Thursday, June 13, 2013
လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကောက်ခံလျက်ရှိသော
သန့်ရှင်းရေး ဆောင်ရွက်ခ (အမှိုက်ခွန်) နှုန်းထားများ အတိုင်းသာ ကောက်ခံမည်
ဆိုပါက အမှိုက်သိမ်း လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များအား
လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ ဌာနမှူး
ဦးသန်းလွင်ဦးက ပြောကြားခဲ့သည်။
"လက်ရှိ စည်ပင်သာယာကနေ အမှိုက်သိမ်းတာ အမှိုက်သိမ်းခအဖြစ် လူတွေဆီက
တစ်ကျပ်ရရင် ကုန်တာက သုံးကျပ်ပြား ၃၀ ကုန်တယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ
အနေနဲ့ လက်ရှိ စည်ပင်သာယာ ကောက်ခံနေတဲ့ နှုန်းထားတိုင်း ကောက်ခံမယ်
ဆိုရင်တော့ ချက်ချင်းလွှဲပြောင်း ပေးသွားမှာ ဖြစ်ပါတယ်" ဟု ဌာနမှူး
ဦးသန်းလွင်ဦးက ဆိုသည်။
ရန်ကုန်မြို့တော်တွင် အမှိုက်တစ်တန်အတွက်
သိမ်းဆည်းခအဖြစ် ကျပ် ၄၀၀၀ ရရှိသော်လည်း အဆိုပါ အမှိုက်တစ်တန်ကို
နောက်ဆုံးစွန့်ပစ် အမှိုက်ပုံအထိ သိမ်းဆည်းစွန့်ပစ် စရိတ်မှာ ကျပ် ၁၈၀၀၀
ကျော် ကုန်ကျသည်ဟု ဦးသန်းလွင်ဦးက ပြောကြားခဲ့သည်။
No comments:
Post a Comment