Thursday, March 28, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ယက်(Peace Culditivation Network)

သို့
-နိုင်ငံတော်သမ္မတ
-ဒုတိယ သမ္မတများ
-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
-ပြည်သူ့လွှတ်တော်ဥက္ကဌ
-အမျိုးသားလွှတ်တော်ဥက္ကဌ
-တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ
-ကာကွယ်ရေးဝန်ကြီး
-နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး
-ပြည်ထဲရေးဝန်ကြီး
-ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။

မေတ္တာရပ်ခံပန်ကြားတောင်းဆိုချက်

လေးစားအပ်ပါသော တာဝန်ရှိလူကြီးမင်းများခင်ဗျား--

ယခုအခါတွင် ဘာသာရေးကို ခုတုံးလုပ်၍ တမင်အကွက်ချ ကြိုတင်စီစဉ်လုပ်ကြံမှုကြီးမှာ မြန်မာနိုင်ငံအနှံ့ ကူးစက် ပျံ့ နှံ့ လျှက်ရှိပါသည်။ ပြည်သူတို့၏ အသက်အိုးအိမ်များကို သတ်ဖြတ်၊ လုယက်၊ မီးရှို့ ဖျက်ဆီး နေမှုများမှာ ရပ်တံ့သွားခြင်းမရှိပဲ အထူးသဖြင့် နိုင်ငံသား အစ္စလာမ်ဘာသာဝင် ပြည်သူများ၏ သာသနာ့ အဆောက်အအုံများ (ဗလီဝတ်ကျောင်းတော်များ၊ စာသင်ကျောင်းများ) အပါအဝင် နေအိမ်၊ ဆိုင်ခန်းများကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ ဖျက်ဆီးခြင်း၊ ပစ္စည်းများလုယူခြင်း၊ အသက်အန္တရာယ် ပြုခြင်းတို့ကို တစ်မြို့ပြီးတစ်မြို့  ပစ်မှတ်ထား၊ ကြိုတင်ဝါဒဖြန့် လှုံ့ ဆော်ခြိမ်းခြောက်နေမှုများမှာ ပိုမိုဆိုးဝါး လျက်ရှိနေပါသည်။

ယင်းသို့ မင်းမဲ့စရိုက်ဆန်စွာ ဥပဒေမဲ့ ကျူးလွန်မှုများကို တာဝန်ရှိ မည်သည့်လုံခြုံရေး အဖွဲ့အစည်းကမျှ ကြိုတင်ကာကွယ်ပေးနိုင်ခြင်းမရှိ၍ ဖြစ်ရသည်ဟု ပြည်သူများက သုံးသပ်ကြကြောင်းသိနေရပါသည်။ ပဲခူးတိုင်း အတွင်း မင်းလှ၊ ကြို့ ပင်ကောက်၊ အုတ်ဖို စသည့်မြို့ များတွင် ဆက်လက် ကြူးလွန်နေကြောင်း သိရှိရပါသည်။ ယခုအခါ ကျန် ပဲခူးတိုင်း အတွင်းရှိမြို့နယ်များတွင် ဆက်လက်ကျူးလွန်ရန် ပြင်ဆင်ကြိုးပမ်းလျက် ရှိနေကြောင်း သတင်းများ ကြားသိနေရပါသည်။ မိတ္ထီလာမြို့ အရေးအခင်း ကိစ္စမှာ လုံခြုံရေးအချိန်မီ ထိရောက်စွာ ဆောင်ရွက် ပေးနိုင်ခြင်း မရှိ၍ ဖြစ်ရကြောင်း သုံးသပ်နိုင်ပါသည်။

ထို့အပြင် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင်လည်း အလားတူ အကြမ်းဖက်မှုများ ကူးစက်ပျံ့ နှံ့ဖွယ်ရှိနိုင်သည်ဟု သံသယ စိတ်များဝင်ကာ စိုးရိမ်ကြောက်လန့်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ ဤသို့ အစ္စလာမ်ဘာသာကို အကြမ်းဖက် တိုက်ခိုက်မှုမှသည် နိုင်ငံအနှံ့ရှိ ဗုဒ္ဓဘာသာနှင့် အခြားဘာသာဝင်များကိုပါ တိုက်ခိုက်ပြီး တိုင်းပြည် အန္တရာယ်ကို ခြိမ်းခြောက်လာပါက နိုင်ငံ၏ အနာဂတ်အတွက် ရင်လေးစရာ ကောင်းလှပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရ တာဝန်ရှိသူ အားလုံးက မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးတွင် ထိေ၇ာက်သော လုံခြုံမှု၊ အုပ်ချုပ်မှုကို အမြန်ဆုံး အချိန်မီထုတ်ပြန်၍ အကြမ်းဖက်မှုများအား ထိရောက်စွာ ဟန့်တားကာကွယ် စောင့်ရှောက်မှု ပေးပါရန် အလေးအနက် မေတ္တာရပ်ခံ ပန်ကြားတောင်းဆိုအပ်ပါသည်။

ုငြိမ်းချမ်းမှုကိုလိုလားသော ပြည်သူများကိုယ်စား------

ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ယက

မိတ္တူကို--
ရုံးလက်ခံ

No comments:

Post a Comment