မေ-၁၇၊၂၀၁၃
M-Media
အမေရိကန်တွင် အခြေပြုသည့် သတင်း ဆက်သွယ်ရေး နည်းပညာများကို မှီခိုနေ ရသောကြောင့် လက်တင်အမေရိကနိုင်ငံများ၏ အချုပ်အခြာမှာအမေရိကန်ထောက်လှမ်းရေး အေဂျင်စီများ၏ ခြိမ်းခြောက်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ၀ီကီလီက်ကို တည်ထောင်သူ ဂျူလီယန် အက်စိန်းဂ်ျ(Julian Assange)က ပြောဆိုသည်။
လက်တင်အမေရိကနိုင်ငံများအနေဖြင့်  ၀ါရှင်တန်၏ အင်တာနက်သတင်းအချက်အလက် ကိုင်တွယ်မှုအပေါ် ယုံကြည်စိတ်ချနေခြင်းက အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများဖြစ်ြ ကသည့်
စီအိုင်အေ၊ အန်အက်စ်အေနှင့် အက်ဖီအိုင်တို့မှ စောင့်ကြည့်ခံနေရခြင်း၏
အရင်းအမြစ်ဖြစ်သည်ဟု ဂျူလီယန် အက်စိန်ဂ်ျ က ဥရုဂွေးနိုင်ငံပြည်သူ့တက္ကသိုလ်၌ ကျင်းပသည့် ဗီဒီယိုအစည်းအဝေးတစ်ခု တွင် ပြောကြားခဲ့သည်ဟု Russia Today သတင်းဌာနက သောကြာနေ့တွင် ဖော်ပြခဲ့သည်။
“လူတစ်ဦးချင်းစီရဲ့ ကြားမှာရှိနေတဲ့ သာမန် စာပေးစာယူစနစ်၊ တယ်လီဖုန်းလိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်ပြောဆိုမှုတွေကို အစားထိုးပြီး လူ့အဖွဲ့အစည်းရဲ့ နယ်ပယ်စုံမှာ ထိုးဖောက်ဝင်ရောက်လာတဲ့ အင်တာနက် အသုံးအပြုမှုဟာ အမေရိကန်ဆက်သွယ်ရေးလုပ်ငန်းတွေရဲ့လက်ထဲမှာ ရှိနေပါတယ်။” ဟု သူကဆိုသည်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကွန်ပျူတာစနစ်များမှ ကြီးမားသောဆာဗာများတွင် လက်တင်အမေရိက နိုင်ငံသားများ၏ သတင်းအချက်အလက်များကို သတိလက်လွတ် လွှင့်တင်နေခြင်းများကို ပြောဆိုသွားပြီး ဆိုရှယ်နက်ဝက်များနှင့် ဂူးဂဲလ်ကဲ့သို့ ကုမ္ပဏီများ၏ ထုတ်လုပ်မှုများကို လူကြိုက်များမှု မြင့်တက်လာခြင်းနှင့်ပက်သက်၍လည်း
ပြောဆိုသွားခဲ့သည်။ ထိုသတင်းအချက်အလက်များအား ဂူးဂဲလ်၊ ဖေ့စ်ဘွက်၊
ရာဟူးနှင့် အခြားသော အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများက
ထိန်းချုပ်ထားသည်။
“အဲဒီသတင်း အချက်အလက်တွေကို အမေရိကန်ထောက်လှမ်းရေး အေဂျင်စီတချို့နဲ့ အခြားသော အဖွဲ့အစည်းတွေက တရားဝင် ပုံစံနဲ့ရော၊ အခြားပုံစံနဲ့ပါ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ထိန်းချုပ်ထားပါတယ်။” ဟု သူကဆိုသည်။
အဆိုပါ မှတ်ချက်ပေးပြောဆိုမှုမှာ ၎င်းတို့၏ သတင်းထောက်များ၊ အယ်ဒီတာများ၏ နှစ်လတာအတွင်း တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုများ ကို အမေရိကန် တရားရေးဌာနမှ လျှို့ဝှက်စွာ နားထောင် ခွင့်ရနေသည်ဟု အေပီသတင်းဌာနမှ ထုတ်ဖော်ပြောဆိုပြီးနောက်ပိုင်း ရက်အနည်းငယ် အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထောက်လှမ်းရေးလုပ်ငန်းအတွက် မိမိနိုင်ငံသားများ၏ တယ်လီဖုန်းပြောဆိုမှုများကို ကြားဖြတ်နားထောင်ခြင်းနှင့် ပတ်သက်သည့် ပြဌာန်းထားသော ကိုယ်ပိုင်ဥပဒေများကို လိုက်နာရာတွင်ပင် အမေရိကန်အစိုးရမှာ စောင့်စည်းမှု မရှိဟု သူက ထည့်သွင်းပြောကြားခဲ့ ပြီး နိုင်ငံခြားတိုင်းပြည် များမှ ပြည်သူများ၏ သတင်း အချက်အလက်များကို ထောက်လှမ်းစုံစမ်းခြင်းအား တားဆီးရန် အမေရိကန်တွင် ဥပဒေပြဌာန်းထားခြင်းမရှိ ဟူ၍လည်း သူက ဆက်လက်ပြောကြားခဲ့သည်။
အမေရိကန် တရားရေးဌာနက ဖမ်းယူထားသာ တယ်လီဖုန်းပြောဆိုမှု မှတ်တမ်းများတွ င် အေပီသတင်းထောက် တစ်ဦးချင်းဆီ၏ ဖုန်းနံပါတ်များဖြင့် အလုပ်နှင့် ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် ခေါ်ယူပြောဆိုမှုများ၊ နယူးယောက်ရှိ အေပီသတင်းဌာန ရုံးချုပ်၊ ၀ါရှင်တန်၊ ဟတ်ဖို့ဒ်၊ ကွန်နက်တီကတ်ရှိ အေပီသတင်းဌာနရုံးများ၏ ဖုန်းနံပါတ်များဖြင့် ခေါ်ယူပြောဆိုမှုများ၊ အမေရိကန်အောက်လွှတ်တော် မီဒီယာခန်းမှ အေပီသတင်းဌာန၏ ဖုန်းနံပါတ်ဖြင့် ခေါ်ယူပြောဆိုမှုများ ပါဝင်လေသည်။
MR/HSN
M-Media
အမေရိကန်တွင် အခြေပြုသည့် သတင်း ဆက်သွယ်ရေး နည်းပညာများကို မှီခိုနေ ရသောကြောင့် လက်တင်အမေရိကနိုင်ငံများ၏ အချုပ်အခြာမှာအမေရိကန်ထောက်လှမ်းရေး အေဂျင်စီများ၏ ခြိမ်းခြောက်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ၀ီကီလီက်ကို တည်ထောင်သူ ဂျူလီယန် အက်စိန်းဂ်ျ(Julian Assange)က ပြောဆိုသည်။
လက်တင်အမေရိကနိုင်ငံများအနေဖြင်
“လူတစ်ဦးချင်းစီရဲ့ ကြားမှာရှိနေတဲ့ သာမန် စာပေးစာယူစနစ်၊ တယ်လီဖုန်းလိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်ပြောဆိုမှုတွေကို အစားထိုးပြီး လူ့အဖွဲ့အစည်းရဲ့ နယ်ပယ်စုံမှာ ထိုးဖောက်ဝင်ရောက်လာတဲ့ အင်တာနက် အသုံးအပြုမှုဟာ အမေရိကန်ဆက်သွယ်ရေးလုပ်ငန်းတွေရ
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကွန်ပျူတာစနစ်များမှ ကြီးမားသောဆာဗာများတွင် လက်တင်အမေရိက နိုင်ငံသားများ၏ သတင်းအချက်အလက်များကို သတိလက်လွတ် လွှင့်တင်နေခြင်းများကို ပြောဆိုသွားပြီး ဆိုရှယ်နက်ဝက်များနှင့် ဂူးဂဲလ်ကဲ့သို့ ကုမ္ပဏီများ၏ ထုတ်လုပ်မှုများကို လူကြိုက်များမှု မြင့်တက်လာခြင်းနှင့်ပက်သက်၍လည်
“အဲဒီသတင်း အချက်အလက်တွေကို အမေရိကန်ထောက်လှမ်းရေး အေဂျင်စီတချို့နဲ့ အခြားသော အဖွဲ့အစည်းတွေက တရားဝင် ပုံစံနဲ့ရော၊ အခြားပုံစံနဲ့ပါ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ထိန်းချုပ်ထားပါတယ်။” ဟု သူကဆိုသည်။
အဆိုပါ မှတ်ချက်ပေးပြောဆိုမှုမှာ ၎င်းတို့၏ သတင်းထောက်များ၊ အယ်ဒီတာများ၏ နှစ်လတာအတွင်း တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုများ
ထောက်လှမ်းရေးလုပ်ငန်းအတွက် မိမိနိုင်ငံသားများ၏ တယ်လီဖုန်းပြောဆိုမှုများကို ကြားဖြတ်နားထောင်ခြင်းနှင့် ပတ်သက်သည့် ပြဌာန်းထားသော ကိုယ်ပိုင်ဥပဒေများကို လိုက်နာရာတွင်ပင် အမေရိကန်အစိုးရမှာ စောင့်စည်းမှု မရှိဟု သူက ထည့်သွင်းပြောကြားခဲ့ ပြီး နိုင်ငံခြားတိုင်းပြည် များမှ ပြည်သူများ၏ သတင်း အချက်အလက်များကို ထောက်လှမ်းစုံစမ်းခြင်းအား တားဆီးရန် အမေရိကန်တွင် ဥပဒေပြဌာန်းထားခြင်းမရှိ ဟူ၍လည်း သူက ဆက်လက်ပြောကြားခဲ့သည်။
အမေရိကန် တရားရေးဌာနက ဖမ်းယူထားသာ တယ်လီဖုန်းပြောဆိုမှု မှတ်တမ်းများတွ င် အေပီသတင်းထောက် တစ်ဦးချင်းဆီ၏ ဖုန်းနံပါတ်များဖြင့် အလုပ်နှင့် ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် ခေါ်ယူပြောဆိုမှုများ၊ နယူးယောက်ရှိ အေပီသတင်းဌာန ရုံးချုပ်၊ ၀ါရှင်တန်၊ ဟတ်ဖို့ဒ်၊ ကွန်နက်တီကတ်ရှိ အေပီသတင်းဌာနရုံးများ၏ ဖုန်းနံပါတ်များဖြင့် ခေါ်ယူပြောဆိုမှုများ၊ အမေရိကန်အောက်လွှတ်တော် မီဒီယာခန်းမှ အေပီသတင်းဌာန၏ ဖုန်းနံပါတ်ဖြင့် ခေါ်ယူပြောဆိုမှုများ ပါဝင်လေသည်။
MR/HSN
No comments:
Post a Comment