Wednesday, March 27, 2013
ရန်ကုန်တိုင်းအတွင်းအ ပြီးခဲ့သည့် ၂ရက် ၃ရက်အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်ပွားခြင်းနှင့် စပ်လျဉ်း ၍ ပြည်တွင်းရှိနိုင်ငံရေး ပါတီအချို့မှ ပါတီဝင်လူငယ်များ၏ ပဋိပက္ခဖြစ်ပွားရန် လှုံ့ဆော်မှုများရှိကြောင်းနှင့် ယင်းသို့ပြုလုပ်ခြင်းမှာ တရားဝင် နိုင်ငံရေးပါတီတခု အနေဖြင့်ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန် ထားသည့် နည်းဥပဒေများနှင့် မညီကြောင်းရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ က ပြောကြားသွားသည် ဟုဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ပြောကြား သည်။
“အခုလိုမျိုး ရုတ်ရုတ်သဲသဲဖြစ်အောင် လှုံ့ဆော်တာနဲ့ပတ်သက်ပြီးရွေးကောက်ပွဲကော်မရှင် က နိုင်ငံရေး ပါတီ တချို့ဆိုပြီး သတိပေးပြောကြားသွားတာပါ။ ဒီလိုပြောသွားတာကလည်း မတ်လ ၂၆ရက်နေ့က ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီတွေကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာခေါ်ပြီး ပြောကြား သွားတာဖြစ် တယ်။သူတို့ကတော့ရန်ကု န်အခြေစိုက် နိုင်ငံရေးပါတီ ၂၉ခုလို့ပြောသွားပြီး ပါတီတခုကို နှစ်ဦးတက်ရောက် ခွင့်ပေးထားတယ်။” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါ ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီ ၂၉ခုအား မတ်လ ၂၆ရက်နေ့၌ ရန်ကုန်တိုင်း အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ကောလဟာလ သတင်းများနှင့် ပတ်သက်၍ ခေါ်ယူတွေ့ ဆုံဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရပြီးရန်ကုန်တိုင်း ဝန်ကြီးချုပ်မှလည်း ယင်းသို့ လှုံ့ဆော်မှုများရှိ သည်ကိုနိုင်ငံ ရေးပါတီမှလူကြီးပိုင်းက မသိနိုင်သော်လည်း ယခုအခါတွင် မိမိတို့၏ပါတီဝင် လူငယ်များအား ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ရန်လိုကြောင်းပြောကြားခဲ့ သည်။
ထို့နောက် ယင်းတွေ့ဆုံပွဲသို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် အပါအဝင် ရန်ကုန်တိုင်း နယ်ခြားလုံခြုံရေး ဝန်ကြီးနှင့်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ တက်ရောက်ကြောင်းသိရှိရပြီး ရန်ကုန် အခြေစိုက် နိုင်ငံရေး
ပါတီ ၂၉ခုတို့မှ ပါတီတစ်ခုတွင်နှစ်ယောက်နှုန်း ဖိတ်ကြားထားသော်လည်း တချို့ပါတီများတွင်တစ်ယောက်နှုန်းဖြင့် သာ တက်ရောက်မှုများ ရှိကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းအတွင်းအ ပြီးခဲ့သည့် ၂ရက် ၃ရက်အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်ပွားခြင်းနှင့် စပ်လျဉ်း ၍ ပြည်တွင်းရှိနိုင်ငံရေး ပါတီအချို့မှ ပါတီဝင်လူငယ်များ၏ ပဋိပက္ခဖြစ်ပွားရန် လှုံ့ဆော်မှုများရှိကြောင်းနှင့် ယင်းသို့ပြုလုပ်ခြင်းမှာ တရားဝင် နိုင်ငံရေးပါတီတခု အနေဖြင့်ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန် ထားသည့် နည်းဥပဒေများနှင့် မညီကြောင်းရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ က ပြောကြားသွားသည် ဟုဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ပြောကြား သည်။
“အခုလိုမျိုး ရုတ်ရုတ်သဲသဲဖြစ်အောင် လှုံ့ဆော်တာနဲ့ပတ်သက်ပြီးရွေးကောက်ပွဲကော်မရှင် က နိုင်ငံရေး ပါတီ တချို့ဆိုပြီး သတိပေးပြောကြားသွားတာပါ။ ဒီလိုပြောသွားတာကလည်း မတ်လ ၂၆ရက်နေ့က ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီတွေကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာခေါ်ပြီး ပြောကြား သွားတာဖြစ် တယ်။သူတို့ကတော့ရန်ကု
အဆိုပါ ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီ ၂၉ခုအား မတ်လ ၂၆ရက်နေ့၌ ရန်ကုန်တိုင်း အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ကောလဟာလ သတင်းများနှင့် ပတ်သက်၍ ခေါ်ယူတွေ့ ဆုံဆွေးနွေးကြခြင်းဖြစ
ထို့နောက် ယင်းတွေ့ဆုံပွဲသို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် အပါအဝင် ရန်ကုန်တိုင်း နယ်ခြားလုံခြုံရေး ဝန်ကြီးနှင့်ရွေးကောက်ပွဲကော်မရ
ပါတီ ၂၉ခုတို့မှ ပါတီတစ်ခုတွင်နှစ်ယောက်နှုန်း ဖိတ်ကြားထားသော်လည်း တချို့ပါတီများတွင်တစ်ယောက်နှုန်
No comments:
Post a Comment