(၃ ထိပ် ရပ်ကွက်ကြီး ၁ /၁၀ ၊၁၁၊ ၁၂)
အစပြုပုံမှာ ဗုဒ်ဓဘာသာ တရားပွဲတစ်ခုတွင် ဘုန်းကြီးက ဓားသွေးထားကြ မွတ်စလင်မ်ကုလားတွေကို သတ်ဖို့ ပြင်ဆင်ထားကြ ဆိုပြီး တရားဟောသွားရာမှ စတင်ခဲ့သည်။
ယင်းနေ့ (28-2-2013) ည ၁၂ နာရီခန့်တွင် လူအင်အား (ခန့်မှန်းခြေ ၅၀၀ ကျော်ခန့် ) ရောက်ရှိလာပြီး တုတ် ဓား လ က်နက်များဖြင့် မွတ်စလင်မ်ဆိုင်များကို သီးသန့် ဖျက်ဆီးကြပါသည်။ ညက သူတို့လူများမှာ တုတ် ဓား လက်နက်များအသင့် ယူဆောင်လာကြသည့်အတွက် မည်သူမှ အပြင်မထွက်ရဲပါ။ ထိုအချိန်တွင် မွတ်စလင်မ် ရပ်မိရပ်ဖများက သက်ဆိုင်ရာများသို့ ဖုန်းဆက် အကြောင်းကြားရာ မည်သို့မှ အရေးယူခြင်းမရှိပေ။ အချိန်နှင့်တပြေးညီ သတင်းပို့သော်လည်း ဘာမှ ထူးခြားမှုမရှိပဲ ဆိုင်အားလုံးသာ ပျက်ဆီးသွားခြင်းသာ အဖတ်တင်ပါသည်။
ယနေ့နံနက်တွင် မွတ်စလင်များ မည်သူမျှ ဆိုင်မထွက်ရဲကြ ။ အိမ်ပြင်တောင်မထွက်ရဲအောင် ရှိနေကြသည်။ ၎င်းတို့က ပြောထားသည်မှာ ယနေ့ 1-3-2013 ညတွင်လည်း လာရောက်ဖျက်ဆီးဦးမည်ဟု သိရသည်။ မွတ်စလင်မ် အဖွဲ့များကိုလည်း ဖုန်းဆက် အကြောင်းကြားထားပါသည်။ သက်ဆိုင်ရာ ရဲ ၊ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ ကိုလည်း အသိပေးထားပါသည်။ ထိုသူတို့က မည်သို့မျှ အရေးယူခြင်းမရှိခဲ့ပါ။
ကျွန်တော်တို့ ဒီည ဘယ်လိုစခန်းသွားရမလဲ မသိပါ။ သူတို့က အိမ်များကို လာဖျက်မည်ဟု အတိအကျ ပြောထားပါသည်။ အချို့ ရန်ကုန်တွင် ဆွေမျိုးရှိသူများ ပြောင်းရွှေ့သွားပြီဖြစ်ပါသည်။
သို့သော် အများစုမှာ အိမ်တွင် မအိပ်ရဲလောက်အောင်ပင်ဖြစ်နေကြပါ သည်။ ကျနော်တို့ အသက် အိုးအိမ် အတွက် အကာအကွယ်များလုပ်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။
လှိုင်သာယာမှ ကိုယ်တွေ့ကြုံသူများ၏ ပြောပြချက်
အစပြုပုံမှာ ဗုဒ်ဓဘာသာ တရားပွဲတစ်ခုတွင် ဘုန်းကြီးက ဓားသွေးထားကြ မွတ်စလင်မ်ကုလားတွေကို သတ်ဖို့ ပြင်ဆင်ထားကြ ဆိုပြီး တရားဟောသွားရာမှ စတင်ခဲ့သည်။
ယင်းနေ့ (28-2-2013) ည ၁၂ နာရီခန့်တွင် လူအင်အား (ခန့်မှန်းခြေ ၅၀၀ ကျော်ခန့် ) ရောက်ရှိလာပြီး တုတ် ဓား လ က်နက်များဖြင့် မွတ်စလင်မ်ဆိုင်များကို သီးသန့် ဖျက်ဆီးကြပါသည်။ ညက သူတို့လူများမှာ တုတ် ဓား လက်နက်များအသင့် ယူဆောင်လာကြသည့်အတွက် မည်သူမှ အပြင်မထွက်ရဲပါ။ ထိုအချိန်တွင် မွတ်စလင်မ် ရပ်မိရပ်ဖများက သက်ဆိုင်ရာများသို့ ဖုန်းဆက် အကြောင်းကြားရာ မည်သို့မှ အရေးယူခြင်းမရှိပေ။ အချိန်နှင့်တပြေးညီ သတင်းပို့သော်လည်း ဘာမှ ထူးခြားမှုမရှိပဲ ဆိုင်အားလုံးသာ ပျက်ဆီးသွားခြင်းသာ အဖတ်တင်ပါသည်။
ယနေ့နံနက်တွင် မွတ်စလင်များ မည်သူမျှ ဆိုင်မထွက်ရဲကြ ။ အိမ်ပြင်တောင်မထွက်ရဲအောင် ရှိနေကြသည်။ ၎င်းတို့က ပြောထားသည်မှာ ယနေ့ 1-3-2013 ညတွင်လည်း လာရောက်ဖျက်ဆီးဦးမည်ဟု သိရသည်။ မွတ်စလင်မ် အဖွဲ့များကိုလည်း ဖုန်းဆက် အကြောင်းကြားထားပါသည်။ သက်ဆိုင်ရာ ရဲ ၊ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ ကိုလည်း အသိပေးထားပါသည်။ ထိုသူတို့က မည်သို့မျှ အရေးယူခြင်းမရှိခဲ့ပါ။
ကျွန်တော်တို့ ဒီည ဘယ်လိုစခန်းသွားရမလဲ မသိပါ။ သူတို့က အိမ်များကို လာဖျက်မည်ဟု အတိအကျ ပြောထားပါသည်။ အချို့ ရန်ကုန်တွင် ဆွေမျိုးရှိသူများ ပြောင်းရွှေ့သွားပြီဖြစ်ပါသည်။
သို့သော် အများစုမှာ အိမ်တွင် မအိပ်ရဲလောက်အောင်ပင်ဖြစ်နေကြပါ
လှိုင်သာယာမှ ကိုယ်တွေ့ကြုံသူများ၏ ပြောပြချက်
No comments:
Post a Comment