၂၀၁၃ ခုနှစ်ဧပြီလ ၂၂ရက် (၁၂၃၀)အချိန်တွင် ရန်ကုန်မြို့မှ မော်လမြိုင်မြို့သို့
ထွက်ခွာလာသော ယာဉ်မောင်း ဦးသန်းရွှေ မောင်းနှင်သည့် ယာဉ်အမှတ် ၉ခ/၇၂၇၆ Fuso
(အနီရောင်) ၀င်းမှန်လုံ ခရီးသည်တင် ယာဉ်သည် ကျိုက်ထိုမြို့ ကျူချောင် ကျေးရွာအနီး
မိုင်တိုင်အမှတ် ၁၁၃/၅ နေရာ၌ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော
ဆိုင်ကယ်တစ်စီးနှင့် ကားတစ်စီးအား တိမ်းရှောင်ရာမှ လမ်းယာဘက် သို့
တိမ်းမှောက်သည့်ဖြစ်စဉ် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်ပေါ်တွင် ခရီးသည် (၄၀)ဦး ပါဝင်ပြီး အမည် စီစစ်ဆဲ အမျိုးသမီးတစ်ဦး သေဆုံး ခဲ့ပြီး၊ မ၀င်းကြွယ် (အဘ) ဦးတင်မြင့် စိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ပြီး သထုံဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ကျန်ခရီးသည် (၁၉)ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများ အသီးသီး ရရှိခဲ့ပြီး ကျိုက်ထို ဆေးရုံသို့ တက်ရောက်၍ ဆေးကုသ ခံယူလျှက် ရှိကြောင်းသိရသည်။
တိမ်းမှောက်သွားသည့် ယာဉ်အား (၁၄၅၀) အချိန်တွင် ကျိုက်ထိုမြို့သို့ ပြန်လည် သယ်ဆောင်ခဲ့ပြီး ယာဉ်မောင်း ဦးသန်းရွှေအား ကျိုက်ထို ရဲစခန်း၌ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်း ရရှိသည်။

No comments:
Post a Comment