ဆီးရီးယား နိုင်ငံအပေါ် အစ္စရေး နိုင်ငံ၏ တိုက်ခိုက်မှု များနှင့် ပတ်သက်၍
အီဂျစ်၊ အာရပ် အဖွဲ့ချုပ်နှင့် အီရန် နိုင်ငံတို့မှ ပြစ်တင် ဝေဖန်မှုများ
ပြုလုပ်ခဲ့ပြီး ဆီးရီးယား နိုင်ငံတွင် အကူအညီ လိုအပ်ပါက အီရန်ဘက်မှ
ဆီးရီးယား စစ်တပ်ကို လေ့ကျင့်ပေးရန် အဆင်သင့် ရှိနေကြောင်း အီရန်ခြေလျင်
တပ်ဖွဲ့၏ တပ်မှူး ဗိုလ်မှူးချုပ် အာမက်ရီဇာ ပေါ်ဒါ စတန်က မေ ၅ ရက်တွင်
ပြောကြားခဲ့သည်။
ဆီးရီးယား
စစ်တပ်သည် အစ္စရေး တပ်ဖွဲ့များနှင့် နှစ်ပေါင်းများစွာ ပဋိပက္ခများ
ဖြစ်ပွားခဲ့စဉ် အတွင်း လုံလောက်သော အတွေ့အကြုံ များကို ရရှိခဲ့ပြီ
ဖြစ်ကြောင်း၊ ၎င်းတို့၏ နိုင်ငံကို ကာကွယ်ရန် အတွက် ၎င်းတို့တွင် စွမ်းရည်
အလုံအလောက် ရှိကြောင်းနှင့် ပြည်ပအထောက် အကူများ မလိုအပ်ကြောင်း၊ အကယ်၍
လိုအပ်လာပါ ကလည်း ၎င်းတို့ အနေဖြင့် လိုအပ်သော အကူအညီကို ပေးရန် အဆင်သင့်
ရှိကြောင်း၊ သို့ရာတွင် ဆီးရီးယား တို့၏ စစ်ဆင်ရေး များတွင် ပါဝင်သွားမည်
မဟုတ်ကြောင်း အာမက်ရီဇာက ပြောကြားခဲ့သည်။
ထိုသို့ ပြောကြားချက်သည်
မေ ၅ ရက်တွင် ဒမတ်စကပ်မြို့ အနောက် မြောက်ဘက်ရှိ စစ်ဘက်ဆိုင်ရာ သုတေသန
ဌာနကို ပစ်မှတ်ထား၍ အစ္စရေး တို့က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
ခဲ့ခြင်းကို ရည်ရွယ်၍ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မေ ၅ ရက်က
ဖြစ်ပွားခဲ့သည့် လေကြောင်း တိုက်ခိုက်မှုသည် ၎င်းတို့၏ စစ်လေယာဉ် များက
ဆီးရီးယား နိုင်ငံ အတွင်းရှိ နေရာ တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်မည်ဟု
အစ္စရေး နိုင်ငံက မေ ၄ ရက်တွင် အတည်ပြု ပြောကြား ခဲ့ပြီးနောက်
ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment