ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန
ဒုတိယဝန်ကြီးဗိုလ်ချုပ် ဇော်ဝင်းအား Centre for Humanitarian Dialogue ဥက္ကဋ္ဌ နှင့် အဖွဲ့သည် မေလ(၁၄)ရက်နေ့၊ မွန်းလွဲ(၃)နာရီတွင် ဝန် ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။ ယခုလိုတွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက နယ်စပ်ရေးရာဝန်ကြီးဌာန၏ နယ်စပ်ဒေသဖွံ့ဖြိုးရေး အထူးဒေသများသတ်မှတ်ပြီး လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆက်သွယ်ရေးကဏ္ဍအသီးသီးတွင် ဖွံ့ ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုများကြောင့် နယ်စပ်ဒေသများတွင် သိသိသာသာဖွံ့ဖြိုးတိုးတက်လာမှုများ၊ ကုလသမဂ္ဂအဖွဲ့အ စည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို အကျယ်တဝင့် ရှင်းလင်း
ဆွေးနွေးခဲ့ပြီး Centre for Humanitarian Dialogue ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယင်းတို့အဖွဲ့အနေနှင့် Myanmar Peace Centre နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီး ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးဆိုင်ရာပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်းဆက်လက် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အလားအလာကောင်း များ ကို နှစ်ဦးနှစ်ဖက်
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
Thursday, May 16, 2013
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ဇော်ဝင်းအား Centre for Humanitarian Dialogue အဖွဲ့လာရောက်တွေ့ဆုံ...
Labels:
အထူးသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment