Tuesday, May 7, 2013

"ဘာသာရေးလွတ်လပ်ခွင့်ကို အစဉ်လေးစားကူညီမယ်လို့ သမ္မတ ဦးသိန်းစိန်ပြော"

မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လွပ်ခွင့် နဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ အစဉ်လေးစား ကာကွယ်ပေးသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင် အစီရင်ခံစာ နဲ့ပတ်သက်ပြီး မနေ့ညနေပိုင်းက တိုင်းပြည်ကို ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ပြဿနာ နဲ့ပတ်သက်ပြီး လက်ရှိအခြေအနေကို လက်တွေ့ကျတဲ့နည်းလမ်းတွေနဲ့ ကိုင်တွယ် ဖြေရှင်းပြီး၊ အနာဂတ်မှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့၊ သမိုင်းဆိုးမွေတွေထဲက ရုန်းထွက်ပြီး အနာဂတ်ကိုရှေးရှုတဲ့ အဖြေတွေကို ရှာဖွေကြရမှာဖြစ်ကြောင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အလွဲသုံးပြီး အမုန်းတရားကိုလှုံ့ဆော်တဲ့ အပြောအဆိုတွေ၊ ပေါ်ပေါက်ခဲ့ တဲ့ ပဋိပက္ခတွေရဲ့ ဇစ်မြစ်တွေကိုလစ်လျူရှုပြီး ဗုဒ္ဓဘာသာနဲ့ မူဆလင်ကြား က ပဋိပက္ခအဖြစ် ရှုမြင်ပုံဖော်နေတာတွေဟာ ပဋိပက္ခ ကို ပိုမိုကြီးထွားစေခဲ့ကြောင်း သမ္မတ ဦးသိန်းစိန် ကပြောကြားခဲ့ပါတယ်။

ပထမဆုံးဆောင်ရွက်ရမယ့်အချက်ဟာ တရားဥပဒေစိုးမိုးရေး အစီအမံတွေချမှတ်ဆောင်ရွက် ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရားမ၀င် ဆက်လက်ဝင်ရောက်လာသူတွေကို ဟန့်တားရေး၊ ထိထိရောက်ရောက် အရေးယူရေး၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတွေအတွက် ရေတို၊ရေရှည် စီမံချက်တွေနဲ့ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လိုအပ်တဲ့ နိုင်ငံတကာအကူအညီတွေရယူသွားမှာဖြစ်သလို၊ ပြန်လည် တည်ဆောက်ရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့ အစည်း တွေကိုလည်း အကူအညီပေးသွားမှာဖြစ်ကြောင်း၊ အရင်က နိုင်ငံတကာအဖွဲ့တချို့ရဲ့ လုပ်ကိုင်နည်း အမှားတွေ ကြောင့် ပြဿနာ ပိုရှုပ်ခဲ့တာလည်း မငြင်းနိုင်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းမှာ မူလကရောက်ရှိနေကြတဲ့ အစ္စလာမ် ဘာသာကိုးကွယ် သူတွေအပေါ် လူသားချင်းစာနာတဲ့ အနေနဲ့ သူတို့ရဲ့အခြေခံရပိုင်ခွင့် အခွင့်အရေး တွေကို လက်တွေ့ ကျကျ ဆောင်ရွက်ပေးသွားမှဖြစ်သလို၊ ရခိုင်တိုင်းရင်းသားတွေရဲ့ ခံစားချက် နဲ့ လိုလားချက်တွေကိုလည်း လုံးဝလျစ်လျူရှုမှာမဟုတ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment