Tuesday, March 12, 2013

ကြားဖြတ်သတင်း - မောင်တောမြို့တွင် ရိုဟင်ဂျာ အိမ်နှစ်အိမ် လုယက်ခံရ

M.S. Anwar 
RB News 
10.3.2013 
မောင်တော ။ ။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၂ နာရီခန့်တွင် နစက တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ် တပ်နှင့် ရခိုင် အစွန်းရောက် အချို့ ပူးပေါင်း၍  မောင်တောမြို့ နယ်၊ ရွှေဇားရွာရှိ ရိုဟင်ဂျာ လူမျိုးများ ၏ နေအိမ်နှစ် အိမ်ကို ၀င်ရောက် စီးနင်း  ခဲ့ကြောင်း သတင်း ရရှိပါ သည်။ ထို့အပြင် ၀င်ရောက် စီးနင်း၍ လုယက် ခံ ရသော မိသား စုနှစ်စု မှ ပထမ မိသားစု အား ဖမ်းဆီး၍ နစကနယ်မြေ(၆) လက်အောက်ခံ စခန်းအမှတ်(၁၄) တွင် ချုပ်နှောင် ထားကြောင်း သိရှိရ ပါသည်။ 
“ဒီနေ့နံနက် ၂ နာရီလောက်မှာ၊ နစက၊ ရဲနဲ့ စစ်တပ်က ရခိုင်အစွန်းရောက်တွေနဲ့ ပူးပေါင်း ပြီးတော့ ရွှေဇား ကျေးရွာအုပ်စု၊ ဂူးနားဖာရာရွာမှာ ရှိတဲ့ ဦးအဘူရှာဒါ (အသက် ၆၀ နှစ်ခန့်) နဲ့ သူရဲ့ ယောက်ဖ ဦးရမ်ဇမ် အလီ (အသက် ၃၆ နှစ်) တို့ရဲ့ အိမ်တွေကို ဖောက်ပြီး ၀င်တယ်။ ပထမ အိမ်မှာ ဦးအဘူရှာဒါနဲ့ သူ့ရဲ့ မိန်းမ၊ သမီးတို့ကို အော်ပြီး ပတ်ဝန်းကျင်ကို အကူအညီ တောင်းဖို့ ကြိုးစားတော့ ဦးအဘူရှာဒါ ရဲ့ နောက်ကျောကို ဓါးနဲ့ ထိုးတယ်။ ပြီးတော့ သူ့ရဲ့မိန်းမနဲ့ သမီးရဲ့ ခေါင်းကို ဓါးနဲ့ထိုးလိုက်တော့ သွေးထွက်ရင်း တန်းလန်းနဲ့ သ တိ လစ်သွား ကြတယ်။ 
အဲဒီနောက် ငွေကျပ် ၁၀ သိန်းနဲ့ရွှေ ၁၅ ကျပ်သားလောက်လု ယူသွားခဲ့တယ်။ အဲဒီ မိသားစုမှာ အားလုံး ၁၁ ယောက်ရှိ တယ်။ အားလုံးကို အကြောင်းပြချက်ဘာမှ မပေးဘဲ ဖမ်းသွားပြီးတော့ အခု နစကနယ်မြေ (၆) လက်အောက်ခံ စခန်း အမှတ် (၁၄) မှာချုပ်ထားတယ်။ တချိန်ထဲမှာဘဲ ဦးအဘူရှာဒါ ရဲ့ယောက် ဖ ဖြစ်တဲ့ ဦးရမ်ဇမ်အလီရဲ့ အိမ်ကိုလည်း ၀င်ပြီး ငွေကျပ် ၅ သိန်းနဲ့ ငွေ ၇ ကျပ်သားလောက်လု ယူသွားခဲ့ တယ်” ဟုဒေသခံ ရိုဟင်ဂျာ တစ်ဦးမှ ပြောပါသည်။ 
“ကျွန်တော်တို့ ရဲ့  နေအိမ်တွေကို ရခိုင်အစွန်းရောက် တွေက သြဇာ အာဏာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ လာ ပြီး လုယက်ရင် ဘာမှလုပ် လို့မရဘူး။ ကျွန်တော်တို့ရဲ့ အသက်၊ သိက္ခာနဲ့ ပိုင်ဆိုင်မှုတွေကို မကာကွယ်နိုင် ဘူး။ လူပုံသဏ္ဍန်နဲ့ လူယုတ်မာတွေရဲ့ လက်ထဲမှာ ကျွန်တော်တို့ရဲ့ အနာဂတ်က ဘယ်လိုဖြစ် မယ်ဆိုတာ ကျွန်တော်တို့ မသိဘူး” ဟုအဆိုပါ ဒေသခံ မှပြောပါသည်။

No comments:

Post a Comment