Tuesday, June 25, 2013

တရုတ်နိုင်ငံ တောင်ပိုင်းတွင် မိကျောင်းများစွာ လွတ်မြောက်

Tuesday, June 25, 2013

တရုတ်နိုင်ငံ တောင်ပိုင်းတွင် မိကျောင်းများစွာ လွတ်မြောက်သွားသည်ဆိုသော သတင်းကြောင့် လူအများ ထိတ်လန့်တကြား ဖြစ်နေကြောင်း သိရှိရသည်။

မိကျောင်းကောင်ရေ ရာဂဏန်းမျှသည် မွေးမြူရေးစခန်းတစ်ခုမှ လွတ်မြောက်သွားခြင်းဟု သတင်းများထွက်ပေါ်နေသော်လည်း ဂွမ်ဇူးမြို့ရှိ မိကျောင်းမွေးမြူရေးစခန်း ပိုင်ရှင်ကမူ သတင်းများ ထွက်ပေါ်နေသလောက် ကောင်ရေ မများပြားဟု ငြင်းဆိုထားသည်။

သို့သော်လည်း ပျောက်ဆုံးနေသော မိကျောင်း အရေအတွက်ကိုမူ တိတိကျကျ ပြောဆိုခြင်း မရှိပေ။

ယခုနှစ်ဆန်းပိုင်းက တောင်အာဖရိကနိုင်ငံရှိ မိကျောင်းမွေးမြူရေး စခန်းတစ်ခုတွင် လင်ပိုပို မြစ်ရေလျှံရာမှ မိကျောင်းကောင်ရေ တစ်သောင်းခွဲကျော် လွတ်မြောက်ခဲ့ဖူးကြောင်းလည်း သိရှိရသည်။

Planet.com.mm


No comments:

Post a Comment