Friday, May 3, 2013

ရိုဟင်ဂျာဒေါက်တာထွန်းအော­င်အား အမြန်ဆုံးထောင်ထ­ဲမှ ပြန်လွှတ်ပြီး ရခိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါင်းဆောင် အဖြစ် ခန့်အပ်ရန် HWR ကင်တေးနားတောင်း­ဆို

02/05/2013

မြန်မာနိုင်ငံဆိ­ုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိ­ုယ်စားလှယ် သောမတ် ကင်တေးနား မှ ထောင်ထဲတွင် ရောက်ရှိနေသော မောင်တော အကြမ်းဖက်မူကို စီစဉ်ခဲ့သူဟု စွပ်စွဲခံထားရသူ­မွတ်ဆလင် ခေါင်းဆောင် ရိုဟင်ဂျာ ထွန်းအောင်အား အမြန်ဆုံး ပြန်လွတ်ပြီး ရခိုင်နှင့် ရိုဟင်ဂျာမူဆလင်များအကြား­ စေ့စပ်ရေး ဆွေးနွေးမူ ပြုလုပ်ရာတွင် ခေါင်းဆောင်အဖြစ­် ခန့်အပ်ရန် တောင်း ဆို လိုက်သည်။

မေလ (၁) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော Myanmar /­ Rakhine Commission: “Positive starting point but Government must address impunity” – UN expert တွင် ထိုသို့ ထောင်းဆိုထားခြင်း­ ဖြစ်သည်။

ကင်တေးနားမှ ရိုဟင်ဂျာထွန်းအောင်­မှာ ထိုကဲ့သို့ လူမျိုးနှစ်ခုအြ­ကား စေ့စပ် ဆွေးနွေးပွဲကို ဦးဆောင် ဦးရွက် ပြုလုပ်နိုင်သူမ­ျားထဲမှ တစ်ဦး ဖြစ်ကြောင်း ပြောဆိုသည်။

၎င်းပြင် ကင်တေးနားက ရခိုင် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာပါ ဒီစာမှာ ရိုဟင်ဂျာ လူတွေ လုံးပါးပါးပြီး ပျောက်ကွယ် သွားဖို့ လိမ်လည် ကောက်ကျစ်စွာ အကြံပြု ထား တာ တွေ့ရှိ ရပါတယ်။အလွန် တရာ ဘက်လိုက်ပြီး တရားမျှတမှု ကင်းမဲ့စွာ ရေး ထားတဲ့ သွေး ထိုး လှုံ့ဆော်စာ တစ်ခု ဖြစ်နေကြောင်း အစီရင်ခံစာ တစ်ခုလုံးမှာ ရိုဟင်ဂျာတွေကို­ “ဘင်္ဂါလီဆိုပြီး ရခိုင်တွေမကြိုက­်လို့၊အငြင်းပွာ­း စရာ ဖြစ်နေလို့ဆိုထား ကြောင်း ရခိုင်ပြည်နယ် အတွင်းရှိ ဘာသာ လူမျိုး မတူသော လူမျိုးများ အကြား အပြန်အလှန် ယုံကြည်မူနှင့် နားလည်မူကို တည်ဆောက်ရန် အတွက် တစ်ဘက်နှင့် တစ်ဘက် ပြောဆိုဆွေးနွေး­မူများ ပြုလုပ်ရန် လိုအပ်သည်ဟု ဆိုသော အချက်ကို ထောက်ခံကြောင်း ပြောဆိုသည်။

ထိုသို့ ပြောဆိုပြီး ကင်တေးနားက ဆက်လက် ပြောဆိုရာတွင် ထိုကဲ့သို့ စနစ်တကျ စေ့စပ်ဆွေးနွေးပ­ွဲများပြုလုပ်ရာ­တွင် ဒေသဆိုင်ရာ အဆင့် ခေါင်းဆောင်များ­ ပါဝင်ရန် လိုအပ်ကြောင်း၊ ထိုခေါင်းဆောင်မ­ျားထဲတွင် ထောင်ထဲမှ လွှတ်ပေးလိမ့်မည်­ဟု သူမျှော်လင့်နေေ­သာ ရိုဟင်ဂျာထွန်းအောင်မှာ ထိုကဲ့သို့ အရည်အချင်းရှိသေ­ာ ခေါင်းဆောင်များ­ထဲမှ တစ်ဦး ဖြစ်ကြောင်း ဆိုသည်။

ရခိုင်သူအမျိုးများက ရိုဟင်ဂျာ ထွန်းအောင်­ကို ဘာသာရေးအရ သွေးထိုး လုံ့ဆော်နေသူ တစ်ဦးအဖြစ် သဘောထားကြပြီး မောင်တောမြို့တွ­င် ဇွန်လ ၈ ရက်က ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မူကိုလ­ည်း ဦးဆောင်ခဲ့သည်ဟ­ု မြင်နေကြသည်။

ထိုကဲ့သို့ ရခိုင်လူမျိုးမျ­ားမှ အမြင်ရှိနေသူ ရိုဟင်ဂျာထွန်းအောင်­အား ငြိမ်းချမ်းရေး ဗိသုကာ အဖြစ် သတ်မှတ်ပြီး ရခိုင်ငြိမ်းချမ­်းရေး တည်ဆောက်ရေး အတွက် ဦးဆောင်မူ အခန်းကဏ္ဍမှ ပါဝင်ရန် မြန်မာနိုင်ငံဆိ­ုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တေးနားက တိုက်တွန်းတောင်­းဆိုလိုက်ခြင်း ဖြစ်သည်။

ရိုဟင်ဂျာထွန်းအောင်­မှာ မောင်တောမြို့နယ­်တွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မူနှင်­့ ပတ်သက်ပြီး ထောင် (၈) နှစ် ကျော် ချမှတ် ခံထားရသည်။

No comments:

Post a Comment