ပဋိပက္ခဖြစ်စဉ်များတွင် ဒေါသအလျောက်ပါဝင်မိသည့် သာမန်ပြည်သူများကိုသာ ဖမ်းဆီးထောင်ချခြင်းဖြင့် ကျယ်ပြန့်လာသော ပဋိပက္ခဖန်တီးမှုများကို ဟန့်တားနိုင်မည် မဟုတ်
ဇွန် ၅ ရက်နေ့တွင် မန္တလေးမြို့နေရာတစ်ချို့၌အဓိကရုဏ်းများဖြစ်စေရန်ရည်ရွယ်၍
လူတစ်စု က အော်ဟစ် လှုံ့ဆော်မှုများပြုခဲ့သည်။ ထို့အတွက်ကြောင့်
မန္တလေးမြို့နေလူထုများ စိုးရိမ်တကြီးနှင့်ကြောက်လန့်တကြားဖြစ်ပွားခဲ့ရပြီး
မလိုလားအပ်သော လူစုလူဝေးများဖြစ်ပေါ်ခဲ့ရပါသည်။ အလားတူ လှုံ့ဆော်မှု
ကောလာဟလ များကြောင့် ဒေသအချို့တွင်လည်း စိုးရိမ်ပူပန်မှုများရှိနေရဆဲဖြစ်သည်။
မြန်မာနိုင်ငံတွင် မှုခင်းဖြစ်စဉ်များနှင့်
လိုအပ်သောစုံစမ်းဖော်ထုတ်မှုများအတွက် ထက်မြက်သည့်ရဲတပ်ဖွဲ့၊ စစစ၊သတင်းတပ်ဖွဲ့
အသီးသီး ရှိပါသည်။ ထို့ပြင်အမျိုးသားလုံခြုံရေးအတွက်
ထောက်လှမ်းရေးအင်အားစု တစ်ခုလည်း ရှိနေဆဲဟုသိရသည်။
သို့သော်လည်း တောင်ကုတ်၊ မိတ္ထီလာ၊ ပဲခူးအနောက်ခြမ်းဒေသ၊
နောက်ဆုံး လားရှိုးပဋိပက္ခအထိ ဆူပူမှုများဖြစ်ပေါ်ရန်၊ အဓိကရုဏ်းများဖြစ်ပေါ်ရန်
နောက်ကွယ်မှ အဓိကလှုံ့ဆော်နေသူ၊ အကြမ်းဖက်မှု များဖြစ်ပွားစေ ရန်
အဓိကကြိုးကိုင်လှုပ်ရှားနေသော အဖွဲ့အစည်းများကိုမူယနေ့အချိန်ထိ
ဖော်ထုတ် အရေးယူနိုင်ခြင်းမရှိသေးပါ။
ထို့အတူဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်စေရန်အတွက်
နည်းမျိုးစုံသုံး၍ ၀ါဒဖြန့်ချိ လှုံ့ဆော်မှုမျာပြုလုပ်နေသည့် လူထုမောင်ကာဠုကဲ့သို့
facebook account များ ၀ါဒဖြန့်ချိရေးယန္တယားများ ရှိနေဆဲဖြစ်ပြီး ထိုသူများကို
ဖော်ထုတ်နိုင်ခြင်းမရှိသေးပါ။
ပဋိပက္ခဖြစ်စဉ်များတွင် ဒေါသအလျောက်ပါဝင်မိသည့်
သာမန်ပြည်သူများကိုသာ ဖမ်းဆီးထောင်ချခြင်းဖြင့် ကျယ်ပြန့်လာသော
ပဋိပက္ခဖန်တီးမှုများကို ဟန့်တားနိုင်မည် မဟုတ်ကြောင်းယူဆပါသည်။
ဘာသာရေးအကြောင်းပြ ဆူပူမှုများဖြစ်စေရန် ဖန်တီးသူတို့က
ဘာသာရေးအစွန်းရောက်မှု (Religious Extremism) နှင့် အလွန်အကျွံအမျိုးသားရေးဝါဒ (Ultra
– nationalism) ကို ပေါင်းစပ်ကာ ပြည်သူများကြား မှိုင်းတိုက်နေခြင်းသည် နာဇီဝါဒကို
အသက်သွင်းခြင်းသာဖြစ်ပါသည်။
မိမိဘာသာသာသနာ တည်တံ့ရေးအတွက် အစွန်းရောက်စရာမလို၊
အကြမ်းဖက်စရာ မလိုသည့်အချက်ကို ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များပါ
သတိပြုမိရန်လိုပါသည်။
ဗုဒ္ဓဘာသာဝင်များအနေဖြင့်လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူ၍
မြတ်စွာ ဘုရားရှင် ဟောကြားတော်မူခဲ့သည့် လက္ခဏာရေးသုံးပါးကို သတိပြုဆင်ခြင်ရန်
လိုပါသည်။
ဘာသာရေးအစွန်းရောက်မှုနှင့်
အလွန်အကျွံအမျိုးသားရေးဝါဒကို ပေါင်းစပ်ကာ ပဋိပက္ခများ ဖန်တီးရန် ရည်ရွယ်ချက်ရှိရှိ
လုပ်ဆောင်လာမှုများ၏ နောက်ကွယ်တွင် ရှိနေသူများကို အမြန်ဆုံးဖော်ထုတ်ခြင်းသည်သာ
ပဋိပက္ခများကို ဟန့်တားရာ၌ အရေးပါမည်ဖြစ်ကြောင်း ……။
No comments:
Post a Comment