March 4, 2013
M-Media
Khalifa bin Zayed လူသားစာနာမှုဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ်မှ
မွတ်စ်လင်မ် ဒုက္ခသည်များထံသို့ တန်ချိန် ၂၆၀၀ ရှိ
စားနပ်ရိက္ခာအထောက်အပံ့များ ပေးပို့လှူဒါန်းကြောင်း Wam အေဂျင်စီက ဆိုသည်။
၎င်းမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွက် အရေးပေါ်ကယ်ဆယ်ရေးစီမံကိန်းလျာထားချက်ရိက္ခာ
တန်ချိန်ပေါင်း ၅၂၀၀ မှ တတိယအကျော့နှင့်နောက်ဆုံး အသုတ်
ပေးပို့ခြင်းဖြစ်သည်။ ယင်းကယ်ဆယ်ရေး ရိက္ခာများကို လူပေါင်း ၈ သိန်းခွဲမှ
အကျိုးခံစားခဲ့ရသည်။
ဤစီမံချက်သည် အဓမ္မနေရပ်အိုးအိမ်စွန့်ခွာစေခြင်းခံရသော
ရိုဟင်ဂျာမွတ်စ်လင်မ်များအား အရေးပေါ် ကူညီ မှုပေးနိုင်ရန် ယူအေအီးနိုင်ငံ
သမ္မတ ရှိုင်းခ် ခလီဖဟ်၏ စီစဉ်ညွှန်ကြားချက်အောက် မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အမျိုးသား၊ အမျိုးသမီးနှင့်ကလေးငယ်များအတွက်
အ၀တ်အထည်၊ အခြေခံစားသောက်ကုန်အပါအ၀င် ယင်းအထောက်အပံ့များကို
မြန်မာနိုင်ငံရှိဈေးများမှ ၀ယ်ယူပြီး ရခိုင်ပြည်နယ်သို့ ရေကြောင်းဖြင့်
ပို့ဆောင်ခဲ့သည်။
No comments:
Post a Comment