ဝီရသူ
မကြာမှီ သီရိလင်္ကာသို့ သွားပြီ ဗုဒ္ဓဘာသာအကြမ်းဖက် အဖွဲ့အစည်းများနှင့်
တွေ့ဆုံမည်ဟုသိရ၊ သီရိလင်္ကာ ဗုဒ္ဓဘာသာအကြမ်းဖက် အဖွဲ့အစည်းများ
နိုင်ငံတွင်းခြေရှုပ်နေ
သတင်း - မင်းနိုင်ဦး ( MMM )
လာမည့်မေလ အတွင်း ဗုဒ္ဓဘာသာ ၉၆၉ အဖွဲ့၏ စိတ်ဓါတ်ရေးရာ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဘုန်းကြီး ၀ီရသူ သည် မွတ်စလင်မ်များ အပေါ် အကြမ်းဖက်မှုတွင်နံမည်ကြီးသော သီရိလင်္ကာ နိုင်ငံသို့ သွားရောက်မည်ဟု Dhammavira Ashin FB စာမျက်နှာတွင်ဖေါ်ပြခဲ့ပါသည်။ (http://www.facebook.com/ photo.php?fbid=358960340887768& set=a.314647161985753.73088.30 8669855916817&type=1&theater)
အဆိုပါ ခရီးစဉ်တွင် ၀ီရသူအနေဖြင့် သီရိလင်္ကာမှ ဗုဒ္ဓဘာသာအကြမ်းဖက် အဖွဲ့အစည်း တစ်ခုဖြစ်သော ဗုဒ္ဓဘာသာ စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့ဖြစ်သော Bodu Bala Sena (BBS or Buddhist Force Militia) အဖွဲ့နှင့် တွေ့ဆုံမည်ဟုသိရှိရပါသည်။
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အတွင်း သီရိလင်္ကာ ဗုဒ္ဓဘာသာအကြမ်းဖက် အဖွဲ့အစည်းများမှ ဟုယူဆရ သော ဘုန်းကြီးများ အ၀င်အထွက်များလာပြီး လွန်ခဲ့သည် သင်္ကြန်မတိုင်မှီ ဧပြီလ ၁၁ ရက်နေ့ ကလည်း ည ၁၀ နာရီ ခန့်လူအသွားအလာ နည်းပါးချိန်တွင် စော်ဘွားကြီးကုန်း အနီး ၀ိနည်းနှင့် မညီပဲ သံသယဖြစ်ဖွယ်ရာ သွားလာနေသည်ကို တွေ့ရသဖြင့် နယ်ထိန်းရဲ မှ ဖမ်းဆီးထိမ်းသိန်းခဲ့ပြီး ၁၂ ရက်နေ့တွင် တာဝန်ရှိသူများမှ မင်္ဂလာဒုံလေဆိပ် မှ လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။
အဆိုပါ သီရိလင်္ကာအကြမ်းဖက် အဖွဲ့အစည်းများသည် သီရိလင်္ကာနိုင်ငံတွင် မွတ်စလင်မ်များသာ မက ခရစ်ယာန်များ တမီးလ်ကျား များကို အခွင့်ကြုံလျင်ကြုံသလို တိုက်ခိုက် သတ်ဖြတ်ခဲ့ကြသော အဖွဲ့အစည်းများဖြစ်ပါသည်။ (http://www.facebook.com/ iamacatholic)
(http://www.colombopage.com/ archive_13A/ Apr14_1365881836CH.php)
မြန်မာနိုင်ငံ အတွင်း အိန္ဒိယ နှင့် သီရိလင်္ကာမှ အကြမ်းဖက်အဖွဲ့ အစည်းများသည် လွန်ခဲ့သော စစ်အစိုးရ ခေတ်မှ စတင်ပြီး စိမ့်ဝင်ခဲ့ရာ အိန္ဒိယ နိုင်ငံတွင် ထုတ်ဝေသော မွတ်စလင်မ် ဆန့်ကျင်ရေး စာအုပ်များအား မြန်မာဘာသာသို့ ပြန်ဆိုမြန်မာမှုပြု ထုတ်ဝေခဲ့ခြင်းမှ စတင်ခဲ့ပါသည်။
အမျိုးပျောက်မှာ စိုးကြောက်စရာ ဟူသော စာအုပ်သည် အိန္ဒိယ နိုင်ငံတွင်း အာရိယ ဆမာဂ်ျ နှင့် BJP ကဲ့သို့သောအစွန်းရောက် အဖွဲ့ အစည်းများက နိုင်ငံရေး အကျိုးအမြတ်အတွက်ထုတ်ဝေ ခဲ့သော စာအုပ်များဖြစ်ပြီး အဆိုပါ စာအုပ်များအား မြန်မာပြည်ရှိ အဆိုပါ ဂိုဏ်းခွဲများ၏ အကူအညီဖြင့် မြန်မာ မှုပြု ဖြန့်ဝေခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ ၀ီရသူ၏ ခရီးစဉ်သည်က ဗုဒ္ဓဘာသာ အစွန်းရောက်ဝါဒ သည် ဒုတိယကမ္ဘာစစ် အပြီး အိန္ဒိယ မှ စတင် အခြေပြု ခဲ့သော်လည်း ယခုအခါ မြန်မာနိုင်ငံတွင် အခြားနိုင်ငံများထက် ပိုပြီး အရှိန်အဟုန် မြင့်မားလာသည် ဟူသောအချက်အား ပိုမိုထင်ရှားစေခဲ့ပါသည်။
သတင်း - မင်းနိုင်ဦး ( MMM )
လာမည့်မေလ အတွင်း ဗုဒ္ဓဘာသာ ၉၆၉ အဖွဲ့၏ စိတ်ဓါတ်ရေးရာ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဘုန်းကြီး ၀ီရသူ သည် မွတ်စလင်မ်များ အပေါ် အကြမ်းဖက်မှုတွင်နံမည်ကြီးသော သီရိလင်္ကာ နိုင်ငံသို့ သွားရောက်မည်ဟု Dhammavira Ashin FB စာမျက်နှာတွင်ဖေါ်ပြခဲ့ပါသည်။ (http://www.facebook.com/
အဆိုပါ ခရီးစဉ်တွင် ၀ီရသူအနေဖြင့် သီရိလင်္ကာမှ ဗုဒ္ဓဘာသာအကြမ်းဖက် အဖွဲ့အစည်း တစ်ခုဖြစ်သော ဗုဒ္ဓဘာသာ စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့ဖြစ်သော Bodu Bala Sena (BBS or Buddhist Force Militia) အဖွဲ့နှင့် တွေ့ဆုံမည်ဟုသိရှိရပါသည်။
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အတွင်း သီရိလင်္ကာ ဗုဒ္ဓဘာသာအကြမ်းဖက် အဖွဲ့အစည်းများမှ ဟုယူဆရ သော ဘုန်းကြီးများ အ၀င်အထွက်များလာပြီး လွန်ခဲ့သည် သင်္ကြန်မတိုင်မှီ ဧပြီလ ၁၁ ရက်နေ့ ကလည်း ည ၁၀ နာရီ ခန့်လူအသွားအလာ နည်းပါးချိန်တွင် စော်ဘွားကြီးကုန်း အနီး ၀ိနည်းနှင့် မညီပဲ သံသယဖြစ်ဖွယ်ရာ သွားလာနေသည်ကို တွေ့ရသဖြင့် နယ်ထိန်းရဲ မှ ဖမ်းဆီးထိမ်းသိန်းခဲ့ပြီး ၁၂ ရက်နေ့တွင် တာဝန်ရှိသူများမှ မင်္ဂလာဒုံလေဆိပ် မှ လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။
အဆိုပါ သီရိလင်္ကာအကြမ်းဖက် အဖွဲ့အစည်းများသည် သီရိလင်္ကာနိုင်ငံတွင် မွတ်စလင်မ်များသာ မက ခရစ်ယာန်များ တမီးလ်ကျား များကို အခွင့်ကြုံလျင်ကြုံသလို တိုက်ခိုက် သတ်ဖြတ်ခဲ့ကြသော အဖွဲ့အစည်းများဖြစ်ပါသည်။ (http://www.facebook.com/
(http://www.colombopage.com/
မြန်မာနိုင်ငံ အတွင်း အိန္ဒိယ နှင့် သီရိလင်္ကာမှ အကြမ်းဖက်အဖွဲ့ အစည်းများသည် လွန်ခဲ့သော စစ်အစိုးရ ခေတ်မှ စတင်ပြီး စိမ့်ဝင်ခဲ့ရာ အိန္ဒိယ နိုင်ငံတွင် ထုတ်ဝေသော မွတ်စလင်မ် ဆန့်ကျင်ရေး စာအုပ်များအား မြန်မာဘာသာသို့ ပြန်ဆိုမြန်မာမှုပြု ထုတ်ဝေခဲ့ခြင်းမှ စတင်ခဲ့ပါသည်။
အမျိုးပျောက်မှာ စိုးကြောက်စရာ ဟူသော စာအုပ်သည် အိန္ဒိယ နိုင်ငံတွင်း အာရိယ ဆမာဂ်ျ နှင့် BJP ကဲ့သို့သောအစွန်းရောက် အဖွဲ့ အစည်းများက နိုင်ငံရေး အကျိုးအမြတ်အတွက်ထုတ်ဝေ ခဲ့သော စာအုပ်များဖြစ်ပြီး အဆိုပါ စာအုပ်များအား မြန်မာပြည်ရှိ အဆိုပါ ဂိုဏ်းခွဲများ၏ အကူအညီဖြင့် မြန်မာ မှုပြု ဖြန့်ဝေခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ ၀ီရသူ၏ ခရီးစဉ်သည်က ဗုဒ္ဓဘာသာ အစွန်းရောက်ဝါဒ သည် ဒုတိယကမ္ဘာစစ် အပြီး အိန္ဒိယ မှ စတင် အခြေပြု ခဲ့သော်လည်း ယခုအခါ မြန်မာနိုင်ငံတွင် အခြားနိုင်ငံများထက် ပိုပြီး အရှိန်အဟုန် မြင့်မားလာသည် ဟူသောအချက်အား ပိုမိုထင်ရှားစေခဲ့ပါသည်။

No comments:
Post a Comment