Sunday, April 21, 2013

မြန်မာမွတ်စလင်အရေး ကုလကြားဝင်ဆောင်ရွက်ရန် OIC တိုက်တွန်း၊ ကိုယ်စားလှယ်အဖွဲ့အား မြန်မာအစိုးရ ငြင်းပယ်ခြင်းအတွက် ရှုတ်ချ

ဂျစ်ဒါ။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လျက်ရှိတဲ့ မွတ်စလင်တွေ အပေါ်တိုက်ခိုက်မှု ရပ်တန့်ဖို့ ကုလသမဂ္ဂ   ကြား ၀င် ဆောင်ရွက်ရေး အပါအ၀င် မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ကိစ္စ ဆွေးနွေးမယ့် ၀န်ကြီးအဆင့်ကိုယ်စားလှယ်အဖွဲ့ကို မြန်မာအစိုးရ က လက်ခံခွင့်ပြုပေးဖို့ အစ္စလာမ် ပူးပေါင်းဆောင် ရွက်ရေး အဖွဲ့ (OIC)က တိုက်တွန်းပြောကြား ခဲ့ပါတယ်။

“မြန်မာအစိုးရအနေနဲ့ OIC ရဲ့အဆိုပြုချက်ကို တုန့်ပြန်ဖို့နဲ့ OIC ရဲ့ ၀န်ကြီးအဆင့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံခွင့်ပြုဖို့ တာဝန်ရှိပါတယ်” လို့ OIC က ကြေညာချက်ထုတ်ပြန်တဲ့ အကြောင်း AFP သတင်း ဌာနက ဖော်ပြ ခဲ့ပါတယ်။

ဒါပေမယ့် မြန်မာအစိုးရက မွတ်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှု အစီရင် ခံစာတွေကို စုံစမ်းစစ်ဆေးမယ့် OIC ကိုယ်စားလှယ် အဖွဲ့ကို မြန်မာပြည်ဝင်ခွင့်ပြုဖို့ ငြင်းဆိုလိုက်တဲ့အတွက် OIC အကြီးအကဲက ဝေဖန်ရှုတ်ချ လိုက်ပါတယ်။

“မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး အိမ်နီးချင်းနိုင်ငံတွေက အထင်ကရ ခေါင်းဆောင်တွေနဲ့ တရားဝင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ကြိုးစားခဲ့ပေမယ့်လည်း မြန်မာအစိုးရက ဘာမှမတုန့်ပြန်ခဲ့ပါဘူး” လို့ OIC အတွင်းရေးမှူးချုပ် အဲဟ်စန်နိုဂလူက ပြောပါတယ်။

အဲဒီကိုယ်စားလှယ်အဖွဲ့ကို ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက OIC အဖွဲ့ဝင် ၅၇ နိုင်ငံအနက် အာဖဂန်နစ္စတန်၊ ဆော်ဒီအာရေဗျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူးနိုင်း၊ Djibouti ၊ အီဂျစ်၊ ယူအေအီး၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဆူဒန် နဲ့ တူရကီ စတဲ့ ၁၁ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ဖွဲ့စည်းခဲ့တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း မြန်မာနိုင်ငံမှာ OIC ရဲ့ ယာယီရုံးခွဲ ဖွင့်ဖို့ကိစ္စမှာ ဗုဒ္ဓဘာသာဘုန်းကြီးများရဲ့ ဆန္ဒပြကန့်ကွက်မှုကြောင့်ဆိုပြီး သမ္မတဦးသိန်းစိန်က လက်မခံငြင်းပယ် ခဲ့ပါသေးတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကြားဝင်ဆောင်ရွက်ရေး မြန်မာ မွတ်စလင်တွေ တိုက်ခိုက်ခံနေရတာကို ရပ်တန့်နိုင်ဖို့အတွက် ကုလသမဂ္ဂ အဖွဲ့ကြီးအနေနဲ့ ကြားဝင်ဆောင်ရွက်ပေးဖို့ ကမ္ဘာ့မွတ်စလင်အဖွဲ့ကြီးဖြစ် တဲ့ OIC က အဆိုပြုတောင်းဆိုခဲ့ပါတယ်။

“လုံခြုံရေးကောင်စီအနေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ အခွင့်ရေးနဲ့ ဘ၀တွေကို ကာကွယ်ပေးဖို့လိုပါမယ်” လို့ အဲဟ်ဆန်နိုဂလူက ဆွေးနွေး ပွဲမှာပြောပါတယ်။

အလားတူ ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီကိုလည်း မြန်မာပြည်ကလူ့အခွင့်ရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အချက်အလက် ရှာဖွေရေးကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပေးဖို့ OIC က တောင်းဆို သွားပါမယ် လို့ ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာယူနီယံအဖွဲ့ရဲ့ ဒါရိုက်တာ ၀ါကာအူဒင်ကတော့ “ ဒီကိစ္စဟာ ရိုဟင်ဂျာကိစ္စတင်မဟုတ်ပါဘူး၊ မြန်မာပြည်က မွတ်စလင်တွေကိုဆန့်ကျင် တိုက်ခိုက်တာ ဖြစ်တဲ့အတွက် အစ္စလာမ့်အရေးကိစ္စဖြစ်လာပါတယ်၊ဗုဒ္ဓဘာသာ အများစုနေထိုင်ရာ မြန်မာနိုင်ငံမှာ အစွန်းရောက်အဖွဲ့တွေကမြန်မာပြည်ကနေ အစ္စလာမ်ကို ဖယ်ထုတ်ဖို့ ကြိုးစားနေကြတာပါ” လို့ ဆိုတယ်။

မြန်မာပြည်ကမွတ်စလင်အများစုမှာ အိန္ဒိယ၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဆင်းသက်လာသူ များဖြစ်ပြီး သန်း ၆၀ရှိတဲ့တိုင်းပြည်ရဲ့ ၄ ရာခိုင်နှုန်းရှိတယ်လို့ အစိုးရတရားဝင်သတင်းများကဖော်ပြပါတယ်။

နောက်ဆုံးဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာတော့ မြန်မာပြည်အလယ်ပိုင်းကမိတ္ထီလာမြို့မှာစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အစိုးရထုတ်ပြန်ချက်အရ လူ ၄၃ဦးထက်မနည်းသေဆုံးပြီး ဗလီဝတ်ကျောင်းများစွာနဲ့ အိမ်ပေါင်းများစွာမီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

ရွှေဆိုင်ပိုင်ရှင်နဲ့ ဈေးဝယ်သူတို့အကြားကစခဲ့တဲ့ ပဋိပက္ခကိုအကြောင်းပြုပြီး မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တာဟာတခြားတခြားမြို့နယ်တွေကိုပါ ကူးဆက်ပြန့်နှံ့ခဲ့ပါတယ်။

အစ္စလာမ်ဆန့်ကျင်ရေးအမျိုးသားဝါဒီ ဘုန်းတော်ကြီးတွေကတော့မွတ်စလင် မုန်းတီးရေးလှုပ်ရှားမှုက ဦးဆောင်ပြီး မွတ်စလင်ပိုင်ဈေးဆိုင်တွေနဲ့ လုပ်ငန်းတွေကို သပိတ်မှောက်ဖို့ လှုံ့ဆော်ခဲ့ကြတဲ့  “၉၆၉
လှုပ်ရှားမှု”အမည်ခံ အစွန်းရောက်တရားတွေကို ဟောကြားတဲ့အတွက်ပြစ်တင်ဝေဖန်ခံနေရပါတယ်။

ဒီအကြမ်းဖက်မှုတွေဟာ မြန်မာပြည်အနောက်ပိုင်း ရခိုင်ဒေသမှာဖြစ်ပွားခဲ့တဲ့ရိုဟင်ဂျာမွတ်စလင်တွေအပေါ် တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ ပဋိပက္ခရဲ့နောက်ဆက်တွဲလည်း ဖြစ်ပါတယ်။
ဆိုင်ဖွလ္လာပာ် (မြန်မာမွတ်စလင်မီဒီယာ)

http://www.onislam.net/english/news/asia-pacific/462267-oic-urges-un-action-on-burma-muslims.html

No comments:

Post a Comment