မိုးညိုမြို့နယ် ဇောတိက ရပ်ကွက်ရှိ ဗလီတစ်လုံးကို မတ်လ ၂၈ ရက်နေ့ မွန်းလွဲ
၁ နာရီဝန်းကျင် အချိန်မှ ညနေ ၄ နာရီ ၀န်းကျင်အထိဗုဒ္ဒဘာသာ သံဃာ (၄၀)
ဝန်းကျင်ခန့်က အကြမ်းဖက်ဖျက်ဆီးခဲ့ကြောင်း အခင်းဖြစ်ပွားရာ နေရာသို့
ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က သတင်းပေးပို့ခဲ့သည်။
ထိုသို့ ဖျက်ဆီးပြီးချိန်တွင် လူစုခွဲ၍ ပြန်လည် ထွက်ခွာ သွားကြကြောင်း
သိရသည်။ ဖျက်ဆီးပြီးနောက် ပြန်လည် ထွက်ခွာသွားချိန်တွင် အဆိုပါ နေရာကို
လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်ယူခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့
ဖျက်ဆီးနေချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဓာတ်ပုံရိုက်ကူးခွင့်
မပြုဘဲ တားဆီးခဲ့ကြပြီး ဖျက်ဆီးမှုတွင် ပါဝင်သူများမှာ ဒေသခံများ
မဟုတ်ကြောင်း မိုးညိုမြို့ခံများက ပြောသည်။
No comments:
Post a Comment