Friday, March 29, 2013

ဆူပူ အကြမ်းဖက်မှုများတွင် အစိုးရပိုင်း ပါဝင်ပတ်သက်နေဟု UN ပြော


မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှုများတွင် မြန်မာအစိုးရပိုင်းမှ ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း ကမ္ဘာ့ ကုလသမဂ္ဂက ပြောဆိုသည်ဟု AFP သတင်းတရပ်၌ ဖော်ပြထားသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟင် ကန်တားနားက မကြာသေးခင်က မြန်မာနိုင်ငံတွင်း၌ ဖြစ်ပွားခဲ့သော အဓိကရုဏ်းများတွင် မြန်မာအစိုးရ၏ ပါဝင်ပတ်သက် မှုများ ရှိခဲ့ကြောင်း၊ လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ပြီး ဗလီနှင့် အဆောက်အဦး ဖျက်ဆီးမှု များတွင် အစိုးရ လုံခြုံရေး အဖွဲ့အစည်းများ၏ တာဝန်ယူ စောင့်ရှောက်ပေးမှု အားနည်းခဲ့ကြောင်း၊ ၎င်းအပြင် စနစ်တကျ စုစည်းထားသည့် ဖျက်ဆီးရေးအဖွဲ့များလည်း ပါဝင်ပတ်သက်နေကြောင်း အထောက်အထားများ ရရှိထားသည်ဟု ဆိုသည်။ ယင်း ဆူပူအကြမ်းဖက်မှု များကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေသူပေါင်း ၁၂၀၀၀ ကျော်ခန့် ရှိသည်ဟု သိရသည်။

No comments:

Post a Comment