ဗုဒ္ဓဘာသာဝင် အမျိုးသမီးများနှင့်
အခြားဘာသာဝင် အမျိုးသားများ အကြား လက်ထပ် ထိမ်းမြားမှုကို ချုပ်ချယ်တင်း
ကြပ်ရန် အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးများက အဆိုပြုနေခြင်းကို
အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြစ်တင်ဝေဖန်လိုက်ပြီး
လူအခွင့်အရေး ချိုးဖောက်မှုတစ်ခု ဖြစ်သည်ဟု ပြောကြားလိုက်ကြောင်း သတင်းများက
ဆို ပါသည်။
ဒါက တစ်ဖက်သတ်ဆန်လွန်းပါတယ်။ ဘာကြောင့်အမျိုးသမီးတွေကိုပဲ ချုပ်ချယ်ရသလဲ။အမျိုးသမီးတွေကို မမျှမတ ဆက်ဆံလို့မရပါဘူး” ဟု အင်တာဗျူးတွင် သူမပြောကြားသည့်အတိုင်း Radio Free Asia ကသတင်းဖော်ပြသည်။
“ဒီကိစ္စက မြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့ကိုယ်ညီမှုမရှိဘူးလို့ ကျွန်မနားလည်ထားပါတယ်။အထူးသဖြင့်
ဗုဒ္ဓဘာသာမှာ ဒီလိုတားမြစ်မှုတွေ မရှိပါဘူး။ဒါဟာ အမျိုးသမီးအခွင့်အရေးနဲ့
လူ့အခွင့်အရေးကို ချိုးဖောက်တာပါပဲ”ဟု ဒေါ်အောင်ဆန်းစု ကြည်က
ပြောကြားခဲ့သည်။
ဘာသာရေးအမျိုးသားရေး
အစွန်းရောက်အယူအဆများကြောင့် လူသိများနေသော မန္တလေးမှဘုန်းတော်ကြီး ဦးဝီရ
သူစည်းရုံးလှုပ်ရှားနေသော အဆိုပြုချက်အရ ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို
လက်ထပ်လို့သည် အခြားဘာသာဝင် အမျိုးသား သည် လက်မထပ်မှီဘာသာပြောင်းခြင်း၊
မိဘများနှင့်ဒေသအာဏာပိုင်များထံ
ခွင့်ပြုချက်တောင်းခြင်းတို့ ပြုလုပ်ရန်လိုအပ် ပြီး၊ ၄င်းစည်းကမ်းကို
ချိုးဖောက်ပါက ထောင်ဒဏ် ၁၀ နှစ်အထိနှင့် ပစ္စည်းဥစ္စာ သိမ်းယူခြင်း
ခံရဖွယ်ရှိသည်ဟု ဆိုသည်။
ယခင်စစ်ဖက်က
အုပ်ချုပ်ခဲ့သောနိုင်ငံတွင် ဗုဒ္ဓဘာသာမွတ်ဆလင် အဓိကရုဏ်း
ထကြွလာမှုနှင့်ပတ်သက်၍ သံဃာ တော် ၂၀၀ ကျော်မကြာသေးမှီက တွေဆုံစည်းဝေးကြစဉ်
ဦးဝီရသူက ၄င်းအယူအဆကိုတင်ပြခဲ့ခြင်းဖြစ်သည်။
“ဗုဒ္ဓဘာသာဝငအမျိုးသမီးတွေက မွတ်ဆလင်အမျိုးသားတွေကို လက်ထပ်တဲ့အခါ
သူတို့ရဲ့လွတ်လပ်စွာ ကိုးကွယ် ခွင့် ဆုံးရှုံးနေတဲ့ အတွက်ကြောင့်
ဒီလိုဥပဒေမျိုး လိုအပ်ပါတယ်”ဟု ဦးဝီရသူက ရှင်းလင်းပြောကြားသည်။
ဝါရင့်အကြီးတန်းဘုန်းတော်ကြီးများက
၎င်းအဆိုပြုချက်ကိုဆွေးနွေးရန် ငြင်းပယ်ခဲ့ကြပြီး၊ အမျိုးသမီးအခွင့်အရေး
လှုပ်ရှားသော အုပ်စုများလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။
လွန့်ခဲ့သောနှစ်နှစ်က စစ်အုပ်ချုပ်ရေး ပြည်ဖုံးကားချခဲ့သော
မြန်မာနိုင်ငံတွင် ကုလားဗမာ အဓိကရုဏ်းများ၊ တရုတ် - ဗမာအဓိကရုဏ်းများ၊
ယခင်ကတည်းက ဖြစ်ပွားခဲ့ဘူးပြီး၊ ယခုနှစ်ပိုင်းတွင် ရခိုင် -
ရိုဟင်ဂျာအဓိကရုဏ်းနှင့် ဗုဒ္ဓဘာသာ မွတ်ဆလင်အဓိကရုဏ်းများ
ဆက်တိုက်ဖြစ်ပွားလျှက် ရှိသည်။ အဆိုပါဖြစ်စဉ်များတွင်
နိုင်ငံရေးပယောဂဆရာများ၏ ကြိုး ကိုင်မှုများ၊ လူမျိုးရေးဘာသာရေး
အစွန်းရောက်များ၏ အမျှော်အမြင်မဲ့ လုပ်ရပ်များ၊ ပြည်ပ အစ္စလာမ်အဖွဲ့အစည်း
အချို့၏ ပတ်သက်မှုများ ရောယှက်ရှုပ်ထွေးနေသည့်ဟု အကဲခတ်လေ့လာမှုများက
သုံးသပ်ကြသည်။ ထို့အပြင် မြန်မာ့ဒီမိုကရေစီ ပြု
ပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် နောက်ပြန်လှည့်စရာ
အကြောင်းမရှိဟူသောပြောကြားချက်မှာမှန်ကန်ဖွယ်ရှိသော်လည်း၊ အရှိန် မမြန်ပဲနှေးကွေးအောင် အကွက်ချကြံစည်သူများရှိနေသည်ဟု ပြည်တွင်းမှစောင့်ကြည့်သူအချို့က မှတ်ချက်ပေးကြ သည်။
(AFP မှ 21 Jun 2013 ရက်စွဲပါ “ Suu Kyi Slams Marriage Law”သတင်းကို ဘာသာပြန်ဆိုသည် )
ကိုထွန်းဝေ ပြန်လည်မျှဝေပါတယ်။
23.6.2013

ဒါက တစ်ဖက်သတ်ဆန်လွန်းပါတယ်။ ဘာကြောင့်အမျိုးသမီးတွေကိုပဲ ချုပ်ချယ်ရသလဲ။အမျိုးသမီးတွေကို
“ဒီကိစ္စက မြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့ကိုယ်ညီမှုမရှိဘူးလို့
ဘာသာရေးအမျိုးသားရေး အစွန်းရောက်အယူအဆများကြောင့် လူသိများနေသော မန္တလေးမှဘုန်းတော်ကြီး ဦးဝီရ သူစည်းရုံးလှုပ်ရှားနေသော အဆိုပြုချက်အရ ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို လက်ထပ်လို့သည် အခြားဘာသာဝင် အမျိုးသား သည် လက်မထပ်မှီဘာသာပြောင်းခြင်း၊ မိဘများနှင့်ဒေသအာဏာပိုင်များထံ
ယခင်စစ်ဖက်က အုပ်ချုပ်ခဲ့သောနိုင်ငံတွင် ဗုဒ္ဓဘာသာမွတ်ဆလင် အဓိကရုဏ်း ထကြွလာမှုနှင့်ပတ်သက်၍ သံဃာ တော် ၂၀၀ ကျော်မကြာသေးမှီက တွေဆုံစည်းဝေးကြစဉ် ဦးဝီရသူက ၄င်းအယူအဆကိုတင်ပြခဲ့ခြင်းဖြစ်သ
“ဗုဒ္ဓဘာသာဝငအမျိုးသမီးတွေက မွတ်ဆလင်အမျိုးသားတွေကို လက်ထပ်တဲ့အခါ သူတို့ရဲ့လွတ်လပ်စွာ ကိုးကွယ် ခွင့် ဆုံးရှုံးနေတဲ့ အတွက်ကြောင့် ဒီလိုဥပဒေမျိုး လိုအပ်ပါတယ်”ဟု ဦးဝီရသူက ရှင်းလင်းပြောကြားသည်။
ဝါရင့်အကြီးတန်းဘုန်းတော်ကြီးမျ
လွန့်ခဲ့သောနှစ်နှစ်က စစ်အုပ်ချုပ်ရေး ပြည်ဖုံးကားချခဲ့သော မြန်မာနိုင်ငံတွင် ကုလားဗမာ အဓိကရုဏ်းများ၊ တရုတ် - ဗမာအဓိကရုဏ်းများ၊ ယခင်ကတည်းက ဖြစ်ပွားခဲ့ဘူးပြီး၊ ယခုနှစ်ပိုင်းတွင် ရခိုင် - ရိုဟင်ဂျာအဓိကရုဏ်းနှင့် ဗုဒ္ဓဘာသာ မွတ်ဆလင်အဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပွားလျှက် ရှိသည်။ အဆိုပါဖြစ်စဉ်များတွင် နိုင်ငံရေးပယောဂဆရာများ၏ ကြိုး ကိုင်မှုများ၊ လူမျိုးရေးဘာသာရေး အစွန်းရောက်များ၏ အမျှော်အမြင်မဲ့ လုပ်ရပ်များ၊ ပြည်ပ အစ္စလာမ်အဖွဲ့အစည်း အချို့၏ ပတ်သက်မှုများ ရောယှက်ရှုပ်ထွေးနေသည့်ဟု အကဲခတ်လေ့လာမှုများက သုံးသပ်ကြသည်။ ထို့အပြင် မြန်မာ့ဒီမိုကရေစီ ပြု ပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် နောက်ပြန်လှည့်စရာ အကြောင်းမရှိဟူသောပြောကြားချက်မ
(AFP မှ 21 Jun 2013 ရက်စွဲပါ “ Suu Kyi Slams Marriage Law”သတင်းကို ဘာသာပြန်ဆိုသည် )
ကိုထွန်းဝေ ပြန်လည်မျှဝေပါတယ်။
23.6.2013
No comments:
Post a Comment