Tuesday,May 07,2013
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌရာထူး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ ဦးစိုးသိန်း
(ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး) အစား ဦးဝင်းရှိန်
(ပြည်ထောင်စုဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန) အား
ပြောင်းလဲခန့်အပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကောင်မရှင်အပေါ် ဝေဖန်မှုများရှိနေပြီးနောက်ပိုင်း ယခုကဲ့သို့ ကော်မရှင် ဥက္ကဋ္ဌရာထူး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကောင်မရှင် ဥက္ကဋ္ဌရာထူး
အပြောင်းအလဲနှင့် ပတ်သတ်၍ မည်သည့်အတွက်ကြောင့် ဆိုသည်ကိုမူ အသေးစိတ်
မသိရှိရသေးပေ။ ပြီးခဲ့သည့် ရက်ပိုင်းများ အတွင်းက
လွှတ်တော်အနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု ကော်မရှင်၏
ဆောင်ရွက်မှုများ၊ လုပ်ထုံးလုပ်နည်းနှင့် ညီမညီ လွှတ်တော်မှ
စောင့်ကြည့်လျက်ရှိကြောင်း၊ လွှတ်တော်ကော်မတီ တာဝန်ရှိသူများက
ပြောကြားထားခဲ့သည်။
MIC ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရမည့်
ဦးဝင်းရှိန်သည် ၂၀၁၂ ခုနှစ်အတွင်းတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြိးဌာန
ဒုတိယ၀န်ကြီးအဖြစ်မှ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲ
ခန့်အပ်တာဝန်ပေးခြင်း ခံထားရသူဖြစ်သည်။
No comments:
Post a Comment