ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့်ပတ်သတ်၍ တရားဥပဒေစိုးမိုးရေးကိုအဓိကပြောလိုကြောင်း နိုင်ငံရေးလုပ်ကြံမူဟု ခန့်မှန်းနေကြသူများရှိသော်လည်း ပြဿနာသည်ခန့်မှန်းရုံနှင့်မလုံလောက်ကြောင်း တိကျသည့်သက်သေများရှိရန်လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်း စုကြည်က ပြောသည် ။
MICC၌ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲ တွင် ရခိုင်ပဋိပက္ခနှင့်ပတ်သတ်၍
့ပြည်ပသ တင်းဌာနတစ်ခု၏ မေးမြန်းမူကို ၄င်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
" ကျွန်မကဘယ်ဘက်ကိုမှအပြစ်မတင်ဘူးဆိုတာ ကျွန်မကတစ်ဖက်ကိုပြောရင် အစွန်းရောက်သူတွေက ပိုဆိုးလာမှာစိုးလို့ပါ။ တစ်ဖက်ဖက်ကပြောတာမှားတယ်၊ မမျှတဘူးလို့ ကျွန်မပြောရင် အုပ်ချူပ်ရတာပိုဆိုးသွားမယ်။ ကျွန်မအနေနဲ့လက်တွေ့လုပ်ဆောင်ချက်ကိုပဲ
ဦးတည်ပြီးပြောချင်တယ်။ တရားဥပဒေစိုးမိုးရေးကို အဓိကပြောရမှာ။
ရာဇဝတ်မူကျူးလွန်သူအားလုံး ဥပဒေအရ အရေးယူရမယ်။
ဘယ်သူဘယ်ဝါလက်ညျိုးထိုးမနေသင့်ဘူး ။ တစ်ဖက်ကိုထိုးရင် ပိုဆိုးမှာမို့ဘက်မလိုက်တာပါ " ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။
No comments:
Post a Comment