Friday, March 29, 2013

ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၂ တွင် ဂျပန်သွားမည်

ရန်ကုန်၊ မတ်-၂၅

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ် အောင်ဆန်းစုကြည်သည် လာမည့်ဧပြီ ၁၂ ရက်တွင် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကပြောသည်။
...
ဧပြီ ၁၂ ရက်မှ စတင်မည့် ဂျပန်ခရီးစဉ်မှာ မည်မျှကြာမြင့်မည်ကိုမူ လောလောဆယ် မသိရှိကြောင်း ဦးဉာဏ်ဝင်းက ဆက်လက်ပြောသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လည်း ဒေါ်အောင်ဆန်း စုကြည်ကို ဂျပန်နိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်ထားပြီး ဧပြီလတွင် လာရောက်မည်ဖြစ်ကြောင်း 7Day News သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ ရောက်ရှိစဉ် မြို့တော်တိုကျိုအပြင် ၁၉၈၅-၈၆ တွင် သူမပညာသင်ယူခဲ့ဖူးသော ကျိုတိုမြို့ရှိ ကျိုတိုတက္ကသိုလ်သို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။ သူမ၏ ခရီးစဉ်ကို ဂျပန်နိုင်ငံရှိ ပြည်သူများက စိတ်လှုပ်ရှားပျော်ရွှင် စွာ စောင့်မျှော်နေကြောင်း တိုကျို၊ ကျိုတိုနှင့် နာရာမြို့များမှ ပြည်သူများက ပြောသည်။

ယခင်အစိုးရလက်ထက်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ကာလရှည်နေထိုင်ခဲ့သော ဒေါ်အောင်ဆန်း စုကြည်သည် ၂၀၁၀ နိုဝင်ဘာ၁၃ ရက်၌ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ၂၀၁၂ မေလတွင် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။ ထို့နောက် ၂၀၁၂ ဇွန်လတွင် ဥရောပခရီးစဉ်၊ စက်တင်ဘာလတွင် အမေရိကန် ခရီးစဉ်နှင့် နိုဝင်ဘာလတွင် အိန္ဒိယ၊ ၂၀၁၃ ဇန်န၀ါရီတွင် ဟာဝိုင်အီနှင့် ကိုရီးယားနိုင်ငံတို့သို့ သွားရောက်ခဲ့သည်။

No comments:

Post a Comment