသော လူငယ်များဖြစ်ကြပါသည်။ သူတို့ မှာနိုင်ငံခြားရှိအောင်မြင်သော အလုပ်အကိုင်များကိုထားခဲ့ပြီး ဦးဇော်ဇော်ထံမှာ အလုပ်လုပ်ဖို့ လာရောက်ကြခြင်းဖြစ်သည်။
သူက ပြည်တွင်းအဆင့်နှင့် ကျေနပ်မနေချင်ဘဲ နိုင်ငံတကာသို့ ဝင်တိုးလိုသည်ဟု ဦးဇော်ဇော်ကဆိုပါသည်။

“ မြန်မာမှာတော့ ကမ္ဘာဈေးကွက်ကိုရောက်နိုင်တဲ့ ပစ္စည်း တခုမှမရှိသေးပါဘူး ။ဒေသအဆင့်တောင်မရောက်သေးပါဘူး” ထိုအခြေအနေက ဦးဇော်ဇော်ကို စနစ်ဟောင်းများကို ချိုးဖောက်တွန်းလှန်ရန် တွန်းအားပေးနေသည်။ ယခင်အစိုးရက မနှစ်မြို့ သည့် နိုင်ငံရေးအတိုက်အခံများနှင့် အနောက်တိုင်းသံတမန်များကို သူက ရင်းရင်းနှီးနှီးဆက်ဆံသည်။ သူ့ လုပ်ငန်းများကို လူသိရှင်ကြားဖွင့်ချဖို့ သဘောတူခဲ့ကာပထမစင်ကာပူ စတော့အိတ်ချိနိးမှ စစ်ဆေးသူ ၄၈ ယောက်ရှေ့ မှ အစစ်ခံခဲ့ပြီး ယခုမှအေပီသတင်းဌာနကို မေးမြန်းခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံက အခွန်အရာရှိများထံ ပေးပို့ခဲ့သည့် မက်စ်မြန်မာအုပ်စု၏၀င်ငွေမှာ ဦးဇော်ဇော်က သူ့ အင်ပါယာကို မောင်းနှင်နေသည့် လမ်းကြောင်းကို ပြသကဲ့သို့ သူ၏ မိတ်ဆွေဟောင်းများဖြစ်သညိ့  မြန်မာစစ်ဗိုလိချုပ်များထံက ရရှိခဲ့သည့်အကျိုးအမြတ်များဖြစ်ထွန်းလာခြင်းကို ပြသခြင်းလည်းဖြစ်၏
မက်စ်မြန်မာ၏ ၀င်ငွေမှာ၂၀၁၂ခုနှစ်မတ်လမှာ အမေရိကန်ဒေါ်လာ သန်း၂၄၀ရှိခဲပြီး ယခင်နှစ်က၀င်ငွေ ဒေါ်လာ သန်း၁၈၀ကနေ မြင့်တက်လာခြင်းဖြစ်သည်။ ထိုမှတဆင့်ဆောက်လုပ်ရေးလုပ်ငန်းများမှာ အမြတ်အစွန်းများကြောင့် လာမည့် စက်တင်ဘာတွင်ဒေါ်လာ ၂၉၃သန်းအထိမြင့်တက်လာမည်ဟု ခန့်မှန်းထားပါသည်။ လွန်ခဲ့သည့်တနှစ်က ဦးဇော်ဇော်ရရှိခဲ့သည် ဘဏ်လုပ်ငန်းကလည်း ဦးဇော်ဇော်စီးပွားရေးအင်ပါယာတွင် အတိုးတက်ဆုံး လုပ်ငန်းတခုဖြစ်ပါသည်။ ၂၀၁၀ခုနှစ်ဇူလိုင်လတွင် သူနှင့်အတူအခြားစီးပွားရေးလုပ်ငန်းသမား သုံးဦးကို အစိုးရကအစည်းအဝေးခေါ်ပြီး ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ဦးဇော်ဇော်က ဘဏ်လုပ်ငန်းနှင့်ပတ်သတ်ပြီး အတွေ့ အကြုံရှိခဲ့သူမဟုတ်ပါ။

“ ကျနော့် ကိုယုံကြည်လို့ နေမှာပေါ့ ။ဘာလို့ ကျနော်ကို လုပ်ကိုင်ခွင့်ပေးခဲ့လဲဆိုတာ ကျနော်တကယ်မသိတာပါ”မက်စ်မြန်မာအုပ်စု၏စီးပွားရေးလုပ်ငန်းများမှာ အစိုးရခရိုနီများ ပတ်သတ်နေသည့် လုပ်ငန်းနေရာများနှင့် သီးခြားစီဖြစ်နေသည်။ သူ၏ကျောက်စိမ်းတွင်းမှာ နှစ်တ၀က်မှာပင်အရင်နှစ်ကထက် ဒေါ်လာတသန်းပိုမြတ်နေပြီ။ သူ၏ဆောက်လုပ်ရေးလုပ်ငန်းများကလည်း ကုမ္ပဏီ၏ ၀င်ငွေ ၉၀ရာခိုင်နှုန်းကို ရှာပေးနိုင်သည်။ကားတင်သွင်းမှုကိုတော့ ၂၀၁၀ခုနှစ်မှာဦးဇော်ဇော်ကရပ်နားခဲ့သည်။

မြန်မာအတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုမှု သူက ကာလကြာရှည်စွာကြည်ညိုရင်းစွဲရှိခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ခဲံသည့် ၂၀၁၀ခုနှစ်နိုဝင်ဘာလမှစတင်ပြီး ရင်းနှီးမှူရရန်ကြိုးပမ်းခဲ့သည်ဟု ဦးဇော်ဇော်က ဆိုပါသည်။ဒေါ်အောင်ဆန်းစုကြည်က ဦးဇော်ဇော်ကဲ့ သို့ စစ်အစိုးရနှင့်ရင်းနှိးသည့် လုပ်ငန်းရှင်တဦးနှင့် ဆက်ဆံခဲ့သည့်အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ကို လူတချို့ ကအပြစ်တင်ခဲ့ ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကသတင်းစာဆရာကြီးဦးဝင်းတင်က
“ကျနော်အမြင်ကတော့ဒီလူတွေလုပ်နေတာ ကောင်းရောင်းကောင်းဝယ်မှမဟုတ်ဘဲ။ စီးပွားရေးကိုလက်ဝါးကြီးအုပ်နေတာ ။ကျနော်တို့ တော့ဒီလူတွေကို ခွင့်မလွှတ်နိုင်ဘူး”ဟု
ဦးဇေိာဇော်အပါအ၀င်အစိုးရနှင့်ရင်းနှီးသည့်စီးပွားရေးသမားများအပေါ်သူ့ အမြင်ကိုပြောကြားခဲ့ သည်။ သို့ သော်လည်း ဦးဇော်ဇော်သည် ပိုင်ဆိုင်မှုအငြင်းပွားနေသည့်လယ်မြေများကို အများပြည်သူတို့ ပြန်လည်ပေးအပ်ခဲ့သည့်အပြင် လူမူရေးလုပ်ငန်းများအတွက် ၁၉၉၃ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၂.၃သန်းနီးပါးလှူဒန်းခဲ့သည်ဟု ဦးဝင်းတင်ကဆိုသည်။
“ကျနော်သိသမျှတော့ ခရိုနီတွေထဲမှာ ဦးဇော်ဇော်က အကောင်းဆုံးပါ”

နိုင်ငံရေးပြောင်းလဲမှုများကို ပံပိုးကူညီနေသော်လည်း ဦးဇော်ဇော်ကား အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့ မှုစာရင်းတွင်ရှိနေဆဲပါ။ ထိုအချက်က သူ့ ကိုနိုင်ငံခြားတွင်ရင်းနှီးမြုပ်နှံမှုလုပ်ရန် ခက်ခဲစေသည်။ ၀ီကီလိခ်မှ ထုတ်ပြန်သော အမေရိကန်သံရုံးမှမှတိတမ်းများတွင် ဦးဇော်ဇော်ကို စစ်အစိုးရနှုင့် အကျိုးတူစီးပွားရေးပူးပေါင်းလုပ်ကိုင်နေသော စီးပွားရေးသမားတဦးအဖြစ် ပြောကြားထားကြသည်
အမေရိကန်အစိုးရ၏ အမည်ပျက်စာရင်းက ပြန်လည်ပြင်ဆင်ခွင့်မရှိပါ။ ယခုအချိန်မှာ ကောင်းတာများမည်မျှလုပ်စေကာမှု အတိက်ကလုပ်ရပ်မှားများကို သိမ်းဆည်းမှတိတမ်းတင်ထားစမြဲဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနမှ အမည်မဖော်လိုသောဝန်ထမ်းတဦးကပြောကြားသည်။

စင်ကာပူစတော့အိတ်ချိန်းမှ ဦးဇော်ဇော်ကို လက်မခံရသည့် အဓိကအကြောင်းရင်းမှာ အမေရိကန်ကစီးပွားရေးပိတ်ဆို့ မှုစာရင်းတွင်ပါဝင်မှုနှင့် အဘယ်ကြောင့် ထိုနေရာကိုရောက်နေရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသည့်အတွက်ဟု ဦးဇော်ဇော်နှင့်တွဲလုပ်ခဲ့ဘူးသည့် စင်ကာပူကုမ္ပဏီကဆိုပါသည်။ ထို့ အပြင် လူအခွင့်အရေးချိုးဖောက်မှုများနှင့် အခွန်ရှောင်ရှားသည့် စွပ်စွဲချက်များလည်းရှိနေသည်ဟုဆိုသည်။
ဦးဇော်ဇော်ကမှု သူ့ အနေနှင့် မည်သည့်အမှားအယွင်းမှလုပ်မထားကြောင်းနှင့်အမေရိကန်၏ ပိတ်ဆို့ မှုစာရင်းထဲရောက်နေရသည်မှာလည်း အချက်အလက်အမှားများကြောင့်ဟုဆိုပါသည်။
“တကယ်လို့ လူတယောက်ကမဟုတ်တာလုပ်ထားရင်။ သူတို့ အပြစ်ဒဏ်သူတို ခံရမှာဘဲ။ ကောလဟလတွေတော့လျှောက်မပြောနဲ့ ပေါ့”
ဦးဇော်ဇော်နှင့် နိုဗိုတယ်လ်ဟိုတယ်ကိုလုပ်နေသော ပြင်သစ်Accor အုပ်စုမှ ဒေသဆိုင်ရာဒုဥက္ကဌ ပက်ထရင်ဘက်ဆစ်က ဦးဇော်ဇော်နှင့်အလုပ်တွဲလုပ်ရသည်မှာအဆင်ပြေပြီး သူတို့ အနေဖြငိ့ ဦးဇော်ဇော်နှင့်ပူးပေါင်းအလုပ်လုပ်ရသည်ကို အပြုသဘောအပြောင်းအလဲများကို တစိတ်တပိုင်းတွန်းအားပေးခြင်းဟုထင်မြင်မိသည်ဟု ဆိုပါသည်။

ယခုအချိန်တွင် သူ၏စီးပွားရေးလုပ်ငန်းများ အောင်မြင်နေသကဲ့ သို့ အမေရိကန်၏ စီးပွားရေးပိတ်ဆို့ မှုကလည်း ဦးဇော်ဇော်ကိုအထိနာလှပါသည်။သူ့ အဖို့ က ဂုဏ်သိက္ခာကား သူပိုင်ဆိုင်နေသောငွေကြေးထက်တန်ဖိုးရှိနေသည်မဟုတ်ပါလား။။။။။။

အေပီသတင်းဌာနမှ အခန်းလိုက်တင်ဆက်နေသော ပြောင်းလဲမှု၏ ရုပ်ပုံလွှာများမှ How a Myanmar Tycoon Is Profiting From Change ဆောင်းပါးကို ထားထားမြင့်မှဘာသာပြန်ဆိုပါသည်။

အထက်ပါဆောင်းပါးကို Burma-Newselite ဖဘ စာမျက်နှာမှ ထပ်ဆင့်ကူးယူဖေါ်ပြပါသည်။
Myanmar Muslim Net
ထားထားမြင့်(7 days သတင်းစာတွင်ဖော်ပြခဲ့သော ဘာသာပြန်ဆောင်းပါး)

မြန်မာနိုင်ငံမှာအချမ်းသာဆုံးနှင့် အအောင်မြင်ဆုံးလုပ်ငန်းရှင်ဟု လူသိများသောဦးဇော်ဇော်က ရန်ကုန်မင်္ဂလာဒုံလေဆိပ်ဘေးနားက ဆောက်လုပ်စသူ၏ ဟိုတယ်လုပ်ငန်းခွင်မှာအချိနိမတော် လမ်းလျှောက်အချိန်ဖြုန်းရခြင်းကို နှစ်ခြိုက်သဘောကျလေ့ရှိပါသည်။

အခန်း ၃၆၀ပါသော နိုဗိုတယ်လ်ဟိုတယ်သည် ကစားစရာဘောလုံးတလုံးကို ၀ယ်ယူနိုင်ဖို့ ပင် ဆင်းရဲခဲ့သည့် လူတယောက်အဖြစ်မှ ကမ္ဘာပေါ်တွင်ဖိနှိပ်မှုအဆိုးဆုံး အထီးကျန်ဆုံးနိုင်ငံတခုတွင် စစ်အစိုးရအုပ်ချုပ်သူများနှင့်ပူးပေါင်းကာ ယခုကဲ့ သို အင်ပါယာတခုထူထောင်နိုင်ခဲ့ သော လူတယောက်အဖြစ် ပြောင်းလဲလာသည့်အဖြစ်အပျက်ကို ပြောပြနေသကဲ့ သို့ ရှိနေ၏
မြန်မာနိုင်ငံကပြုပြင်ပြောင်းလဲပွင့်လင်းလာသကဲ့ သို့ ဦးဇော်ဇော်ကလည်းအတိတ်ကို အလျှင်အမြန်ထား ခဲ့ ပြီး အလားအလာကောင်းသောနိုင်ငံတကာ ယဉ်ကျေးမှုနှင့်အလိုက်သင့်ဖြစ်သော အနာဂတ်ကိုရယူ ဖို့ ကြိုးပမ်းနေပါပြီ။ သူကား ရှံးနိမ့်မည်မဟုတ်ပါ။

“ ကျနော်က လူအားလုံးနဲ့ ခင်ပါတယ်ဗျာ” ဦးဇော်ဇော်က အားရပါးရပြုံးပြီးပြောလိုက်သည်
မြန်မာနိုင်ငံက လုပ်ရိုးလုပ်စဉ်ဟောင်းများအတိုင်း စစ်အစိုးရအကြီးအကဲများနှင့်ပူးပေါင်းပြီး အခွင့်အရေးရ ချမ်းသာလာခဲ့သူ အသက် ၄၅နှစ်အရွယ်ရှိစီးပွားရေး လုပ်ငန်းရှင်ဦးဇော်ဇော်က သူ၏စီးပွားရေး လုပ်ငန်းများကို ပုံစံသစ်ဖြင့်ပြောင်းလဲနိုင်စွမ်းကို ပြသခဲ့ ပါသည်။ ရာစုနှစ်တ၀က်ခန့် စစ်အုပ်ချုပ်ရေးကနေ မြန်မာနိုင်ငံက ရုန်းထွက်ရန်ကြိုးစားနေချိန်မှာ ဦးဇော်ဇော်၏ မက်စ်မြန်မာအုပ်စု ကလည်း ၀င်ငွေနှစ်ဆတက်လာခဲ့ ပါသည်။ ဦးဇော်ဇော်မည်သည်အခါကမျှ လူသိရှင်ကြားမကျေညာ ခဲ့သောအချက်အလက်များအရ သိရခြင်းဖြစ်ပါသည်။

ယခုကဲ့ သို့ ပြောင်းလဲမှုရေစီးနှင့် သူအလိုက်သင့်မျောပါနိုင်ခြင်းကမြန်မာနိုင်ငံဈေးကွက်ပွင့်လင်းလာပြီးဒီမိုကရေစီစနစ်ကျင့်သုံးလာသည့်တိုင် ယခင်စီးပွားရေးစနစ်ပုံစံများသည် ကျရှုံးမသွားသေးဘူးဆိုသည် ကို ပြသနေသည်။ စစ်အစိုးခေါင်းဆောင်များက ယူနီဖောင်းချွတ်ပြီးအရပ်သားဝတ်လဲလိုက်သကဲ့ သို့ တဒါဇင်ခန့်ရှိသော တိုင်းပြည်တွင်းကစီးပွားရေးထိပ်သီးများကလည်း ခရိုနီဆိုသည့် နာမည်ဆိုးကို ပယ်ဖျက်ပြီး စွန့် ဦးတီထွင်လုပ်ငန်းရှင်တွေအဖြစ်ပြောင်းလဲကြရန် ကြိုးစားနေကြသည်။


မြန်မာနိုင်ငံက စီးပွားရေးသမားများတွင် ဦးဇော်ဇော်ကနာမည်ပျက်အနည်းဆုံး ဖြစ်ပါသည်။ သူကဲ့သို့ ကမ္ဘာစီးပွားရေးဈေးကွက်နှင့် ပူးပေါင်းဖို့ ကြိုးပမ်းနေသော သက်တူရွယ်တူလုပ်ငန်းရှင်သဌေးများထက်စာလျှင် သူက လူသိပိုများသူဖြစ်ပါသည်။ ဦးဇော်ဇော်အနေဖြင့် အမေရိကကစီးပွားရေး ပိတ်ဆို့ မှူခံထားရသူများစာရင်းတွေရှိနေဆဲဖြစ်သော်လည်း မက်စ်မြန်မာအုပ်စုမှာ ဟိုတယ်၊ ဘဏ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ၀န်ထမ်းပေါင်း တသောင်းတထောင်ကျော်ဖြင့်  မြန်မာနိုင်ငံ တွင် အအောင်မြင်ဆုံးစီးပွားရေးလုပ်ငန်းကြီးဖြစ်ပါသည်။ ပြင်သစ်နိုင်ငံမှ Accorအုပ်စုက ရန်ကုန်ရှိနိုဗိုတယ် ဟိုတယ်နှင့် နေပြည်တော်ရှိအမ်ဂယ်လရီဟိုတယ်ကို စီမံခန့် ခွဲရန် လုပ်ပိုင်ခွင့် ရထားပါသည်။

ထိုင်းဘိလပ်မြေကုမ္ပဏီ တခုနှင့်ဖက်စပ်လုပ်ကိုင်ရန်စီစဉ်နေပြီး ဧရာဝတီဘဏ်ကိုလည်းနိုင်ငံခြား နှင့်  ပူးပေါင်း လုပ်ကိုင်ရန်ကြိုးစားနေသည်ဟု ဦးဇော်ဇော်ကဆိုသည်။
သူကစင်ကာပူနိုင်ငံစတော့အိတ်ချိန်းတွင်သူ၏ စွမ်းအင်လုပ်ငန်းကို စာရင်းဝင်ရန် ကြိုးစားအားထုတ် ခဲ့သော်လည်း အမေရိကန်စီးပွားရေးပိတ်ဆို့ မှုစာရင်းဝင်ဖြစ်သည့်အတွက် ပယိဖျက်ခြငိးခံခဲ့ ရသည်။ စစ်အစိုးရခေါင်းဆောင်ဟောင်းများနှင့် ရင်းရင်းနှီးနီးရှိခဲ့ ခြင်းကို ဦးဇော်ဇော်က၀န်ခံခဲ့ပြီး သူ့ မှာတခြား နည်းလမ်း မရှိခဲ့ ဘူးဟု ပြန်လည်ချေပခဲ့ ပါသည်။
”အစိုးရမှာဘဲ ဒီစီမံကိန်းတွေရှိတာလေဗျာ ။သူတို့ နဲ့ မလုပ်ရင် ကျနော်က ဘယ်သူနဲ့ လုပ်ရမှာလဲ ။ ဆင်းရဲတဲ့ တိုင်းပြည်မှာတော့ ကျနော်ကချမ်းသာတာပေါ့ဗျာ”

ဦးဇော်ဇော်က ချမ်းချမ်းသာသာမွေးဖွားလာသူတယောက်မဟုတ်ပါ။ဧရာဝတီမြစ်ဝကျွန်းပေါ် ရေကြည်မြို့ က အခန်းနှစ်ခန်းသာရှိပျဉ်ထောင်အိမ်တလုံးမှာကြီးပြင်းခဲ့ ပြီး မောင်နှမခြောက်ယောက်တွင်အငယ်ဆုံးသားဖြစ်ပါသည်။ ဖခင်ဖြစ်သူက အစိုးရ၀န်ထမ်းဖြစ်ပြီး မိခင်က အိမ်ဆိုင်ကလေးဖွင့်ကာရောင်းချသူဖြစ်သည်။
၁၉၈၈ အရေးအခင်းကာလကျောင်းသားအုံကြွမှုများဖြစ်ချိန်တွင် သူက ရန်ကုန်တက္ကသိုလ် မှာ နောက်ဆုံးနှစ်ပညာသင်ကြားနေဆဲဖြစ်ပြီး သူလည်းဝင်ရောက်လှုပ်ရှားခဲ့ သည်။ အစိုးရက ကျောင်းသားခေါင်းဆောင်တွေကိုဖမ်းဆီးချိနိတွင် ဇော်ဇော်မှာ တောရွာမှာ လေးလလောက် ပုန်းနေခဲ့ ရသည်။ ထို့ နောက်အကိုတ၀မ်းကွဲတဦး၏ အကူအညီဖြင့် သင်္ဘောသားအလုပ်ရှာရင် စကာင်္ပူသို့ ထွက်လာခဲ့သည်။ထိုအချိန်က သူ့ အိတ်ထဲမှာငွေအမေရိကန်ဒေါ်လာ ရှစ်ဆယ်သာပါသည် ဟုဆိုသည်။
မြန်မာနိုင်ငံတနိုင်ငံလုံးစစ်အစိုးရလက်အောက်တွင် ကမ္ဘာကြီးနှင့်အဆက်ပြတ်နေချိနိမှာ ဇော်ဇော်က သဘောင်္ပေါ်မှာတလကို အမေရိကန်ဒေါ်လာ ၂၀၀သာရသော အလုပ်ကြမ်းသမားဖြင့် ကမ္ဘာကြီး ကို လေ့လာခွင့်ရခဲ့သည်။ သူက သြစတေးလျ၊ ဟောင်ကောင်၊အီရန်၊ထိုင်ဝမ်၊ ဂျပန်နှင့်အာဖရိကနိုင်ငံ များကိုရောက်ခဲ့ သည်။ အင်္ဂလိပ်စာကို လေ့လာသင်ယူသည်။ တခြားနိုင်ငံများကတိုးတက်ဖွံဖြိုးမှုများကို မြင်ရပြီး မိမိတိုင်းပြည်၏ ဆင်းရဲနွမ်းပါးမှုနှင့် ဖိနှိပ်မှူများအပေါ်ရှက်စိတ်တွေဝင်လာခဲ့ သည် ။ အမေရိကန်ဒေါ်လာ (၈၀၀၀)ခန့် စုဆောင်းပြီးနောက် ဘန်ကောက်ကို ဦးတည်လာခဲ့သည်။ ဘန်ကောက်က ညကလပ်များမှာသူငယ်ချင်းနှင့် ပျော်ပါးသောက်စားခဲ့ ပြီးနောက် လက်ကျန်ငွေ ၆၅၀ဖြင့် လေယာဉ် လတ်မှတ်ဝယ်ယူကာ ၈ျပန်နိုင်ငံသို့ ထွက်လာခဲ့သည်။ တိုကျိုတွင် ထမင်းချက်၊ပန်းကန်ဆေး၊ စားပွဲထိုးအလုပ်သုံးမျိုးလုပ်ခဲ့ ကာ ဂျပန်စကားကိုသင်ယူခဲ့၏ ထို့ နောက်စီးပွားရေးလောကကိုဝင်ရောက် မည်ဟုဆုံးဖြတ်ချက်ချပြီး လမ်းညွန်စာအုပ်ကိုလှန်ကာ ကားဟောင်းရောင်းချသူများနှင့် ဆက်သွယ်သည်။ Max အမည်ရှိ ကားကုမ္ပဏီပိုင်ရှင်နှင့်ရင်းနှီးခဲ့ပြီး နစ်ဆန်းကားနှစ်စီးဝယ်ယူကာ မိတ်ဆွေများထံပြန်လည်ေ ရာင်းချခဲ့သည်။
ထိုအရာကား မက်စ်မြန်မာအုပ်စု စတင်ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။ ဇော်ဇော်က ကားအဟောင်းများ ကို မြန်မာနှင့် တခြားဆင်းရဲသောနိုင်ငံများကိုတင် ပို့ ခဲ့ သည်။ နိုင်ငံခြားမှနေထိုင်သူများကားတစင်းတင်သွင်းခွင့်ရှိသည် မြန်မာဥပဒေကို အခွင့်ကောင်းယူပြီး မှောင်ခိုဈေးကွက်တွင် ကားလိုင်စင်များ ကို ဒေါ်လာ ၅၀၀ခန့်ပေးပြီးဇော်ဇော်က၀ယ်ယူခဲ့သည်။

ထိုအချိန်တွင်သူ့ ဇနီးဖြစ်လာမည့် ဂျပန်နိုင်ငံတွင်အလုပ်လုပ်နေသည့် မြန်မာအမျိုး သမီးတဦးနှင့်ပါ ဖူးစာဆုံခဲ့သည်ဟု ဦးဇော်ဇော်က ပြောကြားသည်“သူက ကျနော့် ဆီက ကားဝယ်တဲ့ သူပါ ။နောက်ဆုံးတော့ ကျနော့် ကိုပါဝယ်လိုက်တာပေါ့ဗျာ” ၁၉၉၅ခုနှစ်တွင် သူတို့ မောင်နှံက လက်ထပ်ရန် မြန်မာပြည်သို့ ပြန်လာခဲ့ကြသည်။ ဇော်ဇော်က ကားများတင်သွင်းနေသလို ပိုအမြတ်အစွန်းရှိသည့်  ဆောက်လုပ်ရေးပစ္စည်းများကိုလည်း တင်သွင်းခဲ့သည်။ ထိုမှတဆင့် ဆောက်လုပ်ရေး လုပ်ငန်းလောကထဲသို့ ဝင်ရောက်လာခဲ့ပြီး ကန်ထရိုက်အသေးစားမှတဆင့် သူကိုယ်တိုင်အစိုးရ၏ ဆောက်လုပ်ရေးများတွင် ကန်ထရိုက်ရယူလုပ်ကိုင်နိုင်လာခဲ့သည်။ စစ်အစိုးရ အုပ်ချုပ်သူများနှင့် ဆက်ဆံရေးကောင်းလာခဲ့ သလို သူ၏ စီးပွားရေးလုပ်ငန်းများကလည်းပိုအောင်မြင်လာသည်။


၂၀၀၅ခုနှစ်တွင် ဦးဇော်ဇော်က ဆောက်လုပ်ရေးကုမ္ပဏီကိုတည်ထောင်ပြီး နေပြည်တော်အတွက် လမ်းများဆောက်လုပ်ခဲ့သည်။ ငါးလအကြာတွင်ဟိုတယ်ကုမ္ပဏီကိုတည်ထောင်ပြီး ဟိုတယ်များဆောက် လုပ်ခဲ့ သည်။ ၂၀၀၇ခုနှစ်တွင်မှု အစိုးရနှင့်ပူးပေါင်းပြီး ကျောက်စိမ်းတွင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ သည်။ ၂၀၁၀ခုနှစ် မြန်မာစစ်အစိုးရက အရပ်သားအစိုးရသို့  အာဏာမလွှဲပေးခင် အစိုးရလုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်ခဲ့ ရာဦးဇော်ဇော်မှ ဓာတ်ဆီဆိုင် ၁၂ဆိုင်၊ နိုဗိုတယ်ဟိုတယ်နှင့် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်တို့ ရရှိခဲ့သည်။ ထိုအနေအထားက ဦးဇော်ဇော်ကို မြန်မာစီးပွားရေး ပွင့်လင်းလာမှုအပေါ် ငွေအရင်းနှီးနှီးများများနှင့် လုပ်ကိုင်ရန် အကောင်းဆုံးအနေအထားကို ဖန်တီးပေးလိုက်သလို ဖြစ်စေသည်။

ယနေ့ အချိန်တွင် မက်စ်မြန်မာအုပ်စုရုံးချုပ်မှာရန်ကုန်မြို့ လယ်တွင်တည်ရှိပြီး အကောင်းဆုံး သစ်များဖြင့်တန်ဆာဆင်ထားသည်။ ဦးဇော်ဇော်က ငွေကွပ်ထားသော ကုလားထိုင်အနီရောင်ကြီးပေါ်ကနေ ဧည့်သည်များကို ကြိုဆိုလျှက်ရှိနေပြီ။ သူ့ မှာလက်ထောက်အခြွေအရံများဝိုင်းနေပြီး တချို့ က အင်္ဂလိပ်စကားကောင်းကောင်းမွန်မွန်ပြောတတ်ပြီး မွန်မွန်ရည်ရည်ရှိသော လူငယ်များဖြစ်ကြပါသည်။ သူတို့ မှာနိုင်ငံခြားရှိအောင်မြင်သော အလုပ်အကိုင်များကိုထားခဲ့ပြီး ဦးဇော်ဇော်ထံမှာ အလုပ်လုပ် ဖို့ လာရောက်ကြခြင်းဖြစ်သည်။
သူက ပြည်တွင်းအဆင့်နှင့် ကျေနပ်မနေချင်ဘဲ နိုင်ငံတကာသို့ ဝင်တိုးလိုသည်ဟု ဦးဇော်ဇော်ကဆိုပါသည်။

“ မြန်မာမှာတော့ ကမ္ဘာဈေးကွက်ကိုရောက်နိုင်တဲ့ ပစ္စည်း တခုမှမရှိသေးပါဘူး ။ဒေသအဆင့်တောင် မရောက်သေးပါဘူး” ထိုအခြေအနေက ဦးဇော်ဇော်ကို စနစ်ဟောင်းများကို ချိုးဖောက်တွန်းလှန်ရန် တွန်းအားပေးနေသည်။ ယခင်အစိုးရက မနှစ်မြို့ သည့် နိုင်ငံရေးအတိုက်အခံများနှင့် အနောက်တိုင်းသံတမန်များကို သူက ရင်းရင်းနှီးနှီးဆက်ဆံသည်။ သူ့ လုပ်ငန်းများကို လူသိရှင်ကြားဖွင့် ချဖို့ သဘောတူခဲ့ကာပထမစင်ကာပူ စတော့အိတ်ချိနိးမှ စစ်ဆေးသူ ၄၈ ယောက်ရှေ့ မှ အစစ်ခံခဲ့ပြီး ယခုမှအေပီသတင်းဌာနကို မေးမြန်းခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံက အခွန်အရာရှိများထံ ပေးပို့ခဲ့သည့် မက်စ်မြန်မာအုပ်စု၏၀င်ငွေမှာ ဦးဇော်ဇော်က သူ့ အင်ပါယာကို မောင်းနှင်နေသည့် လမ်းကြောင်းကို ပြသကဲ့သို့ သူ၏ မိတ်ဆွေဟောင်း များဖြစ်သညိ့  မြန်မာစစ်ဗိုလိချုပ်များထံက ရရှိခဲ့သည့်အကျိုးအမြတ်များဖြစ်ထွန်းလာခြင်းကို ပြသခြင်း လည်းဖြစ်၏
မက်စ်မြန်မာ၏ ၀င်ငွေမှာ၂၀၁၂ခုနှစ်မတ်လမှာ အမေရိကန်ဒေါ်လာ သန်း၂၄၀ရှိခဲပြီး ယခင်နှစ်က ၀င်ငွေ ဒေါ်လာ သန်း၁၈၀ကနေ မြင့်တက်လာခြင်းဖြစ်သည်။ ထိုမှတဆင့်ဆောက်လုပ်ရေးလုပ်ငန်းများမှာ အမြတ်အစွန်းများကြောင့် လာမည့် စက်တင်ဘာတွင်ဒေါ်လာ ၂၉၃သန်းအထိမြင့်တက်လာမည်ဟု ခန့်မှန်းထားပါသည်။ လွန်ခဲ့သည့်တနှစ်က ဦးဇော်ဇော်ရရှိခဲ့သည် ဘဏ်လုပ်ငန်းကလည်း ဦးဇော်ဇော်စီးပွားရေးအင်ပါယာတွင် အတိုးတက်ဆုံး လုပ်ငန်းတခုဖြစ်ပါသည်။ ၂၀၁၀ခုနှစ်ဇူလိုင်လတွင် သူနှင့်အတူအခြားစီးပွားရေးလုပ်ငန်းသမား သုံးဦးကို အစိုးရကအစည်းအဝေးခေါ်ပြီး ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ဦးဇော်ဇော်က ဘဏ်လုပ်ငန်းနှင့်ပတ်သတ်ပြီး အတွေ့ အကြုံရှိခဲ့သူမ ဟုတ်ပါ။

“ ကျနော့် ကိုယုံကြည်လို့ နေမှာပေါ့ ။ဘာလို့ ကျနော်ကို လုပ်ကိုင်ခွင့်ပေးခဲ့လဲဆိုတာ ကျနော်တကယ်မသိတာပါ”မက်စ်မြန်မာအုပ်စု၏စီးပွားရေးလုပ်ငန်းများမှာ အစိုးရခရိုနီများ ပတ်သတ်နေ သည့် လုပ်ငန်းနေရာများနှင့် သီးခြားစီဖြစ်နေသည်။ သူ၏ကျောက်စိမ်းတွင်းမှာ နှစ်တ၀က်မှာပင် အရင်နှစ်ကထက် ဒေါ်လာတသန်းပိုမြတ်နေပြီ။ သူ၏ဆောက်လုပ်ရေးလုပ်ငန်းများကလည်း ကုမ္ပဏီ၏ ၀င်ငွေ ၉၀ရာခိုင်နှုန်းကို ရှာပေးနိုင်သည်။ကားတင်သွင်းမှုကိုတော့ ၂၀၁၀ခုနှစ်မှာဦးဇော်ဇော်ကရပ်နားခဲ့သည်။

မြန်မာအတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုမှု သူက ကာလကြာရှည်စွာကြည်ညိုရင်းစွဲရှိခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ခဲံသည့် ၂၀၁၀ခုနှစ်နိုဝင်ဘာလမှစတင်ပြီး ရင်းနှီးမှူရ ရန်ကြိုးပမ်းခဲ့သည်ဟု ဦးဇော်ဇော်က ဆိုပါသည်။ဒေါ်အောင်ဆန်းစုကြည်က ဦးဇော်ဇော်ကဲ့ သို့ စစ် အစိုးရနှင့်ရင်းနှိးသည့် လုပ်ငန်းရှင်တဦးနှင့် ဆက်ဆံခဲ့သည့်အတွက် လည်း ဒေါ်အောင်ဆန်းစုကြည်ကို လူတချို့ ကအပြစ်တင်ခဲ့ ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က သတင်းစာဆရာကြီးဦးဝင်းတင်က
“ကျနော်အမြင် ကတော့ဒီလူတွေလုပ်နေတာ ကောင်းရောင်းကောင်းဝယ်မှမဟုတ်ဘဲ။ စီးပွားရေးကို လက်ဝါးကြီးအုပ်နေတာ ။ကျနော်တို့ တော့ဒီလူတွေကို ခွင့်မလွှတ်နိုင်ဘူး”ဟုဦးဇေိာဇော်အပါအ၀င် အစိုးရနှင့်ရင်းနှီးသည့်စီးပွားရေးသမားများအပေါ်သူ့ အမြင်ကိုပြောကြားခဲ့ သည်။ သို့ သော်လည်း ဦးဇော်ဇော်သည် ပိုင်ဆိုင်မှုအငြင်းပွားနေသည့်လယ်မြေများကို အများပြည်သူ တို့ ပြန်လည်ပေးအပ်ခဲ့ သည့်အပြင် လူမူရေးလုပ်ငန်းများအတွက် ၁၉၉၃ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၂.၃သန်းနီးပါးလှူဒန်းခဲ့သည်ဟု ဦးဝင်းတင်ကဆိုသည်။
“ကျနော်သိသမျှတော့ ခရိုနီတွေထဲမှာ ဦးဇော်ဇော်က အကောင်းဆုံးပါ”

နိုင်ငံရေးပြောင်းလဲမှုများကို ပံပိုးကူညီနေသော်လည်း ဦးဇော်ဇော်ကား အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့ မှုစာရင်းတွင်ရှိနေဆဲပါ။ ထိုအချက်က သူ့ ကိုနိုင်ငံခြားတွင်ရင်းနှီးမြုပ်နှံမှုလုပ်ရန် ခက်ခဲစေသည်။ ၀ီကီလိခ်မှ ထုတ်ပြန်သော အမေရိကန်သံရုံးမှမှတိတမ်းများတွင် ဦးဇော်ဇော်ကို စစ်အစိုးရနှုင့် အကျိုးတူစီးပွားရေးပူးပေါင်းလုပ်ကိုင်နေသော စီးပွားရေးသမားတဦးအဖြစ် ပြောကြား ထားကြသည်
အမေရိကန်အစိုးရ၏ အမည်ပျက်စာရင်းက ပြန်လည်ပြင်ဆင်ခွင့်မရှိပါ။ ယခုအချိန်မှာ ကောင်းတာ များမည်မျှလုပ်စေကာမှု အတိက်ကလုပ်ရပ်မှားများကို သိမ်းဆည်းမှတိတမ်းတင်ထားစမြဲဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနမှ အမည်မဖော်လိုသောဝန်ထမ်းတဦးကပြောကြားသည်။

စင်ကာပူစတော့အိတ်ချိန်းမှ ဦးဇော်ဇော်ကို လက်မခံရသည့် အဓိကအကြောင်းရင်းမှာ အမေရိကန်ကစီးပွားရေးပိတ်ဆို့ မှုစာရင်းတွင်ပါဝင်မှုနှင့် အဘယ်ကြောင့် ထိုနေရာကိုရောက်နေရ သည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသည့်အတွက်ဟု ဦးဇော်ဇော်နှင့်တွဲလုပ်ခဲ့ဘူးသည့် စင်ကာပူကုမ္ပဏီကဆိုပါသည်။ ထို့ အပြင် လူအခွင့်အရေးချိုးဖောက်မှုများနှင့် အခွန်ရှောင်ရှား သည့် စွပ်စွဲချက်များလည်းရှိနေသည်ဟုဆိုသည်။
ဦးဇော်ဇော်ကမှု သူ့ အနေနှင့် မည်သည့်အမှားအယွင်းမှလုပ်မထားကြောင်းနှင့်အမေရိကန်၏ ပိတ်ဆို့ မှုစာရင်းထဲရောက်နေရသည်မှာလည်း အချက်အလက်အမှားများကြောင့်ဟုဆိုပါသည်။
“တကယ်လို့ လူတယောက်ကမဟုတ်တာလုပ်ထားရင်။ သူတို့ အပြစ်ဒဏ်သူတို ခံရမှာဘဲ။ ကောလဟလတွေတော့လျှောက်မပြောနဲ့ ပေါ့”
ဦးဇော်ဇော်နှင့် နိုဗိုတယ်လ်ဟိုတယ်ကိုလုပ်နေသော ပြင်သစ်Accor အုပ်စုမှ ဒေသဆိုင်ရာဒုဥက္ကဌ ပက်ထရင်ဘက်ဆစ်က ဦးဇော်ဇော်နှင့်အလုပ်တွဲလုပ်ရသည်မှာအဆင်ပြေပြီး သူတို့ အနေဖြငိ့ ဦးဇော်ဇော်နှင့်ပူးပေါင်းအလုပ်လုပ်ရသည်ကို အပြုသဘောအပြောင်းအလဲများကို တစိတ်တပိုင်း တွန်းအားပေးခြင်း ဟုထင်မြင်မိသည်ဟု ဆိုပါသည်။

ယခုအချိန်တွင် သူ၏စီးပွားရေးလုပ်ငန်းများ အောင်မြင်နေသကဲ့ သို့ အမေရိကန်၏ စီးပွားရေးပိတ်ဆို့ မှုကလည်း ဦးဇော်ဇော်ကိုအထိနာလှပါသည်။သူ့ အဖို့ က ဂုဏ်သိက္ခာကား သူပိုင်ဆိုင်နေသောငွေကြေးထက်တန်ဖိုးရှိနေသည်မဟုတ်ပါလား။။။။။။

အေပီသတင်းဌာနမှ အခန်းလိုက်တင်ဆက်နေသော ပြောင်းလဲမှု၏ ရုပ်ပုံလွှာများမှ How a Myanmar Tycoon Is Profiting From Change ဆောင်းပါးကို ထားထားမြင့်မှဘာသာပြန်ဆိုပါသည်။

အထက်ပါဆောင်းပါးကို Burma-Newselite ဖဘ စာမျက်နှာမှ ထပ်ဆင့်ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment