Tuesday, April 9, 2013
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်ရှိမီးရထားဝန်ထမ်းလိုင်းခန်း အခန်းအမှတ် ၂၀(အေ)နေအိမ်အောက်တွင်ဧပြီဂရက်ညနေ့က ကျည်ဆံနှင့်ဗုံးသီးဟောင်းများ တွေ့ ရှိကြောင်း မြန်မာနိင်ငံရဲတပ်ဖွဲ့မှသိရသည်။
၎င်းလိုင်းခန်းနေ ဦးကျော်စိုး(၃၉)နှစ်၏ ဇနီးဖြစ်သူ သည် နေအိမ်အောက်ထပ်ရှိမြေပြင်အား သန့်ရှင်းရေးပြုလုပ်စဉ် ကြွက်တွင်းဟောင်းအ၀တွင်သံချေးတက် နေသော ၇.၆၂ ကျည် ၂ တောင့်တွေ့ ရသဖြင့် ကြွက်တွင်းအား ဆက်လက်တူးဖေါ်ခဲ့ရာ မြေအနက် ၁ ပေခန့် အရောက်တွင်သံချေး တက်နေသော ၉မမ ကျည် ၁ တောင့်၊ ၄၀ မမကျည် ၁တောင့်၊ ၈၁ ဗုံးသီး ၁ လုံး၊ ၃၆ လက်ပစ်ဗုံး ၁ လုံး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါသံချေးတက်ခဲယမ်းများအား နယ်မြေခံတပ်မှ လာရောက်စစ်ဆေးခဲ့ပြီး စမ်းချောင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမှတ်(၉၀၆) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း (အင်းတကော်)သို့ သွားရောက် အပ်နှံခဲ့ကြောင်း သိရှိသည်။
၎င်းနေ့ နေ့လည် အချိန် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၂/မြောက်)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး မှ သာကေတမြို့နယ် (၂/မြောက်)ရပ်ကွက်မေတ္တာလမ်း အမှိုက်ပုံတွင် အမြှောက်ဆံ ထိပ်ဖူးဟောင်းတစ်ခုတွေ့ရှိကြောင်း ဖုန်းဖြင့်အကြောင်းကြားသဖြင့် သာကေတ(၁)ရဲစခန်း တပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တို့နှင့်အတူ သွားရောက်စစ်ဆေးရာ အဆိုပါအမှိုက်ပုံတွင် အရှည်(၁၄)လက်မ၊ အချင်း(၃)လက်မ၊ ထိပ်ဖူးတွင် ကြေးအရစ်ပါ၊ ထိပ်ဖူးပတ်လည်တွင် No. 199 IV VAT 12/40 စာသားများပါရှိသောသံချေးတက်နေသည့် အမြှောက်ဆံ ထိပ်ဖူးဟောင်းတစ်ခုအား တွေ့ရှိရသဖြင့် အခင်းဖြစ်နေရာတွင် သဲအိတ်များ ကာရံထားရှိပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ စောင့်ကြပ်လျက်ရှိကြောင်းနှင့်နယ်မြေခံတပ်သို့ ဆက်သွယ်အကြောင်းကားကြောင်းသိရသည်။
ရဲဇာနည်
Popular Myanmar News Journal
No comments:
Post a Comment