Thursday, April 11, 2013

အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေး စံချိန်စံညွှန်း အနည်းဆုံး (၈) ချက် မြန်မာအစိုးရ ချိုးဖောက်နေကြောင်း Burma Campaign UK မှ စာတမ်းထုတ်ပြန်

မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေ (International Human Rights Law) နဲ့ ကိုက်ညီမှုမရှိကြောင်း၊ ရိုဟင်ဂျာလူမျိုးတွေအပေါ် ဆက်ဆံကိုင်တွယ်မှုတွေမှာ တရားဥပဒေ စိုးမိုးမှု လုံးဝမရှိကြောင်း၊ မြန်မာအစိုးရ ဖွဲ့စည်းပေးထားတဲ့ ရခိုင်အကြမ်းဖက်မှု စုံစမ်း စစ်ဆေးရေး ကော်မရှင်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံညွှန်းတွေကို လိုက်နာမှု မရှိကြောင်း၊ မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့အတွက် တာဝန်အပြည့် အဝ ရှိကြောင်း၊ အစိုးရအနေနဲ့ ပျက်ကွက်ခဲ့ရင် နိုင်ငံတကာ အသိုင်းအဝန်းက ကူညီလုပ်ဆောင်ဖို့ တာဝန်ရှိကြောင်း အစရှိတဲ့ အချက်အလက်တွေကို သုံးသပ် တင်ပြသွားပါတယ်။


No comments:

Post a Comment