QS Madani
RB News
3.3.2013
မောင်တော။ ။ ဖေဖော်ဝါရီလ(၂၈) ရက်နေ့တွင် နစကနယ်မြေ (၅)မှ
ဦးထွန်းထွန်းနိုင် သည် မောင် တော မြို့နယ် ငခူရကျေးရွာသား တစ်ဦးဖြစ်သည့်
ဦးဟော်ဘီရ်အဟမတ်အား ရေနံဆီဂါလံ (၁၀၀) ၀ယ် လာသည်ကို အကြောင်းပြ၍ ဖမ်းဆီးသွား
ခဲ့သည်။ ဒေသခံများမှာ လျှပ်စစ်မီး မရရှိသဖြင့် ရေနံဆီကိုသာ အသုံးပြု၍
မီးထွန်းနေရသည်။ ဦးဟော်ဘီရ်အဟမတ်သည် ၎င်း၏ ဆိုင်တွင် တရားဝင်ပြန် လည်ရောင်းချ
ရန်ကြိမ်ချောင်းဈေး မှပြေစာဖြင့် တရားဝင်ဝယ်ယူ လာခြင်းဖြစ်သည်။
ထိုသို့ပြန်လည် ရောင်းချခြင်းမှာ လည်း တရား ၀င်ပြန်လည်ရောင်း
ချခြင်းဖြစ်သည်။
ဦးထွန်းထွန်းနိုင် ဆိုသူသည် နစကနယ်မြေ(၅)မှ နယ်မြေမှူး၏ ညာလက်ရုန်းဖြစ်
ပြီး၊ မောင်တော မြို့ မြောက်ပိုင်းတွင် အကြမ်းဖက်မှု များဖြစ်ပေါ်ရန်
လှုံဆော်လျက်ရှိ သူတစ်ဦး လည်းဖြစ် သည်။ ရိုဟင်ဂျာ များ အား မဟုတ်
မမှန်သည့်အကြောင်း များပြ၍ ဖမ်းဆီးပြီး ငွေညှစ် သူတစ်ဦးဖြစ်သည်။ ၎င်းအား နစက
နယ် မြေမှူးနှင့် စရဖ အကြီးအကဲတို့မှ ဝေစု ရရှိသောကြောင့် မတရားသဖြင့်ပြု
လုပ်နေ သည်ကို မျက်ကွယ်ပြု ထားကြသည်။
ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင်အောက်ဖော်ပြပါလေးဦးကို ငခူရဈေးမှ
အကြောင်းပြချက်တစ်စုံတစ် ရာ မရှိဘဲ ဖမ်းဆီး သွားခဲ့ကြောင်း သိရှိရပါသည်။
(၁) ဦးရှမ်ရှူ (ဘ) ဦးဒေါ်လား (အသက် ၄၉ နှစ်)
(၂) ဦးမိုဟာမတ်ယာစီးန် (ဘ) ဦးဟာရှင် (အသက် ၃၃ နှစ်)
(၃) ဦးအဗ်ဒူအာလမ် (ဘ) ဦးဆယာဒ်အာလမ် (အသက် ၃၅ နှစ်)
(၄) ဦးဟူဆောင်အလီ (ဘ) ဦးမိုဟာမတ်ရဖိခ် (အသက် ၄၀ နှစ်)
အထက်ဖော်ပြပါ လေးဦးမှာ ငခူရကျေးရွာဒေသခံများဖြစ်ကြသည်။
ငခူရ ကျေးရွာအုပ်စု၊ အထက်ပြူးမ၊ အောက်ပြူးမနှင့် ဒူးတန်းကျေးရွာများမှ
ဦးအာဇဲရ်ဟူဆောင် (ဘ) ဦးကူလူမျာ (အသက် ၄၇ နှစ်) နှင့် ဦးဂျာဟဂီရ်ဟူဆောင်
တို့အပါအ၀င် (၁၅) ဦးကိုလည်းဖမ်းဆီးသွား ခဲ့သည်။ အဆိုပါ ဖမ်းဆီးခံ
ရသူများကို လူမဆန်စွာ ညှင်းပန်းနှိပ်စက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
နစက နယ်မြေ (၅) လက်အောက်ခံ ကျေးရွာများတွင် ရိုဟင်ဂျာများ သွားလာ
လှုပ်ရှားရေးမှာ နစက၏ နှောက်ယှက် ဒုက္ခပေးမှုများ ကြောင့်လွန်စွာ
ခက်ခဲလျက်ရှိသည်။ ရွာသူရွာသားများ ၏နေ့စဉ် စားဝတ်နေ ရေးကို သစ်တောများ
အတွင်းမှ ထင်းခုတ်ခြင်း၊ လယ်ယာစိုက်ပျိုးရေး၊ ငါးမွေးမြူခြင်းနှင့် နယ်
စပ်ကုန် သွယ်ရေးကို သာအဓိကထားရသည်။ သို့သော်နစကနှင့် ရခိုင်အစွန်းရောက်
များ၏နှောက် ယှက် ဟန့်တား မှုများ၊ သွားလာရေး ကန့်သတ်ထားမှု များကြောင့်
စားဝတ်နေရေး အတွက် လုပ်ကိုင် စားသောက် ရန် လွန် စွာခက်ခဲလျက်ရှိသည်။
မတ်လ (၁) ရက်နေ့တွင်မောင်တောမြို့နယ်ရွှေဇားရွာမှ အောက်ဖော်ပြပါသုံးဦးကို
၂၀၁၂ ဇွန်လ အ ကြမ်းဖက်မှုတွင် ပါဝင်ပတ်သက် ခဲ့သည်ဟု စွပ်စွဲ၍
နစကများမှဖမ်းဆီးခဲ့သည်။
(၁) ဦးမိုဟာမတ်ဟာလဲခ် (ဘ) ဦးဆုလ်တာန်အဟမတ်
(၂) ဦးဆာလေအဟမတ် (ဘ) ဦးမုစ်တာခ်အဟမတ်
(၃) ဦးယူနွတ် (ဘ) ဦးရာဇာမျာ
ဦးယူနွတ် ထံမှ ငွေကျပ်တစ်သိန်း ယူ၍ မတ်လ (၂) ရက်နေ့တွင် ပြန်လည်
လွှတ်ပေးခဲ့ပြီး၊ ကျန်ရှိ သည့်နှစ်ဦး အား လွှတ်ပေးရန်အတွက် တစ်ဦးထံမှငွေကျပ် ၆
သိန်းဆီတောင်း ခံလျက် ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment