Saturday, April 6, 2013

အမေရိကန်က ဂူအမ်ကျွန်းတွင် တိုက်ချင်းပစ်ဒုံးကျည်များ အသင့်ပြင်ထား

အမေရိကန်က ဂူအမ်ကျွန်းတွင် တိုက်ချင်းပစ်ဒုံးကျည်များ အသင့်ပြင်ထား

HOT NEWS, April 5, 2013

ယမန်နေ့က မြောက်ကိုရီးယားသည် ၎င်းတို့နိုင်ငံအား အဓိက  အထောက်အပံ့ပြုလျက်ရှိသည့် တောင်မြောက်ကိုရီးယားဖက်စပ် စက်မှုဇုန်အား ပိတ်သိမ်းပြီး တောင်ကိုရီးယား အလုပ်သမားများအား နေရပ်ပြန်ရန် အမိန့်ထုတ်ပြန်ပြီ ဖြစ်ရာ ကိုရီးယားကျွန်းဆွယ်အရေးမှာ စစ်ရေးပဋိပက္ခအသွင် ရောက်ရှိ လာနိုင်သည်ဟု ယူဆသည့်အတွက်  အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့က အမြင့်ဆုံး တပ်လှန့်ထားသည်။

ဝါရှင်တန်ကလည်း မြောက်ကိုရီးယားတို့သည် ဂူအမ်ကျွန်းရှိ အမေရိကန် စစ်စခန်းကို တာဝေးပစ် ဒုံးကျည်များဖြင့် ပစ်ခတ်ရန် ချိန်ရွယ်ထားကြောင်း သတင်းရရှိသဖြင့်၊ အမေရိကန်၏ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တပ်ဖွဲ့နှင့် ဒုံးခွင်းဒုံး ကာကွယ်ရေး စစ်လက်နက်များအား ဂူအမ်ကျွန်းသို့  ဧပြီလ ၃ ရက်မှစ၍ ရွှေ့ပြောင်း တပ်ဆင်ထားကြောင်း အမေရိကန် စစ်ဘက်ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ လေကြောင်းရန် ကာကွယ်ရေးနှင့် ဒုံးခွင်းဒုံး ကာကွယ်ရေး ဒုံးကျည်များတွင် တာတိုပစ် ဒုံးကျည်(Short Range) တာလယ်   ပစ်ဒုံးကျည် (Medium Range Missile) နှင့် တိုက်ချင်းပစ်ဒုံးကျည် (Intermediate range ball is-tic Missiles) များ ပါဝင်သည်။  

ထို့အပြင် အမေရိကန်ပြည်ထောင်စုသည် အနောက် ပစ္စဖိတ်ဒေသတို့ ဖျက်သင်္ဘောနှစ်စီးနှင့် ရေပြင် အခြေစိုက် ရေဒါစခန်း တစ်ခုကိုလည်း   စေလွှတ်ထားသည်။

မြောက်ကိုရီးယားတို့ကလည်း အမေရိကန်တို့အား နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်များဖြင့် အမှန်တကယ်ပစ်မည်ဟု တွင်တွင်ပြော   (Rhetoric) လျက် ရှိသည်။ 

“မြောက်ကိုရီးယားတို့က  အမေရိကန်ကို ရှင်းရှင်းပဲပြောမယ်၊ တို့မှာရှိတဲ့ ပေါ့ပါးလျင်မြန်တဲ့ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တွေနဲ့ ပစ်မယ်” (To attack the US. With 'Smaller Lighter and diversified nuclear weapons') ဟု ခြိမ်းခြောက်ထားသည်။

အမေရိကန်ကာကွယ်ရေး ၀န်ကြီး ဟေဂယ်လ်က မြောက် ကိုရီးယားတို့ ခြိမ်းခြောက်လာမှုကို လျှော့တွက်၍ မရကြောင်း ဒါကြောင့် ဂူအမ်ကျွန်းကို ဒုံးခွင်းဒုံး ကာကွယ်ရေး ဒုံးကျည် စခန်းများကို အသင့်ပြင်ထားရခြင်းဖြစ်ကြောင်းပြောကြားသည်။

ကျော်စိန်
HOT NEWS, April 5, 2013

ယမန်နေ့က မြောက်ကိုရီးယားသည် ၎င်းတို့နိုင်ငံအား အဓိက အထောက်အပံ့ပြုလျက်ရှိ သည့် တောင်မြောက် ကိုရီးယားဖက်စပ် စက်မှုဇုန်အား ပိတ်သိမ်းပြီး တောင်ကိုရီးယား အလုပ်သမားများအား နေရပ်ပြန်ရန် အမိန့်ထုတ်ပြန်ပြီ ဖြစ်ရာ ကိုရီးယားကျွန်းဆွယ်အရေးမှာ စစ်ရေးပဋိပက္ခအသွင် ရောက်ရှိ လာနိုင်သည်ဟု ယူဆသည့်အတွက် အမေရိကန်ပြည်ထောင် စုနှင့် တောင်ကိုရီးယားတို့က အမြင့်ဆုံး တပ်လှန့်ထားသည်။

ဝါရှင်တန်ကလည်း မြောက်ကိုရီးယားတို့သည် ဂူအမ်ကျွန်းရှိ အမေရိကန် စစ်စခန်းကို တာဝေးပစ် ဒုံးကျည်များဖြင့် ပစ်ခတ်ရန် ချိန်ရွယ်ထားကြောင်း သတင်းရရှိသဖြင့်၊ အမေရိကန်၏ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တပ်ဖွဲ့နှင့် ဒုံးခွင်းဒုံး ကာကွယ်ရေး စစ်လက်နက်များအား ဂူအမ်ကျွန်းသို့ ဧပြီလ ၃ ရက်မှစ၍ ရွှေ့ပြောင်း တပ်ဆင်ထားကြောင်း အမေရိကန် စစ်ဘက်ထိပ်တန်းအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ လေကြောင်းရန် ကာကွယ်ရေးနှင့် ဒုံးခွင်းဒုံး ကာကွယ်ရေး ဒုံးကျည်များတွင် တာတိုပစ် ဒုံးကျည်(Short Range) တာလယ် ပစ်ဒုံးကျည် (Medium Range Missile) နှင့် တိုက်ချင်းပစ်ဒုံးကျည် (Intermediate range ball is-tic Missiles) များ ပါဝင်သည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စုသည် အနောက် ပစ္စဖိတ်ဒေသတို့ ဖျက်သင်္ဘောနှစ်စီးနှင့် ရေပြင် အခြေစိုက် ရေဒါစခန်း တစ်ခုကိုလည်း စေလွှတ်ထားသည်။ မြောက်ကိုရီးယားတို့ကလည်း အမေရိကန်တို့အား နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်များဖြင့် အမှန်တကယ်ပစ်မည်ဟု တွင်တွင်ပြော (Rhetoric) လျက် ရှိသည်။

“မြောက်ကိုရီးယားတို့က အမေရိကန်ကို ရှင်းရှင်းပဲပြောမယ်၊ တို့မှာရှိတဲ့ ပေါ့ပါးလျင်မြန်တဲ့ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေနဲ့ ပစ်မယ်” (To attack the US. With 'Smaller Lighter and diversified nuclear weapons') ဟု ခြိမ်းခြောက်ထားသည်။

အမေရိကန်ကာကွယ်ရေး ၀န်ကြီး ဟေဂယ်လ်က မြောက် ကိုရီးယားတို့ ခြိမ်းခြောက်လာမှုကို လျှော့တွက်၍ မရကြောင်း ဒါကြောင့် ဂူအမ်ကျွန်းကို ဒုံးခွင်းဒုံး ကာကွယ်ရေး ဒုံးကျည် စခန်းများကို အသင့်ပြင်ထားရခြင်းဖြစ်ကြောင်းပြောကြားသည်။

ကျော်စိန်

No comments:

Post a Comment