ပွင့်ပွင့်လင်းလင်းဝေဖန်လေ့ရှိတဲ့
ဒေါက်တာမောင်ဇာနည်က ရခိုင်အရေးအခင်းကို နာဇီလှုပ်ရှားပုံမျိုးလို့
ကင်ပွန်းတပ်ခဲ့တယ်။ ဒါကို မြန်မာအချို့က လိုတာထက် ပုံကြီးချဲ့တယ်လို့
ဆိုကြတယ်။ အနောက် တိုင်းသား တချို့ လည်း ဒီလိုအသုံးအနှုံးမျိုးကို
ရှောင်ခဲ့တာပေါ့။
ဒါပေမယ့်
အခုမိတ္ထီလာမှာ မွတ်စလင်ဆန့် ကျင်အကြမ်းဖက်မှုတွေဖြစ်တော့
ဒေါက်တာ ဇာနည်မှန်တယ် ဆိုတာ သက်သေပြနေသလိုပဲ။ မွတ်စလင်ရွှေ ဆိုင်ပိုင်ရှင်နဲ့
ဗုဒ္ဓဘာသာဝင်တို့ အချင်းများရာကနေ စလိုက်တာဟာ လူပေါင်း ၃၀
ထက်မနည်းသေပြီးဖြစ်သလို၊ ဗလီ ၁၀ လုံးထက်မနည်း၊ အစ္စလာမ့်စာ သင်ကျောင်းတွေ၊
အိမ်တွေ ဖျက်ဆီးခံခဲ့ရတယ်။ မီးခိုးတွေ၊ ပြာတွေနဲ့ မီးလောင်တစပြင်ကြီး လို
ဖြစ်နေတဲ့ မိတ္ထီလာကနေ မွတ်စလင်တွေရော၊ ဗုဒ္ဓဘာသာဝင်တွေပါ ထွက်ပြေးကြရတယ်။
မတ်လ ၂၁ ရက်နေ့ကတော့ ရန်ကုန်အခြေစိုက် အလဲဗင်းက မြို့ပြင်ကို
မောင်းထုတ်ခံနေရတဲ့ မွတ်စလင်လူတန်းရှည်ကြီးပုံကို ဖော်ပြသွားခဲ့တယ်။
ဒီပုံထဲမှာ ထူးခြားတာက ကလေးတွေ၊ မိန်းမတွေနဲ့ သက်ကြီးရွယ်အိုတွေအားလုံး
သူတို့လက်တွေကို မြှောက်ထားကြရတယ်။ သူတို့ကို လုံခြုံရေးတွေက
ကာရံပေးထားတယ်။ အနီးအပါးမှာတော့ ဒုတ်ဓားကိုင် ဘုန်းကြီးတွေ၊
ဗုဒ္ဓဘာသာဝင်တွေက ရာနှစ်ချီပြီး ထွက်သွားနေတဲ့ မွတ်စလင်လူတန်းကြီး ကို
စောင့်ကြည့်နေကြတယ်။ ဒါက ဘာကိုအမှတ်ရစေသလဲဆိုရင် ဒုတိယကမ္ဘာစစ်တုန်းက
ဂျူးတွေကို ဂျာမန်စစ်သားတွေ ၀န်းရံပြီး နာဇီစစ်စခန်းတွေ ဆီ ပို့နေကြတဲ့
ပုံမျိုးကိုပါပဲ။
No comments:
Post a Comment