Friday, March 1, 2013

ဒူဘိုင်းမှ ရေအောက်ဟိုတယ်


Friday, March 1, 2013

ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများ စာရင်းမှာ ယူအေအီးလည်း ပါရှိပါတယ်။ ရေနံ သူဌေးများ စုစည်းနေထိုင် တဲ့ နိုင်ငံ ဖြစ်ပြီး ဒူဘိုင်းဆိုရင် ကမ္ဘာ့ ထိပ်တန်းမြို့ ကြီးတွေထဲက တစ်ခုပါပဲ။

ကမ္ဘာ့အမြင့်ဆုံး မိုးမျော်တိုက်များနဲ့ စံချိန်တင်လို့ မဝသေးလို့ ကမ္ဘာ့ ပထမဆုံး ရေအောက်ဟိုတယ် ကိုလည်းတည်ဆောက်မှာ ဖြစ်ပါတယ်။ ဒီအတွက် စီစဉ်နေတာ ကြာပါပြီ။ ဆောက်လုပ်ရေး စီမံကိန်း စတင်နေပြီလို့လည်း ဆိုပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း ရေပေါ်၊ ရေအောက် နှစ်မျိုးခွဲ ထားပြီး၊ ရေအောက်မှာ တည်းဖို့ အတွက် ဈေးပိုကြီးမှာ ဖြစ်ပါတယ်။

ကြယ်ငါးပွင့်အဆင့် ဟိုတယ်ပါပဲ။ ပင်လယ်ရေသတ္တဝါနဲ့ သန္တာကျောက် တန်းများကို အိပ်ယာပေါ်ကနေ အတိုင်းမှာ မြင်နေရ မှာ ဖြစ်ပါတယ်။ မှန်အကြည် အထူသားနဲ့ ပိတ်ထားပြီး လုံခြုံရေးအတွက်လည်း အဆင့်ဆင့်ခံထားပါတယ်။ ဆူနာမီရေလှိုင်းတိုက်ရင်တောင် မပျက် ဆီး နိုင်လောက်အောင် အကြမ်းခံမယ်လို့လည်းဆိုပါတယ်။်

တကယ် တည်ဆောက်ပြီးစီးရင်တော့ ကမ္ဘာ့ပထမဆုံး ကြယ်ငါးပွင့်အဆင့် ရေအေက် ဟိုတယ်တစ်ခု ဖြစ် လာမှာ ဖြစ်ကြောင်း သိရပါတယ်။

No comments:

Post a Comment