ဗြိတိန် နန်းမွေခံ မင်းသား ၀ီလီယံ အိန္ဒိယကုလား သွေးစပ် ဟု တယ်လီဂရပ် သတင်းစာ ဖော်ပြ
ဇွန်လ ၁၇၊ ၂၀၁၃။
(ဗြိတိန်) နိုင်ငံ ရဲ့ ထီးမွေနန်းလျာ လောင်း၊
အနာဂတ်မှာ ဘုရင်ဖြစ်လာမယ့် ၀ီလီလျံ မင်းသား ( ချားလ်စ် နဲ့ ဒိုင်ယာနာ
တို့ရဲ့သားတော်) ဟာ သူ့ရဲ့ ဒီအင်န်အေ စစ်ဆေးမှု အရ အိန္ဒိယ (ကုလား) သွေးပါသူ
အင်္ဂလိပ်-အိန္ဒိယ ကပြား တစ်ယောက်ဖြစ်သည်ဟုသုတေသန ပညာရှင်များက ထုတ်ပြန်ခဲ့ကြောင်း ၂၀၁၃ ခုနှစ်၊
ဇွန်လ ၁၇ ရက်နေ့၊ ဗြိတိန် နိုင်ငံ ထုတ် Daily Telegraph သတင်းစာ မှာ
ဖော်ပြထားပါတယ်။
ဝီလီယံ မင်းသားမှာ၎င်း၏ မိခင် (ဒိုင်ယာနာမင်းသမီး)
ဖက်မှ အိန္ဒိယ သွေးစပ်ကြောင်း အီဒင်ဘတ်ဂ် တက္ကသိုလ် မှ မျိုးရိုးဗီဇ ဆိုင်ရာ ပညာရှင်များက
အတည်ပြုခဲ့ကြသည်။
မင်းသား ၀ီလီယံ ၏ အထက်ခြောက်ဆက် မြောက်
ကိုပြန်လိုက်ကြည့်ရာတွင် အယ်လီဇာ ကယူးဝါ့ခ် ဆိုသူ အိမ်ထောင်ထိန်း အမျိုးသမီးမှာ ဒိုင်ယာနာ
မင်းသမီး ၏ ဘိုးဘေးတော် တစ်ဦး ဖြစ်သည့် သီယိုဒို ဖေါ့ဘ်စ် ဆိုသူ နှင့် ပတ်သက်ခဲ့
ပြီး ၄င်းအတွက် ကလေးများစွာ မွေးဖွားပေးခဲ့ကြောင်း၊ ယင်းကလေးများထဲတွင် ၁၈၁၂ ခုနှစ်
တွင်မွေးဖွားခဲ့သည့် ကက်သရင်း ဆိုသူ သမီး တစ်ဦးလည်း ပါဝင်ခဲ့သည်။ အဆိုပါ ကက်သရင်း
၏ မျိုးဆက်မှ ဒိုင်ယာနာ မင်းသမီးကို မွေးဖွားခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က အိန္ဒိယ နိုင်ငံ၏ နယ်ပယ် အများစု ကို
အင်္ဂလိပ်ပိုင် အရှေ့အိန္ဒိယ ကုမ္မဏီ က အုပ်ချူပ်လျက် ရှိပြီး မစ္စတာ သီယိုဒို ဖော့ဘ်စ်
မှာ အရှေ့အိန္ဒိယ ကုမ္မဏီ အတွက် အလုပ်လုပ် နေသော စကော့တလန် သူကောင်းမျိုးထဲမှ
တစ်ဦးဖြစ်သည်။ ၄င်း နှင့် အကြောင်းပါသူ မစ္စ ကယူးဝါ့ခ် ကိုမူ ယခု တွေ့ရှိချက်
မတိုင်မီ အထိ အိန္ဒိယ တွင် နေထိုင်ခဲ့သည့် အာမေးနီးယန်း လူမျိုး တစ်ဦး ဟုသာ ယခင်က
ကောက်ချက်ချထားခဲ့သည်။
အီဒင်ဘာ့ဂ် တက္ကသိုလ် မှ မျိုးရိုးဗီဇ ပညာရှင်
ဂျင်မ်ဝီလ်ဆင် နှင့်အဖွဲ့က မင်းသား ၀ီလီယံ ၏ ဆွေ တော်မျိုးတော် များ မှ တံတွေး
နမူနာ ကို ယူပြီး သုတေသန ပြုခဲ့ရာမှ အဆိုပါ မစ္စ ကယူးဝါ့ခ် မှာ အိန္ဒိယသူ
တစ်ဦးသာဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ ကြောင်း ဖော်ပြထားသည်။
သုတေသနပြုချက် အရ တွေ့ရှိရသည့် မျိုးရိုးဗီဇ
ဒီအင်န်အေ အမျိုးအစားမှာ ရှားပါးသော R30b အမျိုးအစား ဖြစ်ပြီး ယခုအချိန် တွင်
တွေ့ရှိရသည့် လူ ၁၄ ဦးအနက် တစ်ဦီး မှအပ အားလုံးမှာ အိန္ဒိယ မှ ဆင်းသက်
လာသူများသာဖြစ်ကြောင်းတွေ့ရသည်။ ယင်း ကျန်တစ်ဦးမှာလည်း အိန္ဒိယ နှင့်
အိမ်နီးချင်း နီပေါ မှ ဆင်းသက်လာသူ ဖြစ်သည်ဟု ဆိုသည်။
http://www.telegraph.co.uk/news/worldnews/asia/india/10120344/DNA-tests-show-Duke-of-Cambridge-has-Indian-ancestry.html
No comments:
Post a Comment