ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် တာမွေလေး ရပ်ကွက် မင်းရဲကျော်စွာ မီးရထား ခုံးကျော် တံတားပေါ်၌ ယမန်နေ့ နံနက် ၃နာရီက မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ် ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဘုရင့်နောင် တံတားမှ လုပ်ငန်းခွင် သုံး မော်တော်ယာဉ် အမှတ် ၉ဌ/…..… အား ယာဉ်မောင်း ကိုမောင်မောင် (ဘ) ဦးထွန်းရင်က လူ ၂ဝ ခန့် တင်ဆောင်၍ လေးဒေါင့်ကန် လမ်း အတိုင်း အနောက်မှ အရှေ့ဘက်သို့ မောင်းနှင်လာစဉ် တာမွေလေး မင်းရဲကျော်စွာ မီးရထား ခုံးကျော်တံတား အလယ်တည့်တည့်တွင် တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ် ပါသူများထဲ မှသုံးဦးမှာ ထိခိုက်ဒဏ်ရာများ ရသည့်အတွက် ရပ်ကွက် ပြည်သူများက စံပြဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ကြသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်လက် အရေးယူမှုများ စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:
Post a Comment