Tuesday,May 07,2013
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေရဲ့ အခြေခံအခွင့်အရေးကို စောင့်ရှောက် သွားမှာဖြစ်တဲ့အကြောင်း သမ္မတဦးသိန်းစိန်က ကတိကဝတ်ပြုလိုက်တယ်လို့ သိရပါတယ်။
Myanmar Rohingya ရခိုင်ပြည်နယ်မှာတွေ့ရတဲ့ဒုက္ခသည်စခန်း
၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့
ပတ်သက်ပြီး ပြီးခဲ့တဲ့တစ်ပတ်ကပဲ အစီရင်ခံစာ ထွက်ပေါ်ခဲ့အပြီးနောက် မနေ့က
မိန့်ခွန်းပြောရာမှာ ခုလို ပြောလိုက်တာဖြစ်ပါ တယ်။ မြန်မာနိုင်ငံ မှာ
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ဦးတည်ဖို့ကိုလည်း သမ္မတဦးသိန်းစိန် က ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မွတ်စလင်တွေရဲ့ အခြေခံအခွင့်အရေးတွေကို
စောင့်ရှောက် သွားဖို့ဟာ အစိုးရအဖွဲ့ရဲ့ တာဝန်ဖြစ်သလို
ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ ဒေသခံရခိုင်လူမျိုးတွေကိုလည်း
လစ်လျူရှုထားမှာမဟုတ်ဘူးလို့လည်း ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ မွတ်စလင်ဆန့်ကျင်ရေးအသွင်ဆောင်တဲ့
အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့အပြီးမှာ အကြမ်းဖက်မှုတွေမှာ ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးတွေ ပါဝင်ပတ်သက်နေသလို ရဲအဖွဲ့တွေကလည်း အကြမ်းဖက်မှုတချို့ကို
တားဆီးဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပါတယ်။
သမ္မတ ဦးသိန်းစိန်က လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုတာကို
လက်ခံတဲ့အကြောင်း ဒီလိုဖြစ်ရတာဟာ အရင်ကသုံးခဲ့တဲ့ မူဝါဒတွေအရ
ဖြစ်ခဲ့ရတဲ့အကြောင်း ပြောခဲ့ပေမယ့် ဘယ်လိုမူဝါဒ မျိုးဆိုတာကိုတော့
အတိအလင်းပြောတာမရှိဘူးလို့လည်း သိရပါတယ်။
ဥပဒေစိုးမိုးရေးနဲ့
ငြိမ်းချမ်းရေးရှိဖို့အတွက် လုံခြုံရေးအဖွဲ့တွေက လုပ်ဆောင်စရာရှိတာတွေကို
လုပ်ဆောင်ဖို့ကိုလည်း သူ့အနေနဲ့ တာဝန်ယူသွားဖို့လည်း ကတိပြုခဲ့ပါတယ်။
ရခိုင်အရေးအခင်းတွေနဲ့ ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို့ ဖွဲ့စည်းထားခဲ့တဲ့
ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်ကို အထောက်အပံ့တွေ
တိုးမြှင့်ပေးဖို့နဲ့ မုတ်သုန်ဝင်ရောက်ဖို့ နီးလာတာနဲ့အမျှ
ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရသူတွေအတွက် ဒုက္ခပိုစရာဖြစ်လာမယ်လို့လည်း
ပါရှိကြောင်း သိရပါတယ်။
No comments:
Post a Comment