Tuesday, June 18, 2013

အာဆီယံ ၁၀ နိုင်ငံကို တစ်မိနစ် ကျပ် ၅၀ ဖြင့် ၁၅၀ဝ တန်ဖုန်း ခေါ်ဆိုခွင့်ရပြီ

ရန်ကုန် ဇွန် - ၁၆ ။ ။ ကျပ်၁၅၀ဝ တန်ဖုန်းဖြင့် အာဆီယံ၁ဝနိုင်ငံ ကို ပြည်တွင်းခေါ်ဆိုခနှုန်းဖြင့် ခေါ်ဆို ခွင့်ကို ခွင့်ပြုလိုက်ပြီဖြစ် ကြောင်း သိရ သည်။ ကျပ် ၁၅၀ဝ တန် CDMA 800MHz ဖုန်းတွင်MEC Tel ငွေဖြည့်ကတ်ဖြည့် သွင်းကာ တစ်မိနစ်ကျပ်၅ဝဖြင့် အာဆီယံ၁ဝနိုင်ငံသို့ ခေါ်ဆိုခွင့် ပြုထားပြီး ကျပ် ၁၅ဝဝတန်ဆင်းမ် ကတ်တစ်မျိုးတည်းသာ ပြောဆို နိုင်မည်ဖြစ်ကြောင်း သိရသည်။

''ကျပ် ၁၅ဝဝ တန်ကတ်တွေ နဲ့ ပြည်ပနိုင်ငံတွေကို ဖုန်းခေါ်ဆို ခွင့်ပြုထားပါတယ်။ အဓိကက တော့ ဆီးဂိမ်းပွဲတော်မှာ ဆက် သွယ်ပြောဆိုရ အဆင်ပြေလွယ် ကူအောင် လို့ပါ။ ဖုန်းခေါ်ဆိုခကို လဲ ပြည်တွင်းမှာ ခေါ်ဆိုခနှုန်းပဲ သတ်မှတ်ထားပါတယ်။ ဆီးဂိမ်း ပြီးရင်တော့ ဘယ်လိုလာမလဲဆို တာ မဆုံးဖြတ် ရသေး ပါဘူး''ဟု မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အာဆီယံ၁ဝ နိုင်ငံသို့ ခေါ် ဆိုနိုင်ရန်အတွက် ခေါ်ဆိုလိုသည့် ဖုန်းနံပါတ်ရှေ့တွင် သက်ဆိုင်ရာ နိုင်ငံ၏ ကုတ်နံပါတ်ထည့်သွင်း ခေါ်ဆိုရမည်ဖြစ်ကြောင်း သိရ သည်။ ''ငွေဖြည့် ကတ် ကိုလဲ ပြည် ပခေါ်ဆိုဖို့ သတ်မှတ်ထားတဲ့ အက်ဖ်အီးစီငွေဖြည့်ကတ် သီးသန့် ဝယ်ဖို့မလိုပါဘူး။MEC ကျပ် ၅ဝဝဝတန်၊ ကျပ် ၁ဝဝဝဝ တန် ငွေ ဖြည့် ကတ်ပဲ ထည့်ပြီး ခေါ်ဆိုနိုင် ပါတယ်''ဟု ယင်းက ထပ်မံပြော သည်။

ယခင်က ပြည်ပနိုင်ငံများ သို့ ဖုန်းခေါ်ဆိုခွင့်ကို ဂျီအက်စ် အမ်အမျိုးအစားကိုသာ ခေါ်ဆို ခွင့်ပြုမည်ဟု သတ်မှတ်ထား သော်လည်း ယခုအခါ စီဒီအမ် အေ 800MHz ကိုသာ ခေါ်ဆိုခွင့် ပြုခြင်းဖြစ်ပြီး ဆီးဂိမ်းပွဲတော် ကျင်းပပြီးစီးပါက ယင်းစနစ်ပြန် လည်ပိတ်မည်ဖြစ်ကြောင်း လူကြီး မင်း မိုဘိုင်းဖုန်းအရောင်းဆိုင် မှ အထွေထွေ မန်နေဂျာ မဇာ ခြည်က ပြောသည်။

ယင်းက ''စီဒီအမ်အေကတ်က လူတိုင်းကိုင်နိုင်ကြသေးတာ မဟုတ်ဘူး။ ကိုင်နိုင်တဲ့အရေ အတွက်ကလဲ နည်းသေးတယ်။ ဂျီအက်စ်အမ်ကသာ အများစုကိုင် ကြတာ။ ဂျီအက်စ်အမ်ဖုန်းကိုလဲ အာဆီယံခေါ်ဆိုတဲ့စနစ် ခွင့်ပြု ပေးရင် ပိုထိရောက်နိုင်တာပေါ့။ ကျပ် ၁၅ဝဝတန်ဖုန်းတွေကိုလဲ ဆီးဂိမ်းပြီးရင် ဒီစနစ် ပြန်ပိတ် မယ် ကြားတယ်''ဟု ပြောသည်။

အဆိုပါဖုန်းခေါ်ဆိုမှုကို ဆီးဂိမ်းပွဲတော်ကာလ ပြီးစီးသည် အထိသာ ခေါ်ဆိုခွင့်ပြုသွား မည် ဖြစ်ကြောင်းလည်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။ စီဒီအမ်အေ 800MHz ဖုန်းဆင်းမ်ကတ်များကို ပြည်နယ် နှင့် တိုင်းဒေသကြီးအစိုးရအစီ အစဉ်ဖြင့် တစ်လလျှင်ကတ်ရေ သုံးသိန်းခွဲ ရောင်းချလျက်ရှိပြီး ယင်းဖုန်းကတ်များကို ဧပြီ ၂၀ ရက်မှ စတင်၍ ရောင်းချခဲ့ကာ လက်ရှိပြင်ပမှောင်ခိုဈေးကွက် တွင် ကျပ်ရဝဝဝဝခန့်ပေါက်ဈေး ရှိနေကြောင်း သိရသည်။

No comments:

Post a Comment