မေ ၂၇ ၊ မိုးကြယ်စင် (မြန်မာမွတ်စလင်မ်မီဒီယာ)
မိတ္ထီလာမြို့ဦးဗလ်ီနဲ့ ကပ်လျက်ရှိမွတ်စလင် သင်္ချိုင်းဟောင်းကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်မှစတင် ဖျက်သိမ်းနေမှုမှာ သုံပုံတစ်ပုံခန့် ပြီးစီးနေပြီလို့ သိရပါတယ်။
" လွန်ခဲ့တဲ ၁၉ရက်နေ့ကယာယီပေါ့ မန္တလေးအစိုးရအဖွဲ့က လုံခြုံးရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြှီးအောင်ကျော်မိုးက မွတ်စလင်တွေကိုခေါ်ပြီး ဒီသင်္ချိုင်းကနိုင်ငံတော်ပိုင်ဖြ စ်တယ်၊ စည်ပင်ပိုင်ဖြစ်တယ်ဆိုပြီး ဖျက်မယ်။ အနှောင့်ယှက်မပေးဖို့ခေါ်ပြောတယ် ။ ၁၄၄ ထုတ်ထားတယ် ထိထိရောက်ရောက်အရေးယူမယ်လို့လဲေ ပြာတယ်။ " လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
ယင်းမွတ်စလင်သင်္ချိုင်းမြေကို ဦးပိုင်လက်အောက်ခံ ဗန္ဓုလကုမ္ပဏီမှ တော်ဝင်းကားဂိတ်ပြုလုပ်ရန် ကျပ်သိန်းပေါင်း တစ်သောင်းကျော်နဲ့ ၀ယ်ယူထားတယ်လို့သိရပါတယ်။
" တရားမ၀င်သတင်းကြားတာကတော့ ဦးပိုင်ကလုပ်ခိုင်းတယ်လို့ကြားတ ယ်။
၁၄၄ ထုတ်ထားတော့ မွတ်စလင်တွေဘာမှမလုပ်နိုင်ဘူး ဆိုပြီးကြားတယ်။ ၂၀၁၀ ၇
လပိုင်း ၂၅ ရက်နေ့ ကလဲဘူဒိုဇာသုံးစီးနဲ့ လာတူးသေးတယ်။
မြို့ခံမွတ်စလင်တွေကန့်ကွက်လို့ ရပ်သွားတယ်။ " လို့ဒေသခံတစ်ဦးကဆိုပါတယ်။
အဆိုပါမွတ်စလင်မ် သင်္ချိုင်းအား ဖျက်စီးနေစဉ်တွင် စစ်တပ်မှလုံခြုံးရေး အပြည့်ယူထားတယ်လို့ သိရပါတယ်။ စစ်တပ်ကား ၃ စီးနဲ့ စစ်သားအင်အားတစ်ရာခန့်၇ှိပြီး ရဲတွေနဲ့ ဗုဒွဘာသာဝင်အရပ်သား သုံးရာခန့်မှာလည်း ၀ိုင်းဝန်းစောင့်ကြပ်နေတယ်လို့သိရပါတယ်။
ယခုလက်ရှိမှာတော့ မွတ်စလင်သင်္ချိုင်းမြေကို မြေတုးစက်တွေနဲ့ ဖျက်သိမ်းမှု အနေအထားမှာ သင်္ချိုင်းမြေ၇ဲ့ သုံးပုံတစ်ပုံခန့်ပြီးစီးနေပြီး လို့သိရပါတယ်။
မွတ်စလင်သင်္ချိုင်းမြေ၇ဲ့အကျယ်အ၀ န်းကတော့ ၁၀ဧက၀န်းကျင်ရှီတယ်လို့ သိရပါတယ်.။
မွတ်စလင်သင်္ချိုင်းဖျက်သိမ်းမှုကို မိတ္ထီလာမြို့၇ှိ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းမှ ကျောင်းထိုင် ဆရာတော် တစ်ပါး မှလာရောက်တားမြစ် ခဲ့သေးတယ်လို့သိရပါတယ်၊။
" ကျောင်းထိုင်တစ်ပါးလာတားသေးတယ်၊
ဒီလိုလူတွေ ဒုက္ခရောက်နေချိန်မှာ မလုပ်သင့်ဘူးလို့ ၊ ဒီနေရာမှာ
သူတို့ရဲ့သူတော်စင်တွေကို လဲမြုပ်နှံထားတယ် ပေါ့ တားပေမယ့် မရပါဘူး ၊
ကျောင်းနဲ့ကျောင်းထိုင် ဆရာတော်ရဲ့ဘွဲ့ကိုတော့ စုံစမ်းနေဆဲပါ" လို့
ဒေသခံတစ်ဦးမှဆိုပါတယ်။.
မိတ္ထီလာမြို့ဦးဗလ်ီနဲ့ ကပ်လျက်ရှ
" လွန်ခဲ့တဲ ၁၉ရက်နေ့ကယာယီပေါ့ မန္တလေးအစိုးရအဖွဲ့က လုံခြုံးရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြှီးအောင်ကျော်မိုးက
ယင်းမွတ်စလင်သင်္ချိုင်းမြေကို ဦးပိုင်လက်အောက်ခံ ဗန္ဓုလကုမ္ပဏီမှ တော်ဝင်းကားဂိတ်ပြုလုပ်ရန် ကျပ်သိန်းပေါင်း တစ်သောင်းကျော်နဲ့ ၀ယ်ယူထားတယ်လို့သိရပါတယ်။
" တရားမ၀င်သတင်းကြားတာကတော့ ဦးပိုင်ကလုပ်ခိုင်းတယ်လို့ကြားတ
အဆိုပါမွတ်စလင်မ် သင်္ချိုင်းအား ဖျက်စီးနေစဉ်တွင် စစ်တပ်မှလုံခြုံးရေး အပြည့်ယူထားတယ်လို့ သိရပါတယ်။ စစ်တပ်ကား ၃ စီးနဲ့ စစ်သားအင်အားတစ်ရာခန့်၇ှိပြီး ရဲတွေနဲ့ ဗုဒွဘာသာဝင်အရပ်သား သုံးရာခန့်မှာလည်း ၀ိုင်းဝန်းစောင့်ကြပ်နေတယ်လို့သ
ယခုလက်ရှိမှာတော့ မွတ်စလင်သင်္ချိုင်းမြေကို မြေတုးစက်တွေနဲ့ ဖျက်သိမ်းမှု အနေအထားမှာ သင်္ချိုင်းမြေ၇ဲ့ သုံးပုံတစ်ပုံခန့်ပြီးစီးနေပြီး
မွတ်စလင်သင်္ချိုင်းမြေ၇ဲ့အကျယ်အဝ
မွတ်စလင်သင်္ချိုင်းဖျက်သိမ်းမှုက
" ကျောင်းထိုင်တစ်ပါးလာတားသေးတယ်၊
No comments:
Post a Comment