Tuesday, March 12, 2013

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ မှတ်ပုံတင်ခွင့်ရ

RB News 
12.3.2013 
ရန်ကုန် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်မှ ၁၉၉၀ ခုနှစ် ပါတီစုံဒီမို ကရေ စီ ရွေးကောက်ပွဲတွင် အမတ်ရွေးချယ် တင်မြှောက်ခံရသည့် ဦးကျော်မင်း ခေါင်းဆောင်သော ဒီမို ကရေ စီ နှင့်လူ့ အခွင့်အရေးပါတီ (Democracyand Human Rights Party, DHRP) ကို နိုင်ငံရေးပါတီ အဖြစ် ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်မှ မှတ်ပုံတင်ခွင့်ပြု လိုက်ကြောင်း သတင်းရရှိပါသည်။ 
အဆိုပါ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးပါတီကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် မှတ်ပုံ တင် ခွင့် လျှောက် ထားခဲ့ခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၆၃) ဖြစ် ပါသည်။ 
ဒီမိုကရေစီနှင့် လူ့အခွင့် အရေးပါတီကို ဦးဆောင်သည့် ဦးကျော်မင်းသည် အငြိမ်းစား လက်ထောက် ပညာရေးမှူး တစ်ဦးဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသား လူ့အခွင့် အရေး ဒီမိုကရက်တစ် ပါတီ (National Democratic Party for Human Rights, NDPH) ကို ကိုယ်စား  ပြုပြီး ၀င်ရောက် ယှဉ် ပြိုင် ခဲ့ ပြီး ရွေးကောက် ပွဲတွင် ရွေးချယ် တင်မြှောက်ခံ ခဲ့ရ သူဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ပါဝင် ဦးစီး သည့် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မီတီ (CRPP) တွင်အဖွဲ့ဝင် တစ်ဦး ဖြစ်ခဲ့ပြီး နိုင်ငံတ ကာ အ လုပ်သမား အဖွဲ့နှင့် ပြောဆိုမှုများ၊ ပြည်ထောင်စုနေ့ ကြေညာချက် ထုတ်ပြန် မှုများကြောင့် ၂၀၀၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ဖမ်းဆီး၍ ထောင်ဒဏ် (၄၇) နှစ်ချမှတ် ခံခဲ့ရသည်။ ၎င်းအပြင် မိသားစု ၀င်များ ကို လည်း ဖမ်းဆီး၍ ထောင်ဒဏ် (၁၇) နှစ်စီ ချမှတ်ခဲ့သည်။ ထို့နောက် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တွင် နိုင် ငံတော် သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာပြီးနောက် ဒီမိုကရေစီ နှင့် လူ့အခွင့် အရေး ပါတီကို တည်ထောင်၍ မှတ်ပုံတင် ခွင့် လျှောက်ထား ခဲ့ခြင်း ဖြစ်သည်။ 
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လက်ရှိအာဏာရ ပါတီ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါ တီနှင့် ပြိုင်ဘက်အဖြစ် ယခင်က အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီ (NDPD) ရှိခဲ့ရာ၊ ယခုအခါ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ တစ်ခုတိုးပွား လာခြင်းဖြစ်ပါသည်။ 
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လက်ရှိအာဏာရပါတီပြည်ခိုင်ဖြိုးပါတီမှ ရွေးချယ်တင်မြှောက်ခံရသူ သုံးဦး မှာ ရိုဟင်ဂျာ အမျိုးသားများဖြစ်သည့် ဦးရွှေမောင်၊ ဦးအောင်ဇော်ဝင်းနှင့် ဦးဌေးဝင်းတို့ ဖြစ်ပါသည်။
ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီရုံးချုပ်ကိုရန်ကုန်တိုင်းဒေသကြီး၊တာမွေမြို့နယ်တွင်ဖွင့်လှစ်ထား ကြောင်း သိ ရှိရပါသည်။

No comments:

Post a Comment