Tuesday, March 5, 2013

ပွင့်လင်းမြင်သာမှု မရှိသည့် မီးသတ်ရေကန် တူးဖော်မှု ရပ်ကွက်နေပြည်သူများ မကျေနပ်

ပွင့်လင်းမြင်သာမှု မရှိသည့် မီးသတ်ရေကန် တူးဖော်မှု ရပ်ကွက်နေပြည်သူများ မကျေနပ်

ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၂၇။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်  
၅၄ ရပ်ကွက်တွင် မီးသတ်ရေကန် (သောက်သုံးရေကန်) 
တူးဖော်မှုကို ရပ်ကွက်နေ ပြည်သူများက ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် မကျေနပ်ကြကြောင်း ၅၄ရပ်ကွက်နေ 
NLD ရပ်/ကျေး အလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဒေါ်အေး
အေးမော်က ပြောကြားသည်။

“ဒါက မီးသတ်ကန်လား သောက်သုံးရေကန်လား ဒါလည်း 
ကွဲကွဲပြားပြား မသိရဘူး။ ကျွန်မတို့က မီးသတ်ရေကန် 
တူးဖော်တာကို မကျေနပ် တာ မဟုတ်ဘူး။ ခုက ဘယ်
ကန်ထရိုက်က ဘယ်လိုအစီအစဉ်နဲ့ လုပ်နေတယ်ဆိုတာ
လည်း မသိရဘူး။ ကျွန်မတို့ ရပ်ကွက်အတွက် အကျိုးရှိမယ်
ဆိုရင် လက်ခံပေးလို့ ရတယ်” ဟု ယင်းက ဆက်လက်
ပြောကြားသည်။

မီးသတ်ကန် တူးဖော်သည့် နေရာတွင် ယခုအခါ ကန်ထရိုက်မှ
မြေများတူးကာ ကားသေးတစ်စီးကို ၂၀၀၀၀ ကျပ်၊ ကားကြီး 
တစ်စီးကို ၃၀၀ ၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ မကြာမီ
တွင် မိုးတွင်းကာလသို့ ရောက်ရှိတော့မည် ဖြစ်သည့်အတွက် ကန်တူးခြင်းကို ရပ်လိုက်မည် ဆိုပါက အနီးဝန်းကျင်တွင်
နေထိုင်သော ကလေးများအတွက် အန္တရာယ်ရှိကြောင်း ကန်
တူးဖော်သည့် ပတ်ဝန်းကျင်မှ ရပ်မိရပ်ဖများက ပြောကြားသည်။

“အရင်ကလဲ ဒီလိုပဲ မြေတွေ လာတူးကြတယ်။ မိုးတွင်းကျ 
ကလေးတွေက မသိတော့ ရေဆင်းကူးကြတယ်။ ဒီတော့
ရေနစ်ပြီး သေကြတာ ၄ ယောက်တောင် ရှိပြီ။ အခုလည်း 
တူးနေတယ်။ ဘာလုပ်မယ်ဆိုတာလဲ လူထုကို ဘာမှ အသိပေး
တာမျိုး မရှိဘူး” ဟု ယင်းကန်နားတွင် နေထိုင်သူ မဇာဇာက
ပြောကြားသည်။

"မီးသတ်ကန် လုပ်မယ်ဆိုရင် ကျွန်တော်တို့ ရေစီးရေလာ
ကောင်းမွန်ဖို့ရယ်၊ ဒီရပ်ကွက်က ကလေးတွေ အန္တရာယ် ကင်းရှင်း
ရေးအတွက် ခြံ စည်းရိုး ခတ်ပေးတာမျိုးလေးတွေ အခိုင်အမာ လုပ်ပေးစေချင်တယ်" ဟု ကန်ဘေးနားတွင် နေထိုင်သူ ကိုထွန်းထွန်းဦးက ပြောကြားသည်။

ယခုကန်သည် ရေကန်တူးခြင်းသာ ဖြစ်ပြီး ပွင့်လင်းရာသီတွင်
မီးဘေး ကာကွယ်ရန်အတွက် လည်းကောင်း၊ ရပ်ကွက်နေ
ပြည်သူများ ရေ အခက်အခဲ ရှိလျှင်သော်လည်းကောင်း အသုံးပြုနိုင်ရန် ပြည်သူများ၏ တောင်းဆိုချက်ကြောင့် မြို့
နယ်မှ တစ်ဆင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြတောင်း
ဆိုပြီးမှ တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကန်သည် အလျား 
၆၀၀ ပေ၊ အနံ ၄၀၀ ပေ အကျယ်ရှိပြီး ကန်အနက်ကို ၈ပေ မှ 
၁၀ ပေအထိ တူးဖော်သွားမည်ဖြစ်ကြောင်း  ၅၄ ရပ်ကွက် အုပ်ချုပ်ရေမှူးဖြစ်သူ ဦးကြီးမြင့်က ပြောကြားသည်။

"သူတို့ကသာ ကျွန်တော်တို့တွေ လတ်မှတ်ထိုးပြီး ဒီပရော့ဂျက်
ကျအောင် လုပ်ထားရတာလို့ ပြောတယ်။ ကျွန်တော်တို့ ဒီကန်နားမှာ နေတာ ၇ နှစ်လောက် ရှိနေပြီ။ တစ်ခါမှလည်း 
လက်မှတ် မထိုးခဲ့ရဘူး။ အဲလိုမျိုး လာပြောတာလဲ မရှိဘူး။ 
ခုမှ မြေကြီးတွေ တူးပြီး ကားတွေနဲ့ သယ်မှ ကန်တူးတယ်ဆိုတာ
သိတာ။ ဒါလည်း တိတိကျကျ မသိရဘူး" ဟု ယင်းကန်ရှေ့တွင်
နေထိုင်သူတစ်ဦးက ပြောကြားသည်။

"ကျွန်မတို့ ဘာသာ ရေကန်မတူးဖော်နိုင်တဲ့အတွက် ကန်ထရိုက်ကို အပ်တယ်။ ရှုံးခြင်း မြတ်ခြင်း မြေကြီးရောင်းစားတာ ရောင်းမစားတာ ကျွန်မတို့ စိတ်မ၀င်စားဘူး။ ကျွန်မတို့ ရပ်ကွက်မှာ လှလှပပ ရေကန်
လေးတစ်ကန် ရရှိဖို့ပဲ ကျွန်မတို့ စိတ်ဝင်စားတယ်။ ဒါသူတို့ ကဏ္ဍပဲ" 
ဟု ၅၄ ရပ်ကွက် ကြံခိုင်ရေးပါတီခေါင်းဆောင် ဒေါ်ကြည်ကြည်
ဌေးက ပြောကြားသည်။

ယခု ကန်တူးသည့် နေရာသည် ယခင်က သဘာဝရေကန်
ဖြစ်ပြီး တိမ်ကောလာသည့် အတွက် ပြန်လည် တူးဖော်ခြင်း
ဖြစ်ကြောင်း ယခင်နှစ် များကလည်း ကန်ထရိုက်ကိုပေး၍ 
တူးခဲ့ခြင်းမျိုး ရှိသော်လည်း အရှုံးပေါ်၍ ပြန်ပြေးသွားကြသည်များ 
ရှိကြောင်း သိရသည်။

ယင်းကန်ကို ယခုအကြိမ် တူးဖော်ခြင်းသည် တတိယအကြိမ် တူးဖော်ခြင်း ဖြစ်ပြီး ယခင်အခါများကဲ့သို့ မိုးတွင်းကာလတွင် တူးဖော် ခြင်းကို ရပ်တန့်ပြီး ထားခဲ့မည်ကို ကန်အနီး ပတ်ဝန်းကျင်မှ ပြည်သူများမှာ အထူးစိုးရိမ်လျက် ရှိသည်။ 

ယင်းကိစ္စနှင့် ပတ်သတ်၍  မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဒုဦးစီးမှူး ကိုကျော်စောအေးအား ဖုန်းဆက်မေးမြန်းရာ "ကျွန်တော်က ခွင့်သွားနေတာ၊ အဲဒါတွေ မသိပါဘူး" ဟု ပြန်လည်ဖြေကြားခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးအား အကြိမ်ကြိမ် ဖုန်းဖြင့် ဆက်သွယ်  
မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

ရည်မွန်
ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၂၇။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ ၅၄ ရပ်ကွက်တွင် မီးသတ်ရေကန် (သောက်သုံးရေကန်) တူးဖော်မှုကို ရပ်ကွက်နေ ပြည်သူများက ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် မကျေနပ်ကြကြောင်း ၅၄ရပ်ကွက်နေ NLD ရပ်/ကျေး အလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဒေါ်အေးအေးမော် က ပြောကြားသည်။

“ဒါက မီးသတ်ကန်လား သောက်သုံးရေကန်လား ဒါလည်း ကွဲကွဲပြားပြား မသိရဘူး။ ကျွန်မတို့က မီးသတ်ရေကန် တူးဖော်တာကို မကျေနပ် တာ မဟုတ်ဘူး။ ခုက ဘယ်ကန်ထရိုက်က ဘယ်လိုအစီအစဉ်နဲ့ လုပ်နေတယ်ဆိုတာလည်း မသိရဘူး။ ကျွန်မတို့ ရပ်ကွက်အတွက် အကျိုးရှိမယ်ဆိုရင် လက်ခံပေးလို့ ရတယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။

မီးသတ်ကန် တူးဖော်သည့် နေရာတွင် ယခုအခါ ကန်ထရိုက်မှမြေများတူးကာ ကားသေးတစ်စီးကို ၂၀၀၀၀ ကျပ်၊ ကားကြီး တစ်စီးကို ၃၀၀ ၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ မကြာမီတွင် မိုးတွင်းကာလသို့ ရောက်ရှိတော့မည် ဖြစ်သည့်အတွက် ကန်တူးခြင်းကို ရပ်လိုက်မည် ဆိုပါက အနီးဝန်းကျင်တွင်နေထိုင်သော ကလေးများအတွက် အန္တရာယ်ရှိကြောင်း ကန်တူးဖော်သည့် ပတ်ဝန်းကျင်မှ ရပ်မိရပ်ဖများက ပြောကြားသည်။

“အရင်ကလဲ ဒီလိုပဲ မြေတွေ လာတူးကြတယ်။ မိုးတွင်းကျ ကလေးတွေက မသိတော့ ရေဆင်းကူးကြတယ်။ ဒီတော့ရေနစ်ပြီး သေကြတာ ၄ ယောက်တောင် ရှိပြီ။ အခုလည်း တူးနေတယ်။ ဘာလုပ်မယ်ဆိုတာလဲ လူထုကို ဘာမှ အသိပေးတာမျိုး မရှိဘူး” ဟု ယင်းကန်နားတွင် နေထိုင်သူ မဇာဇာကပြောကြားသည်။

"မီးသတ်ကန် လုပ်မယ်ဆိုရင် ကျွန်တော်တို့ ရေစီးရေလာကောင်းမွန်ဖို့ရယ်၊ ဒီရပ်ကွက်က ကလေးတွေ အန္တရာယ် ကင်းရှင်းရေးအတွက် ခြံ စည်းရိုး ခတ်ပေးတာမျိုးလေးတွေ အခိုင်အမာ လုပ်ပေးစေချင်တယ်" ဟု ကန်ဘေးနားတွင် နေထိုင်သူ ကိုထွန်းထွန်းဦးက ပြောကြားသည်။

ယခုကန်သည် ရေကန်တူးခြင်းသာ ဖြစ်ပြီး ပွင့်လင်းရာသီတွင်မီးဘေး ကာကွယ်ရန်အတွက် လည်းကောင်း၊ ရပ်ကွက်နေပြည်သူများ ရေ အခက်အခဲ ရှိလျှင်သော်လည်းကောင်း အသုံးပြုနိုင်ရန် ပြည်သူများ ၏ တောင်းဆိုချက်ကြောင့် မြို့နယ်မှ တစ်ဆင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြတောင်းဆိုပြီးမှ တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကန်သည် အလျား ၆၀၀ ပေ၊ အနံ ၄၀၀ ပေ အကျယ်ရှိပြီး ကန်အနက်ကို ၈ပေ မှ ၁၀ ပေအထိ တူးဖော်သွားမည်ဖြစ်ကြောင်း ၅၄ ရပ်ကွက် အုပ်ချုပ်ရေမှူးဖြစ်သူ ဦးကြီးမြင့်က ပြောကြားသည်။

"သူတို့ကသာ ကျွန်တော်တို့တွေ လတ်မှတ်ထိုးပြီး ဒီပရော့ဂျက်ကျအောင် လုပ်ထားရတာလို့ ပြောတယ်။ ကျွန်တော်တို့ ဒီကန်နားမှာ နေတာ ၇ နှစ်လောက် ရှိနေပြီ။ တစ်ခါမှလည်း လက်မှတ် မထိုးခဲ့ရဘူး။ အဲလိုမျိုး လာပြောတာလဲ မရှိဘူး။ ခုမှ မြေကြီးတွေ တူးပြီး ကားတွေနဲ့ သယ်မှ ကန်တူးတယ်ဆိုတာသိတာ။ ဒါလည်း တိတိကျကျ မသိရဘူး" ဟု ယင်းကန်ရှေ့တွင်နေထိုင်သူတစ်ဦးက ပြောကြားသည်။

"ကျွန်မတို့ ဘာသာ ရေကန်မတူးဖော်နိုင်တဲ့အတွက် ကန်ထရိုက်ကို အပ်တယ်။ ရှုံးခြင်း မြတ်ခြင်း မြေကြီးရောင်းစားတာ ရောင်းမစားတာ ကျွန်မတို့ စိတ်မ၀င်စားဘူး။ ကျွန်မတို့ ရပ်ကွက်မှာ လှလှပပ ရေကန်လေးတစ်ကန် ရရှိဖို့ပဲ ကျွန်မတို့ စိတ်ဝင်စားတယ်။ ဒါသူတို့ ကဏ္ဍပဲ" ဟု ၅၄ ရပ်ကွက် ကြံခိုင်ရေးပါတီခေါင်းဆောင် ဒေါ်ကြည်ကြည်ဌေးက ပြောကြားသည်။

ယခု ကန်တူးသည့် နေရာသည် ယခင်က သဘာဝရေကန်ဖြစ်ပြီး တိမ်ကောလာသည့် အတွက် ပြန်လည် တူးဖော်ခြင်းဖြစ်ကြောင်း ယခင်နှစ် များကလည်း ကန်ထရိုက်ကိုပေး၍ တူးခဲ့ခြင်းမျိုး ရှိသော်လည်း အရှုံးပေါ်၍ ပြန်ပြေးသွားကြသည်များ ရှိကြောင်း သိရသည်။

ယင်းကန်ကို ယခုအကြိမ် တူးဖော်ခြင်းသည် တတိယအကြိမ် တူးဖော်ခြင်း ဖြစ်ပြီး ယခင်အခါများကဲ့သို့ မိုးတွင်းကာလတွင် တူးဖော် ခြင်းကို ရပ်တန့်ပြီး ထားခဲ့မည်ကို ကန်အနီး ပတ်ဝန်းကျင်မှ ပြည်သူများမှာ အထူးစိုးရိမ်လျက် ရှိသည်။

ယင်းကိစ္စနှင့် ပတ်သတ်၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဒုဦးစီးမှူး ကိုကျော်စောအေးအား ဖုန်းဆက်မေးမြန်းရာ "ကျွန်တော်က ခွင့်သွားနေတာ၊ အဲဒါတွေ မသိပါဘူး" ဟု ပြန်လည်ဖြေကြားခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးအား အကြိမ်ကြိမ် ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

ရည်မွန်

No comments:

Post a Comment