Sunday, April 21, 2013

နိုင်ငံတကာ အာကာသ စခန်းမှ ရုရှားပိုင် Pirs အာကာသ စခန်းငယ် တစ်ခုအား ၂ဝ၁၃ နှစ်ကုန်တွင် ဖြုတ်ချ သွားမည်

နိုင်ငံတကာ အာကာသ စခန်းမှ ရုရှား နိုင်ငံပိုင် အာကာသ ယာဉ်ချင်း ချိတ်ဆက်သည့် Pirs အာကာသ စခန်းငယ်အား ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖြုတ်ချ သွားမည်ဖြစ်ကြောင်း ရုရှား အာကာသ ကော်ပိုရေးရှင်းမှ အကြီးတန်း အရာရှိ တစ်ဦးက ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ Pirs အာကာသ စခန်း ဖြုတ်ချမှုအား ဘက်စုံသုံး ဓာတ်ခွဲခန်းပါ အာကာသ စခန်း မလွှတ်တင်မီ ဖြုတ်ချသွား မည်ဖြစ်ပြီး ထိုဘက်စုံသုံး ဓာတ်ခွဲခန်းပါ အာကာသ စခန်းအား ၂ဝ၁၃ ခုနှစ် နှစ်ကုန်တွင် လွှတ်တင်သွားရန် လျာထားကြောင်း ရုရှား အာကာသ ကော်ပိုရေးရှင်း မှ ဒုတိယ ဒီဇိုင်နာချုပ် ဖြစ်သူ အလက်စ် ဇန္ဒားဒီရီချင်က မတ်လ နှောင်းပိုင်းတွင် ပြောကြားပြီးဖြစ်သည်။

ရုရှားနိုင်ငံ အနေဖြင့် အာကာသတွင်း ကိုယ်ပိုင် အာကာသ စခန်းတစ်ခုတည် ဆောက်ရန် အတွက် အာကာသ စခန်းငယ် လေးခုအား လွှတ်တင်သွားရန် လျာထားကြောင်းနှင့် အာကာသ စခန်းတစ်ခုနှင့် တစ်ခု ချိတ်ဆက်ပေးသည့် အာကာသ စခန်းငယ် တစ်ခုနှင့် သိပ္ပံပညာရပ်များ လေ့လာနိုင်သည့် အာကာသ စခန်းငယ် နှစ်ခုအား ၂ဝ၂ဝ ပြည့်နှစ် နောက်ဆုံးထား၍ လွှတ်တင်သွားရန် စီစဉ်ထားကြောင်း သိရသည်။ လက်ရှိ အချိန်တွင် နိုင်ငံတကာ အာကာသ စခန်း၌ ရုရှားနိုင်ငံမှ အာကာသ စခန်းငယ် ငါးခုပါဝင် ကြောင်း သိရသည်။

http://www.myawady.com.mm/allnews/global/item/11700-2013-04-21-08-36-28

No comments:

Post a Comment