ဧပြီ ၂၁ - ပိာန်းအောင်
တာကွေ့ရွာရှိ အစ္စလာမ် ဘာသာဝင်များအား NLD ပါတီဝင်များက လာရောက် အားပေးခြင်းကို လျို့ဝှက် အစည်းအဝေးလုပ်ပာု ဆိုကာ အထောက်အထားမဲ့ တိုင်ကြားချက်အပေါ် အခြေပြုကာ အာဏာပိုင်များက လူ၅ ဦးထက် ပိုမိုစုရုံးမှု မပြုပါပာုသော အချက် အပါအ၀င် အခြားတင်းကျပ်သည့် စည်းမျည်း အချို့ကို ဒေသခံအစ္စလာမ် ဘာသာဝင် တို့အား လက်မှတ်ရေးထိုးစေခဲ့မှု တစ်ရပ် ယခုလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
NLDမှ မင်းလှမြို့နယ် ဥက္ကဌ ဦးကြီးမြင့်၊ အတွင်းရေးမှုး ဦးခင်ထွန်း အပါအ၀င် အဖွဲ့ဝင် ၁၀ ဦးက အကြမ်းဖက်မှုကြောင့် အတိဒုက္ခရောက်နေသည့် ဒေသခံ အစ္စလာမ် ဘာသာဝင်များအား အခြေအနေနှင့်ရင်ဆိုင် ကြုံတွေ့နေရသည့် ဖြစ်ရပ်များအပေါ် အားပေးစကား လာရောက်ပြောကြားခြင်းကို မွတ်စလင်မ်များနှင့် အစည်းအဝေး လုပ်နေသည်ပာု ယခင် အကြမ်းဖက်မှုတွင် ဦးဆောင်သူများ အနေဖြင့် ပါဝင်သူတို့က မြို့နယ် အုပ်ချုပ်ရေးမှုးရုံးသို့ မမှန်သတင်းပေးပို့ခဲ့ကြောင်း သိရသည်။
"ဦးတင်ရွေရဲ့အိမ်မှာ အန်အလ်ဒီ လူတွေက လာတွေ့တာပါ။ ဒုက္ခရောက်နေတဲ့ သူတွေကို လာတွေ့တာပါ။ အစည်းအဝေး လုပ်တာမပာုတ်ပါဘူး။ သန်းသန်းအောင် နဲ့ ဇနီး ပြုံးပြုံးသီ တို့လင်မယားပဲ သတင်းပို့တာလို့ သိရပါတယ်" ပာု တာကွေ့ရှိ အစ္စလာမ် ဘာသာဝင် တစ်ဦးကပြောသည်။
မမှန်သတင်း ပေးပို့သူများနှင့် အကြမ်းဖက်သူများကို ခေါ်ယူမေးမြန်းမှုမှ တပါး အခြား အရေးယူဆောင်ရွက်မှု တစုံတရာ မရှိခဲ့သော်လည်း ဒုက္ခသည် အစ္စလာမ် ဘာသာဝင်များကိုမှု အလှုလာရောက်သူပင် ဖြစ်ပါစေ ကြိုတင် အကြောင်းကြားရခြင်း၊ လူ ၅ ဦးထက် ပိုကာစုရုံးမှု မပြုပါပာု ခံဝန်ဂတိ ရေးထိုးခိုင်းခြင်းများကို အာဏာပိုင်များက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ် NLD မှလာရောက်တွေ့ဆုံသူများ ကိုယ်တိုင်က အစည်းအဝေး ပြုလုပ်ခြင်းမပာုတ်ကြောင်း ဖုန်းဖြင့် ဖြေရှင်းချက်ပေးခဲ့သော်လည်း အထက်ပါအတိုင်း အာဏာပိုင်များက တင်းကျပ်သည့် ခံဝန်ဂတိရေးထိုး ခိုင်းခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဖျက်ဆီးခံရသည့် မဒရဆာပာ် အားဘေးဘက် ယာယီအကာ ပြုလုပ်ခြင်းကို အကြမ်းဖက်သမားများ အလိုကျ ဖျက်သိမ်းခိုင်းခဲ့သည့် ရွာအုပ်ချုပ်ရေးမှုး ဦးမောင်ဝင်းနှင့် စာရေး တင်နိင်ဝင်းတို့က ယခုလ ၁၉ ရက်နေ့က အစ္စလာမ် ဘာသာဝင်များ ကိုယ်စား ဦးကျော်တင့် နှင့် ဦးတင်ရွေတို့အား လူ ၅ ဦးထက် ပိုမိုစုရုံးမှုမလုပ်ရန်နှင့် ရိက္ခာလာရောက်ထောက်ပံမှု တို့ကိုပါ တင်းကျပ်သည့် စည်းကမ်းများ ချမှတ်ထားကြောင်း သိရသည်။
အထက်ပါအတိုင်း တဘက်သတ် တင်းကျပ်သည့် စည်းကမ်းချက်များကြောင့် စီးပွားရေး လုပ်ကိုင်ခွင့် ပြန်လည်မရရှိသေးသည့် ဒေသခံ အစ္စလာမ် ဘာသာဝင်များအနေဖြင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့ရမှု ပိုမိုများပြားလာကြောင်းလည်း သိရသည်။
"ဂဲတွေနဲ့ပစ်တယ်၊ စီးပွားရေးမလုပ်ရဲဘူး၊ ဘေးကလူတွေ လာပေးတာနဲ့ စားနေရတာ" ပာု အကြမ်းဖက်မှု အလွန် လက်ရှိ အချိန်တွင်ဒေသခံ မွတ်စလင်မ်များ ကြုံတွေ့နေရသည့် အခက်အခဲကို အထက်ပါ ပုဂ္ဂိုလ်ကပင် မြန်မာမွတ်စလင်မ် မီဒီယာသို့ပြောသည်။
ကမ္ဘာ့ကုလသမ္မဂ အဖွဲ့မှ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဗီးယား ကလည်း အကြမ်းဖက်မှုတွင် နိင်ငံတော် အဖွဲ့အစည်းအချို့ တိုက်ရိုက်ပါဝင် ပတ်သက်နေကြောင်း ၂၈.၃.၂၀၁၃ နေ့တွင်ပြောကြားထားသည်။
"အရေးအကြောင်းဆို ဘယ်တော့မှ ရောက်မလာဘူး။ ၀မ်းဖိုးဖိုး ထုတ်ထားပေမယ့် ကျွန်တော်တို့ဆီမှာ ရဲရော စစ်သားရော မရှိဘူး"ပာု အထက်ပါဒေသခံ တစ်ဦးက တာကွေ့ရွာရှိ မွတ်စလင်မ်များ ကြုံတွေ့နေရသည့် အခြေ အနေကိုပြောသည်။
မင်းလှမြို့နယ် အထက်ရေကျော်ကျေးရွာရှိ တာကွေ့ရွာသည် မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ် အကြားတည်ရှိသည်။ အုတ်ဖိုမြို့နယ် အိုးသည်ကုန်းရွာနှင့် ၃ မိုင်ခွဲ အကွာ၊ မင်းလှမြို့နှင့် ၅ မိုင်ကျော် အကွာတွင် တည်ရှိသည်။

No comments:
Post a Comment