ရခိုင်ပြည်နယ် အတွင်း မြောက်ဦး ခရိုင်အား တိုးချဲ့ဖွဲ့စည်း
ရခိုင်ပြည်နယ် စစ်တွေခရိုင် အတွင်းရှိ မြို့နယ်
လေးမြို့နယ်အား မြောက်ဦး ခရိုင်အဖြစ် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက တိုးချဲ့
ဖွဲ့စည်းခဲ့ကြောင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေ ခရိုင်အား
စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်၊ ရသေ့တောင် မြို့နယ်၊
မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြား မြို့နယ်နှင့် မြေပုံမြို့နယ်
စုစုပေါင်း ရှစ်မြို့နယ်ဖြင့် ဖွဲ့စည်း ထားရာမှ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊
ပုဏ္ဏားကျွန်း မြို့နယ်၊ ရသေ့တောင် မြို့နယ် လေးမြို့နယ်အား စစ်တွေခရိုင်
အဖြစ်လည်းကောင်း၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြား မြို့နယ်နှင့်
မြေပုံမြို့နယ် လေးမြို့နယ်ကို မြောက်ဦးခရိုင် အဖြစ်လည်းကောင်း ပြင်ဆင်
ခဲ့ကြောင်း သိရသည်။
““ မြောက်ဦးမြို့မှ ခရိုင်အဖြစ် တိုးချဲ့လိုက်တဲ့
အတွက်ကြောင့် အုပ်ချုပ်ရေးက ပိုပြီးလွယ်ကူ လာပါတယ်။ အရင်က ခရိုင် ကိစ္စနဲ့
ပတ်သက်ပြီး စစ်တွေကိုပဲ သွားရတယ်။ အခု သွားစရာ မလိုတော့ဘူး”” ဟု မြောက်ဦး
မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား ဦးအောင်ထွန်းသာက ပြောသည်။ အသစ်
ဖွဲ့စည်းခဲ့သော မြောက်ဦး ခရိုင်တွင် မြို့နယ် လေး မြို့နယ်၊ မြို့လေးမြို့၊
ရပ်ကွက် ၂၄ ခု၊ ကျေးရွာ အုပ်စု ၂၈၆ အုပ်စုနှင့် ကျေးရွာ ၉၇၅ ရွာတို့ ပါရှိကြောင်း
သိရသည်။
No comments:
Post a Comment