ဟင်္သာ | ကြာသပတေးနေ့၊ မတ်လ ၁၄ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၅၄ မိနစ်
တောင်တွင်းကြီး (မဇ္ဈိမ)။ ။ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ရှိ နေပြည်တော်-ချောင်းနက်-တောင် တွင်ကြီး ကားလမ်း မိုင်တိုင်အမှတ် (၆၁/၇) တွင် ဗုဒ္ဓဟူးနေ့ နံနက်က ယာဉ်တိမ်းမှောက်မှု တခု ဖြစ်ပွားခဲ့သည်။
ကြမ်းကြားရွာမှ တောင်တွင်းကြီးမြို့သို့ ယာဉ်မောင်း မျိုးသန့်ဇော် (၂၅
နှစ်)၊ (ဘ)ဦးစောဝင်း မောင်းနှင်သည့် ကြံသကာအိတ်များ တင်ဆောင်လာသော ၉ဌ/၅၈၆၃
ဖောအပြာရောင်ယာဉ်သည် မတ်လ ၁၃ ရက်နေ့ နံနက် ၈း၃၀ ခန့်တွင်
သဲကောကျေးရွာအနီး၌ တဖက်ယာဉ်ကျောမှ မောင်းနှင်လာသည့် ဆိုင်ကယ်ကို
တိမ်းရှောင်စဉ် လမ်းဘေး တွင် စုပုံထားသည့် သဲပုံအား ကျော်တက်ပြီး
အရှိန်လွန် တိမ်းမှောက်သွားခဲ့ရာမှ ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသူ ၁၀ ဦး
ဒဏ်ရာရရှိသွားကြသည်။
ဒဏ်ရာရရှိသူများမှာ ဦးခင်မောင်သန်း (၅၆
နှစ်)၊ ဒေါ်ခင်ထွေး (၂၉ နှစ်)၊ ခိုင်မင်းဦး (၁၄ နှစ်)၊ ကိုညွန့်မင်း (၃၇
နှစ်)၊ ဒေါ်တင်ဆန်း (၅၃ နှစ်)၊ ကိုအောင်ကြည်လှိုင် (၃၉ နှစ်)၊ ကိုစိန်မြင့်
(၄၀ နှစ်)၊ စောရန်ထက် (၁၅ နှစ်)၊ ထွန်းသီ (၁၄ နှစ်)၊ ကိုလှကိုဦး (၂၄
နှစ်)တို့ ဖြစ်ကြပြီး ၎င်းတို့ကို တောင်တွင်းကြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ယာဉ်အား အရှိန်ပြင်းစွာ၊ ပေါ့ဆစွာ ယာဉ်မောင်းနှင်သူ မျိုးသန့်ဇော် ကို
ဥပဒေနှင့်အညီ အရေးယူပေးပါရန် ဒု-ရဲအုပ်အေးမင်းထွန်းမှ တရားလိုပြုလုပ်
တိုင်တန်းသဖြင့် ဆတ်သွားရဲစခန်းမှ ယာဉ် (ပ)၇/၂၀၁၃ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈အရ
အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရသည်။
No comments:
Post a Comment