Tuesday, April 23, 2013

ရန်ကုန်-ပုသိမ် ရထားလမ်းအား ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်မည်

ရန်ကုန်-ပုသိမ် ရထားလမ်းကို ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် ပွင့်လင်းရာသီတွင် သံလမ်းခင်းခြင်း လုပ်ငန်းနှင့် လမ်းပိုင်း ဖွင့်လှစ်နိုင်ရေး အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီမံကိန်း အင်ဂျင်နီယာ ဦးဇော်ရဲမြင့်က ပြောသည်။

အဆိုပါ ရန်ကုန်-ပုသိမ် ရထားလမ်းသည် ပုသိမ်-ကြံခင်း ရထားလမ်းပိုင်းရှိ ဘဲဂရက် ဘူတာမှ စတင် ခွဲထွက်ပြီး အိမ်မဲ-ပန်းတနော်- စက္ကော့-ဧရာဝတီ တံတား(ညောင်တုန်း)- ညောင်တုန်း- ရန်ကုန် (လှိုင်သာယာ)သို့ ဆက်သွယ် ဖောက်လုပ်လျက် ရှိပြီး လမ်းပိုင်းသည် ၉၈ မိုင် ရှည်လျားကြောင်း သိရသည်။

ထို့နောက် ရန်ကုန်-ပုသိမ် ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်း၏ ပုသိမ်- အိမ်မဲ လမ်းပိုင်း မိုင် ၂ဝ ဒသမ ၇၅ မိုင်ကို ၂ဝ၁၁ ခုနှစ် မတ် ၂ဝ ရက်က ဖွင့်လှစ်ခဲ့သည်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် ပွင့်လင်း ရာသီတွင် သံလမ်းခင်းခြင်း လုပ်ငန်းနှင့် လမ်းပိုင်း ဖွင့်လှစ် နိုင်ရေး အတွက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment