မြို့နယ် ပေါင်တော် ပြင်ရွာ ဈေးနေ့ ဖြစ်သည်။ ဈေးတွင် ဈေးရောင်း ဈေးဝယ်
လာသူ များအား ကွန်ပျူတာဖြင့် လက်ဗွေ ရယူရန် နယ်မြေ (၉) နစကမှူး
ဗိုလ်ကြီး ၀င်းလှိုင်ဦးသည် ယနေ့ နံနက်တွင် ပေါင်တော်ပြင် ဈေးသို့
သွားရောက် ခဲ့သည်။ ဗိုလ်ကြီး ၀င်းလှိုင်ဦး ရောက်လာ သည်ကို သိသည်နှင့် ဈေးသူ
ဈေးသားများနှင့် ဆိုင်ရှင်များ ဈေးပိတ်၍ ပြန်သွားကြသည်။ ထိုအခါ
ဗိုလ်ကြီး ၀င်းလှိုင်ဦးသည် သူ၏ အကြံ မအောင်မြင်သဖြင့် တပ်ခေါက်ပြီး
စခန်းရှိရာသို့ ပြန်လာခဲ့သည်။
စခန်းသို့ ရောက်ပြီးနောက် စခန်းအနီးရှိ ပေါက်တောပြင် ရွာမှ ရွာသားများကို ရွာအလယ်ရှိ လက်ဘရည် ဆိုင်သို့ ဆင့်ခေါ်ရာ ရွာမှ ယောက်ျားများက လက်ဗွေ မနှိပ်လို သဖြင့် အနီး အနားရွာ များသို့ ရှောင်ထွက် သွားကြသည်။ ထိုအခါ ရွာထဲသို့ ၀င်၍ အိမ်ထဲတွင် နေသော မိန်းမများအား ဆွဲခေါ်ထုတ်ပြီး၊ လက်ဘရည် ဆိုင်သို့ ခေါ်သွားကာ ကွန်ပျူတာတွင် အတင်းအဓမ္မ လက်ဗွေ နှိပ်ခိုင်းခဲ့ကြောင်း၊ အပြင်သို့ ထွက်မ လာသော၊ လက်ဗွေ မနှိပ်သော အမျိုးသမီး နှစ်ဦးအား ဗိုလ်ကြီး ၀င်းလှိုင်ဦးမှ ရိုက်နှက်၊ ခြေဖြင့်ကန်၍ အတင်း အဓမ္မ ဆွဲခေါ်ပြီး၊ လက်ဗွေ နှိပ်ယူခဲ့ကြောင်း ဒေသခံ ရွာသားများမှ သတင်းပေးပို့သည်။
နယ်မြေ (၉) နစကမှူးမှ ဤကဲ့သို့ မင်းမဲ့စရိုက် ဆန်ဆန် အတင်း အဓမ္မ လက်ဗွေ နှိပ်ခိုင်း နေမှုကြောင့် ရွာသူရွာသားများ မည်သို့ လုပ်ရမည်ကို ကြံရာ မရဖြစ်ကာ စိုးရိမ် ပူပန် နေရကြောင်း၊ ညရောက် လျှင် လည်း အိမ်ပြန် နေလည်း ဒုက္ခ၊ တခြားရွာ မှာလည်း နေလို့ မရသော ဒုက္ခ စိုးရိမ် ပူပန်မှုများ စွာ ဖြစ်နေ ရသည် ဟုဆိုသည်။ အမျိုးသမီး များမှာ စာပေ မဖတ်တတ် သဖြင့် လက်ဗွေသာ နှိပ်လာခဲ့ရသော်လည်း၊ ဘာကြောင့်၊ ဘာအတွက်၊ ဘာကို လက်ဗွေ နှိပ်ခဲ့ ရသည်ကို သူတို့ မသိကြောင်းလည်း သိရှိရပါသည်။
မေယုတာရာ | RB News

No comments:
Post a Comment