ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ကို တရုတ်နိုင်ငံက တိုက်ခိုက်ရေး ရဟတ်ယဉ်တွေ
ပေးပို့ခဲ့ တယ်လို့ နာမည်ကျော် Jane’s ထောက်လှမ်းရေးစာစောင်က မနေ့က
ဖော်ထုတ်ရေးသားလိုက်ပါတယ်။
TY-90 အမျိုးအစား ဒုံးခွင်းဒုံးလက်နက်တွေ သယ်ဆောင်နိုင် တဲ့ Mi-17 အလတ်စား ရဟတ်ယဉ်တွေကို ဖေဖေါ်ဝါရီလ ကုန်ပိုင်းနဲ့ မတ်လဆန်းမှာ ပေးပို့လိုက်တာဖြစ် တဲ့ အကြောင်း မြန်မာအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ သတင်း ရပ်ကွက်တွေကို ကိုးကားပြီး အဲဒီမဂ္ဂဇင်းက ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ တရုတ်-မြန်မာနယ်စပ်က စစ်ရေးလေ့လာ သူ ဦးအောင်ကျော်ဇောက ဖြစ်နိုင်ချေရှိတယ်လို့ အခုလိုပြောပါတယ်။
"ကျနော့်တစ်ဦးချင်း သဘောကတော့ ဒါကိုမဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်ဘူး၊ ဒါပေမယ့် ပေးတယ် ဆိုတာထက် ဝယ်တာတော့ဖြစ်နိုင်တယ်၊ ဒီကိစ္စတွေက ပြောမယ်ဆိုရင်တော်တော်ရှည်ရှည်ပြောရမှာပဲ၊ ဝယ်သင့်တယ်လို့လဲ ယူဆကြတာရှိတယ်"
Mi-17 ရဟတ်ယဉ် ၅ စင်းဟာ လာအိုနိုင်ငံကနေတဆင့် မဲခေါင်မြစ်ဖြတ်ပြီး UWSA ဒေသ ကို ရောက်လာတာလို့ တိုင်းရင်းသားအဖွဲ့တွေရဲ့ သတင်းရပ်ကွက်အရ သိရတယ်ဆိုပါတယ်။
မြန်မာအာဏာပိုင်တွေရဲ့ သတင်းရပ်ကွက်အရတော့ ရဟတ်ယာဉ် ၂ စင်းပဲ ရောက်သေး တယ်လို့ဆိုပါတယ်။ TY-90 အမျိုးအစား ဒုံးခွင်းဒုံးတွေဟာ မြန်မာစစ်တပ်မှာရှိတဲ့ ရုရှားနိုင်ငံလုပ် Mi-24P အမျိုးအစားဒုံးကျည်တွေကို ဝေဟင်မှာတင် ပစ်ချနိုင်စွမ်းရှိတယ်လို့သိရပါတယ်။ မြန်မာစစ်တပ်ဟာ မကြာသေးခင်ကဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်ကစစ်ပွဲမှာ Mi-24P ဒုံးတွေသုံးခဲ့တယ်လို့ဆိုပါတယ်။
Jane’s ထောက်လှမ်းရေးစာစောင်ရဲ့ ဖော်ထုတ်ရေးသားချက်နဲ့ ပတ်သက်လို့ တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

No comments:
Post a Comment