မိတ္ထီလာ။ CNN
အသက် ၁၉ နှစ်အရွယ် နှင်းအိဖြူဟာ သူမရဲ့ အိမ်မှာပဲ တိုးတိတ်စွာ ၀တ်ပြုနေလေရဲ့ ။ ဒါဟာ မုန်တိုင်းအလွန် လေငြိမ်တစ်ခုအလား ပဋိပက္ခ အလွန်လူ့အဖွဲ့အစည်းအတွင်းက ပုံမှန် အနေ အထား တစ်ခုအဖြစ် ငြိမ်သက်စပြုလာတဲ့
မြင်ကွင်းလေးပါ။
အဲဒီမွတ်စလင်မိန်းကလေးဟာ ၀တ်ပြုစရာဗလီ ဖြိုချဖျက်ဆီးခံလိုက်ရတဲ့အတွက်သူမရဲ့
မိသားစု ၀တ်ပြုရာ ဗလီကို မသွားနိုင်တော့ပါဘူး။ ဒါကြောင့်သူတို့နေထိုင်ရာ
မိတ္ထီလာ အားကစားရုံနားက ယာယီ တဲလေးအတွင်းမှာ ၁လကျော်ကျော်လောက်
ဝတ်ပြုလိုက်ရပါသေးတယ်။
လူဦးရေ ၁ သိန်းလောက်နေထိုင်တဲ့ မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၀ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် နှင်းအိဖြူတို့မိသားစုတွေဟာစိုးရိမ်ကြောက်လန့်တကြီးနဲ့ နေအိမ်ကနေ ထွက်ပြေးခဲ့ရ ပါတယ်။ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်တို့အကြားဖြစ်ပွားခဲ့တဲ့  အဲဒီ ပဋိပက္ခကြောင့် ၄၂ ဦးထက် မနည်း သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ မြန်မာအစိုးရက ဆိုပါတယ်။
ထိခိုက်ဆုံးရှုံးမှုဒဏ် ခံခဲ့ရတဲ့ မိတ္ထီလာမြို့က မွတ်စလင်အရေအတွက်အလွန်အင်မတန်များပြားခဲ့ပါတယ်။
“ကျမအိမ်ကို ပြန်ရောက်တဲ့အခါမှာတော့ ကျမမျက်လုံးကမျက်ရည်မဆည်နိုင်ပါဘူးရှင်”လို့ နှင်းအိဖြူရဲ့ မိခင် ဒေါ်သီတာလှကပြောပြပါတယ်။
“အိမ်ပြန်ရတဲ့အတွက် အတိုင်းမသိ ၀မ်းသာမိပါတယ်။ ဒါပေမယ့်ဗုဒ္ဓဘာသာအများစုရှိတဲ့ လမ်းမတွေကို လျှောက်သွားတဲ့အခါမှာတော့ပဋိပက္ခတွေမဖြစ်ခင်ကလိုတော့ မဟုတ်တော့ဘူးပေါ့၊ ကျမတို့(ဗုဒ္ဓဘာသာ နဲ့မွတ်စလင်) တွေမှာ တစ်ယောက်ကိုတစ်ယောက် အဲဒီလိုမျိုး လုပ်ခဲ့တာမရှိဘူး၊အခုတော့ လူတွေ တစ်ဦးနဲ့တစ်ဦးကြားမှာ စိတ်ချင်းမကပ်ကြတော့ဘူး”လို့ အသက်၄၅ နှစ်အရွယ် မိခင်ဖြစ်သူက ပြောပါတယ်။
ဒေါ်သီတာလှနဲ့ သူ့ရဲ့ နောက်ဆက်တွဲ မိသားစုတွေဟာ မိတ္ထီလာမြို့ဝန်းကျင်ကလမ်းသွယ်လေးတွေရဲ့ တစ်ဘက်တချက်စီက ခနော်နီခနော်နဲ့ အိမ်လေးထဲမှာစုနေရတယ်။ စစ်တပ်နဲ့ ရဲက တာဝန်ယူထားတဲ့ လုံထိန်းအဖွဲ့တွေကတော့ဟိုနားဒီနားလောက်ကိုပဲ လမ်းထွက်လျှောက်ခွင့်ပေးတယ်။
ပဋိပက္ခဖြစ်ပြီး ၂ လကြာပြီးတဲ့အထိ မီးလောင်ပြာကျသွားလို့ချောက်ကပ်ကပ်ဖြစ်နေတဲ့ နေရာတွေမှာတော့ ဟိုနားတစ်စ ဒီနားတစ်စလောက်ပဲအိမ်လေးတွေ ပြန်ဆောက်နေတာတွေ့ရပါတယ်။ အချို့နေရာတွေမှာလည်းမီးကျွမ်းထားတဲ့ အိမ်တိုင်တွေ ထိုးထိုးထောင်ထောင် ကျန်ရှိနေတုန်းပါပဲ။
တစ်ချိန်က အိမ်ခေါင်မိုးဖြစ်ခဲ့တဲ့ သွပ်ချပ်တွေလည်း အခုအချိန်မှာပြာပုံထဲ တွန့်လိပ်ခေါက်ကွေး ပြန့်ကျဲနေတုန်းပဲ။ အစိုးရကတော့ပျက်စီးသွားတဲ့ အိမ် ခန့်မှန်းခြေ ၁၆၀၀ လောက်ကို
ပြန်လည်တည်ဆောက်နေပါပြီလို့ဆိုတ ယ်။ ဒါပေမယ့် မွတ်စလင်နဲ့ဗုဒ္ဓဘာသာဝင်တွေကြား ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ကေ တာ့ ခက်ခဲနေတုန်းပါပဲ။
“အခုချိန်မှာ ကျွန်တော်တို့ကလည်း သူတို့ကို မယုံဘူး၊ သူတို့ကလည်းကျွန်တော်တို့ကို မယုံတော့ဘူး”လို့ အသက်၅၀ အရွယ် ဗုဒ္ဓဘာသာဝင်ဦးအောင်ခင်က ပြောပြပါတယ်။ ဦးအောင်ခင်ဟာ အသက် ၅ နှစ်မှ ၂၄ နှစ်အကြားရှိကလေး ၅ ယောက်ရဲ့ အဖေလည်းဖြစ်ပါတယ်။ သူ့မှာ မွတ်စလင် မိတ်ဆွေ သူငယ်ချင်း
အများအပြားရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ပဋိပက္ခဖြစ်ပြီးတဲ့နောက်မှာတော့ယုံကြည်မှု ကုန်ခမ်းသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
“အဲဒီနောက်မှာ ကျွန်တော်တို့ ဘာမှပြောစရာမရှိတော့ဘူး၊ တစ်ဦးနဲ့တစ်ဦးပြောစရာတွေလည်း သိပ်မရှိတော့ဘူးလေ၊ အခုအချိန်မှာ သူတို့ကို ယုံကြည်ဖို့ခဲယဉ်းနေပါတယ်”လို့ သူက ပြောပါတယ်။ ဦးအောင်ခင်ဟာ အရင်ကမွတ်စလင်အမဲသားဆိုင်မှာ ဈေးဝယ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အသားထဲအဆိပ်ခတ်လိုက်လေမလားဆိုပြီး မ၀ယ်ရဲဘူးဖြစ်နေပါတယ်လို့ဆိုပါတ ယ်။
ဒီလိုပဲ ဒေါ်သီတာလှတို့ မိသားစုကလည်း ယုံကြည်စိတ်ချရဖို့အတွက်မွတ်စလင်ဈေးဆိုင်မှာပဲ ၀ယ်နေရတယ်လို့ ဆိုပါတယ်။တက္ကသိုလ်ကျောင်းသူဖြစ်တဲ့ သူ့သမီးကိုတော့ ပဋိပက္ခတွေဖြစ်ပြီးကတည်းက
ကျောင်းပြန်မဖွင့်သေးလို့ အိမ်မှာပဲ ထားရပါတယ်။နှင်းအိဖြူက ကျောင်းမှာ ဗုဒ္ဓဘာသာသူငယ်ချင်းတွေ အများကြီးရှိပါသတဲ့။သူတို့ရဲ့ ရင်းနှီးမှုတွေကနေ တဆင့် အရင်လို ပုံမှန်အတိုင်းပြန်ဖြစ် ချင်ပါတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ပဋိပက္ခတွေစဖြစ်ကတည်းကသူတို့နဲ့အဆက် အသွယ်ပြတ် ခဲ့သလို သူတို့ကလည်း သူ့ကို ထိတွေ့ဆက်ဆံတာမျိုးမရှိခဲ့ပါဘူး။
ဗုဒ္ဓဘာသာဝင် ၉၀ ရာခိုင်နှုန်းရှိတဲ့ မြန်မာနိုင်ငံမှာ မွတ်စလင်တွေဟာဗုဒ္ဓဘာသာဝင်လူများစုကြီးနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လာခဲ့ကြပါတယ်။ သားသမီးတွေဟာလည်း ကျောင်းတွေမှာအတူတူ၊
မိဘတွေကလည်း အလုပ်ခွင်မှာအတူတူ လုပ်ကိုင်နေထိုင်ခဲ့ကြပါတယ်။ဒါပေမယ့် မိတ္ထီလာမြို့မှာဆိုရင် စစ်အစိုးရရဲ့ ဖိနှိပ်မှုအောက်မှာ အနှစ် ၂၀ကျော်ကြာ နေထိုင်ခဲ့စဉ်အတွင်း လူမျိုးရေးအပြစ်ရှာမှုတွေ
ပေါက်ဖွားလာခဲ့တယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ရခိုင်ပြည်နယ်မှာ နိုင်ငံမဲ့အဖြစ် သတ်မှတ်ခံရတဲ့ရိုဟင်ဂျာမွတ်စလင်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၁၀ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
နိုင်ငံအနှံ့မှာ “၉၆၉”မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုကမွတ်စလင်စီးပွားရေးတွေကို ဆန့်ကျင်ဖို့ ဗုဒ္ဓဘာသာဝင်တွေကိုလှုံ့ဆော်အားပေးပါတယ်။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နေထိုင်တဲ့နိုင်ငံရဲ့ အကြီးဆုံးမြို့တော် ရန်ကုန်မှာဆိုရင်လည်း “၉၆၉”စတေကာတွေကိုတက္ကစီတွေနဲ့ ဈေးဆိုင်လေးတွေ မှာ အများအပြားတွေ့မြင်ရမှာဖြစ်ပါတယ်။
မိတ္ထီလာပဋိပက္ခဖြစ်ပြီးကတည်းက ရန်ကုန်မြို့မှာလည်း ရဲတွေကလုံခြုံရေးတိုးမြှင့်ချထားခဲ့ပါ တယ်။ ဒါပေမယ့်လည်း ရန်ကုန်မြို့နဲ့အနီးဆုံးဖြစ်တဲ့ မြို့တွေမှာ ဗုဒ္ဓဘာသာဝင်အုပ်စုကြီးက မွတ်စလင်ပိုင်အိမ်တွေ၊ ဆိုင်တွေနဲ့ ဗလီတွေကို ဖျက်ဆီးခဲ့ကြပါတယ်။
အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC)က ရခိုင်ပဋိပက္ခအပြီးမှာပြဿနာတွေကို ဆွေးနွေး အဖြေရှာဖို့ မြန်မာပြည်ကို ကိုယ်စားလှယ်အဖွဲ့စေလွှတ်မယ့်ကမ်းလှမ်းချက် ကို နေပြည်တော် အာဏာပိုင်တွေ ကခါးခါးသီးသီးငြင်းပယ်ပြီး ကမ်းလက်ကို ဖမ်းဆုတ်ရမယ့်အစားလှမ်းပုတ် လိုက်ပြီးတဲ့နောက်မှာမှ အခုလို ဘာသာရေးပဋိပက္ခတွေဟာဆက်တိုက်ဆိုသလို ပေါ် ထွက် လာခြင်းပဲ ဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ် နှင်းအိဖြူဟာ သူမရဲ့ အိမ်မှာပဲ တိုးတိတ်စွာ ၀တ်ပြုနေလေရဲ့ ။ ဒါဟာ မုန်တိုင်းအလွန် လေငြိမ်တစ်ခုအလား ပဋိပက္ခ အလွန်လူ့အဖွဲ့အစည်းအတွင်းက ပုံမှန် အနေ အထား တစ်ခုအဖြစ် ငြိမ်သက်စပြုလာတဲ့
မြင်ကွင်းလေးပါ။
အဲဒီမွတ်စလင်မိန်းကလေးဟာ ၀တ်ပြုစရာဗလီ ဖြိုချဖျက်ဆီးခံလိုက်ရတဲ့အတွက်သ
လူဦးရေ ၁ သိန်းလောက်နေထိုင်တဲ့ မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၀ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် နှင်းအိဖြူတို့မိသားစုတွေဟာစိုးရိမ်ကြောက်လန့်တကြီးနဲ့ နေအိမ်ကနေ ထွက်ပြေးခဲ့ရ ပါတယ်။ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်တို့အကြားဖြစ်ပွားခဲ့တဲ
ထိခိုက်ဆုံးရှုံးမှုဒဏ် ခံခဲ့ရတဲ့ မိတ္ထီလာမြို့က မွတ်စလင်အရေအတွက်အလွန်အင်မတန်များပြားခဲ့ပါတယ်။
“ကျမအိမ်ကို ပြန်ရောက်တဲ့အခါမှာတော့ ကျမမျက်လုံးကမျက်ရည်မဆည်နိုင်ပါဘူးရှင်”လို့
“အိမ်ပြန်ရတဲ့အတွက် အတိုင်းမသိ ၀မ်းသာမိပါတယ်။ ဒါပေမယ့်ဗုဒ္ဓဘာသာအများစုရှိတဲ့ လမ်းမတွေကို လျှောက်သွားတဲ့အခါမှာတော့ပဋိပက္ခတွေမဖြစ်ခင်ကလိုတော့ မဟုတ်တော့ဘူးပေါ့၊ ကျမတို့(ဗုဒ္ဓဘာသာ နဲ့မွတ်စလင်) တွေမှာ တစ်ယောက်ကိုတစ်ယောက် အဲဒီလိုမျိုး လုပ်ခဲ့တာမရှိဘူး၊အခုတော့ လူတွေ တစ်ဦးနဲ့တစ်ဦးကြားမှာ စိတ်ချင်းမကပ်ကြတော့ဘူး”လို့ အသက်၄၅ နှစ်အရွယ် မိခင်ဖြစ်သူက ပြောပါတယ်။
ဒေါ်သီတာလှနဲ့ သူ့ရဲ့ နောက်ဆက်တွဲ မိသားစုတွေဟာ မိတ္ထီလာမြို့ဝန်းကျင်ကလမ်းသွယ်လေးတွေရဲ့ တစ်ဘက်တချက်စီက ခနော်နီခနော်နဲ့ အိမ်လေးထဲမှာစုနေရတယ်။ စစ်တပ်နဲ့ ရဲက တာဝန်ယူထားတဲ့ လုံထိန်းအဖွဲ့တွေကတော့ဟိုနားဒီနားလောက်ကိုပဲ လမ်းထွက်လျှောက်ခွင့်ပေးတယ်။
ပဋိပက္ခဖြစ်ပြီး ၂ လကြာပြီးတဲ့အထိ မီးလောင်ပြာကျသွားလို့ချောက်ကပ်ကပ်ဖြစ်နေတဲ့ နေရာတွေမှာတော့ ဟိုနားတစ်စ ဒီနားတစ်စလောက်ပဲအိမ်လေးတွေ ပြန်ဆောက်နေတာတွေ့ရပါတယ်။ အချို့နေရာတွေမှာလည်းမီးကျွမ်းထားတဲ့ အိမ်တိုင်တွေ ထိုးထိုးထောင်ထောင် ကျန်ရှိနေတုန်းပါပဲ။
တစ်ချိန်က အိမ်ခေါင်မိုးဖြစ်ခဲ့တဲ့ သွပ်ချပ်တွေလည်း အခုအချိန်မှာပြာပုံထဲ တွန့်လိပ်ခေါက်ကွေး ပြန့်ကျဲနေတုန်းပဲ။ အစိုးရကတော့ပျက်စီးသွားတဲ့ အိမ် ခန့်မှန်းခြေ ၁၆၀၀ လောက်ကို
ပြန်လည်တည်ဆောက်နေပါပြီလို့ဆိုတ
“အခုချိန်မှာ ကျွန်တော်တို့ကလည်း သူတို့ကို မယုံဘူး၊ သူတို့ကလည်းကျွန်တော်တို့ကို မယုံတော့ဘူး”လို့ အသက်၅၀ အရွယ် ဗုဒ္ဓဘာသာဝင်ဦးအောင်ခင်က ပြောပြပါတယ်။ ဦးအောင်ခင်ဟာ အသက် ၅ နှစ်မှ ၂၄ နှစ်အကြားရှိကလေး ၅ ယောက်ရဲ့ အဖေလည်းဖြစ်ပါတယ်။ သူ့မှာ မွတ်စလင် မိတ်ဆွေ သူငယ်ချင်း
အများအပြားရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ပဋိပက္ခဖြစ်ပြီးတဲ့နောက်မှာတော့ယုံကြည်မှု ကုန်ခမ်းသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
“အဲဒီနောက်မှာ ကျွန်တော်တို့ ဘာမှပြောစရာမရှိတော့ဘူး၊ တစ်ဦးနဲ့တစ်ဦးပြောစရာတွေလည်း သိပ်မရှိတော့ဘူးလေ၊ အခုအချိန်မှာ သူတို့ကို ယုံကြည်ဖို့ခဲယဉ်းနေပါတယ်”လို့ သူက ပြောပါတယ်။ ဦးအောင်ခင်ဟာ အရင်ကမွတ်စလင်အမဲသားဆိုင်မှာ ဈေးဝယ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အသားထဲအဆိပ်ခတ်လိုက်လေမလားဆိုပြ
ဒီလိုပဲ ဒေါ်သီတာလှတို့ မိသားစုကလည်း ယုံကြည်စိတ်ချရဖို့အတွက်မွတ်စလင်ဈေးဆိုင်မှာပဲ ၀ယ်နေရတယ်လို့ ဆိုပါတယ်။တက္ကသိုလ်ကျောင်းသူဖြစ်တဲ့ သူ့သမီးကိုတော့ ပဋိပက္ခတွေဖြစ်ပြီးကတည်းက
ကျောင်းပြန်မဖွင့်သေးလို့ အိမ်မှာပဲ ထားရပါတယ်။နှင်းအိဖြူက ကျောင်းမှာ ဗုဒ္ဓဘာသာသူငယ်ချင်းတွေ အများကြီးရှိပါသတဲ့။သူတို့ရဲ့ ရင်းနှီးမှုတွေကနေ တဆင့် အရင်လို ပုံမှန်အတိုင်းပြန်ဖြစ် ချင်ပါတယ်လို့ဆိုပါတယ်။
ဗုဒ္ဓဘာသာဝင် ၉၀ ရာခိုင်နှုန်းရှိတဲ့ မြန်မာနိုင်ငံမှာ မွတ်စလင်တွေဟာဗုဒ္ဓဘာသာဝင်လူများစုကြီးနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လာခဲ့ကြပါတယ်။
မိဘတွေကလည်း အလုပ်ခွင်မှာအတူတူ လုပ်ကိုင်နေထိုင်ခဲ့ကြပါတယ်။ဒါပေမယ့် မိတ္ထီလာမြို့မှာဆိုရင် စစ်အစိုးရရဲ့ ဖိနှိပ်မှုအောက်မှာ အနှစ် ၂၀ကျော်ကြာ နေထိုင်ခဲ့စဉ်အတွင်း လူမျိုးရေးအပြစ်ရှာမှုတွေ
ပေါက်ဖွားလာခဲ့တယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ရခိုင်ပြည်နယ်မှာ နိုင်ငံမဲ့အဖြစ် သတ်မှတ်ခံရတဲ့ရိုဟင်ဂျာမွတ်စလင်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၁၀ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
နိုင်ငံအနှံ့မှာ “၉၆၉”မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုကမွတ်စလင်စီးပွားရေးတွေကို ဆန့်ကျင်ဖို့ ဗုဒ္ဓဘာသာဝင်တွေကိုလှုံ့ဆော်အားပေးပါတယ်။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နေထိုင်တဲ့နိုင်ငံရဲ့ အကြီးဆုံးမြို့တော် ရန်ကုန်မှာဆိုရင်လည်း “၉၆၉”စတေကာတွေကိုတက္ကစီတွေနဲ့ ဈေးဆိုင်လေးတွေ မှာ အများအပြားတွေ့မြင်ရမှာဖြစ်ပါတယ
မိတ္ထီလာပဋိပက္ခဖြစ်ပြီးကတည်းက ရန်ကုန်မြို့မှာလည်း ရဲတွေကလုံခြုံရေးတိုးမြှင့်ချထားခဲ့ပါ
အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေး
No comments:
Post a Comment