Tuesday, April 23, 2013

"၂၀၁၅ မတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်"

လာမယ့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေခံဥပဒေ ကို ပြင်ဆင်ဖို့ဆောင်ရွက် နေကြောင်း သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း က မနေ့က ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့  အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ တနင်္လာနေ့ ညနေပိုင်းက နယူးယောက်မြို့ကိုလံဘီယာတက္ကသိုလ် မှာ မြန်မာ ကျောင်း သူ ကျောင်းသားတွေ နဲ့တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲအတွင်း ကျောင်းသူကျောင်းသားတွေရဲ့ မေးခွန်းတွေကို ဖြေကြားရာမှာ ၀န်ကြီး ဦးအောင်မင်း ကအခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်နေကြောင်း ဖြေကြားခဲ့တယ်လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့သူ ပြင် ပလေ့လာသူ ဦးခင်ဇော်က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရမယ်။ဒေါ်အောင်ဆန်းစုကြည် ဝင်အရွေးခံနိုင်ဖို့ ပြင်ဖို့ လည်းသူတို့လုပ်ဆောင်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ မဖြစ်ဖို့က ပြည်သူရဲ့ အဆုံးအဖြတ်ပါ။ဒေါ်အောင်ဆန်းစုကြည်လို သမ္မတမျိုးတွေကိုလည်း သူတို့လိုလားပါတယ်လို့ ပြောသွားပါတယ်"

ဒါ့ပြင် မြန်မာနိုင်ငံမှာ စစ်တပ်ဟာ သမ္မတ ရဲ့လက်အောက်မှာသာ ရှိနေကြောင်း၊ လက်ရှိ ပြည်တွင်း ပဋိပက္ခ အားလုံး မကြာခင် ချုပ်ငြိမ်းသွားတော့မှာဖြစ်ကြောင်း ၀န်ကြီး ဦးအောင်မင်းက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲကိုကိုလံဘီယာတက္ကသိုလ်က မြန်မာ ကျောင်းသူ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေ၊ လေ့လာသူတွေ အပါအ၀င် စုစုပေါင်း တစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။

No comments:

Post a Comment