ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲမှ အချက် ရှစ်ချက်ပါ သဘောထား ကြေညာချက် ထုတ်ပြန်
Tuesday, June 18, 2013
ကရင်ပြည်နယ် မြ၀တီခရိုင် ဆုံဆည်းမြိုင်ကျေးရွာ ဒီမိုကရေစီ
အကျိုးပြု ကရင်အမျိုးသား တပ်မတော် DKBA ကလို့ထူးဘော စစ်ဌာနချုပ် (ကော်သူမွေးခီး)
တွင် ဇွန် ၁၅ ရက်မှ ၁၇ ရက်ထိ သုံးရက်တိုင်တိုင် ကျင်းပခဲ့သော ပြည်ထောင်စု
တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲ ဆွေးနွေးပွဲမှ
အချက်ရှစ်ချက်ပါသော သဘောထား ကြေညာချက်ကို ယနေ့ထုတ်ပြန်ခဲ့သည်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီရေး၊
လူ့အခွင့်အရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စရပ်များကို
မဖြေရှင်း နိုင်သည့်အတွက် ပြန်လည်ရေးဆွဲရန်၊ (၂) စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု
ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် တစ်မျိုးသားလုံး ပါဝင်သော
ညီလာခံကြီးတစ်ရပ် ခေါ်ယူရန်...
အဆိုပါ ကြေညာချက်တွင် (၁) ၂၀၀၈ ဖွဲ့ စည်းပုံ
အခြေခံဥပဒေသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသား တန်းတူရေးနှင့်
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စရပ်များကို မဖြေရှင်း နိုင်သည့်အတွက် ပြန်လည်ရေးဆွဲရန်၊
(၂) စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသား
လူမျိုးပေါင်းစုံနှင့် တစ်မျိုးသားလုံး ပါဝင်သော ညီလာခံကြီးတစ်ရပ် ခေါ်ယူရန်၊ (၃)
မတရားသည့် ဥပဒေများကို ပယ်ဖျက်ရန်နှင့် ကန့်သတ်ချုပ်ချယ်မှု ကင်းသော
နှောင်ကြိုးမဲ့သော အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို အမြန်ဆုံး ကြေညာပေးရန်၊ (၄)
အပစ်အခတ် ရပ်စဲရေး ကိစ္စများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ
တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ပေးရန်၊ (၅)
အစိုးရတပ်များ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်
ရပ်စဲစဉ်ကာလက သဘောတူညီ ထားချက်များကို တိကျစွာ လိုက်နာရန်။ (၆) တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်းများ အချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန်နှင့်
ဒီမိုကရေစီရေးနှင့် အမျိုးသားတန်းတူရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာရန်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ၀ိုင်းဝန်းထောက်ပံ့ ကူညီပေးရန်၊ (၇)
အလုပ်သမား လယ်သမားတို့၏ အခက်အခဲများကို လျင်မြန်စွာ ဖြေရှင်းပေးရန်။ (၈)
တိုင်းရင်းသား တပ်ပေါင်းစုများနှင့် အဖွဲ့အစည်း အသီးသီးတို့၏ သဘောတူချက်များကို
ကျွန်ုပ်တို့အနေဖြင့် အသိအမှတ်ပြု မှတ်တမ်းတင်ပြီး တူညီသော လုပ်ငန်းများကို
တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးရန် စသည်တို့ ပါဝင်သည်။
ဆွေးနွေးပွဲသို့ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်များ၊
အရပ်ဘက် လူ့အဖွဲ့အစည်း ၃၀ မှ ကိုယ်စားလှယ်ပေါင်း ၈၄ ဦးတို့ ပါဝင်ဆွေးနွေးခဲ့ပြီး
ယခုကဲ့သို့ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိဆောင်ရွက် လျက်ရှိသော နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှုများသည် ဒီမိုကရေစီရေး၊ တိုင်းရင်းသား တန်းတူညီမျှခြင်း၊
စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဆိုင်ရာများတွင် သိသာစွာ တိုးတက်မှု မရှိသေးခြင်းကြောင့်
လည်းကောင်း၊ အချိန်ကြာလာသည်နှင့်အမျှ ဒီမိုကရေစီ အင်အားစုများ၊ လက်နက်ကိုင်
အင်အားစုများ၏ လိုလားချက်နှင့် နိုင်ငံရေး ရည်မှန်းချက်များ အမျိုးမျိုး
ကွဲပြားလာသဖြင့် ရေရှည်တွင် နိုင်ငံရေး ရည်မှန်းချက်များ၊ တိုင်းရင်းသားတန်းတူ
အခွင့်အရေး ရရှိရန် ကြိုးပမ်းမှုများ မှေးမှိန်ပျောက်ကွယ်မည့် အလားအလာ ရှိနေသည်ဟု
ရှုမြင်သည့်အတွက် နှီးနှောဖလှယ်ပွဲအား ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment