Wednesday, March 20, 2013

အမေရိကန်အခြေစိုက် ACO ရင်းနှီးမြှုပ်နှံမှုအုပ်စုမှ ရန်ကုန်လေဆိပ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀၊ ဆက်သွယ်ရေးကဏ္ဍတွင် အမေရိကန်ဒေါ် လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်

Created on Wednesday, 20 March 2013 08:06

အမေရိကန်အခြေစိုက် ACO ရင်းနှီးမြှုပ်နှံမှုအုပ်စုမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်မှု တွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀၊ ဆက်သွယ်ရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုး ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း Bloomberg သတင်းဝက်ဘ်ဆိုက်တွင် မတ်လ ၁၉ ရက်နေ့ က ဖော်ပြ ထားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရင်းနှီးမြှုပ်နှံရာတွင် အကျိုးတူဖက်စပ် သို့မဟုတ် ငွေကြေးချေး ငှားခြင်း နည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်သွယ်ရေးကဏ္ဍတွင်မူ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အဦ ရန်ပုံငွေအသစ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ဆက်သွယ်ရေးလိုင်စင်နှစ်ခု အတွက် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကို လာမည့်နှစ်တွင် စတင်နိုင်မည်ဟု ခန့်မှန်းထားပြီး မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်း လဲ မှုများကြောင့် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း ACO ရင်းနှီးမြှုပ်နှံမှုအုပ်စုမှ ပူးတွဲတည်ထောင်သူ Hari Achuthan က ပြောကြားသည်။

အာရှဈေးကွက်၏ တိုးတက်မှု အခြေအနေများတွင် မြန်မာဈေးကွက် တိုးတက်မှုသည် ထိုင်း၊ အင်ဒိုနီးရှား ဈေးကွက်များထက် သာလွန်နေကြောင်း Credit Suisse Group AG Banker ဟောင်း ကလည်း ပြောကြားခဲ့သည်။

ACO ရင်းနှီးမြှုပ်နှံမှုအုပ်စုကို Hari Achuthan နှင့် United Airlines ဥက္ကဋ္ဌဟောင်း Ronojoy Dutta တို့က ပူးတွဲတည်ထောင်ထားခြင်းဖြစ်ပြီး နယူးယောက်မြို့တွင် အခြေစိုက်ထားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အဆင့်မြှင့်တင်ရန် အစိုးရက တင်ဒါခေါ်ယူလျက်ရှိပြီး နိုင်ငံတကာ ကုမ္ပဏီများနှင့် မြန်မာထိပ်တန်းလုပ်ငန်းများသည် တစ်ဦးချင်းသော်လည်းကောင်း၊ ပူးပေါင်း၍သော် လည်းကောင်း တင်ဒါတင်ထားကြောင်းလည်း မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ပြီးဖြစ်သည့် နိုင်ငံခြားကုမ္ပဏီ အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

ဆက်သွယ်ရေးကဏ္ဍတွင်လည်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လျက်ရှိပြီး စင်ကာပူအခြေစိုက် Singapore Tele communications Ltd၊ မလေးရှားအခြေစိုက် Axiata Group Bhd နှင့် နော်ဝေအခြေစိုက် Telenor ASA တို့ လိုင်စင်ခွင့်ပြုချက်ရရန် အခြေအနေ ကောင်းနေကြောင်း သိရသည်။

ထို့ပြင် ACO ရင်းနှီးမြှုပ်နှံမှု အုပ်စုသည် မန္တလေးတိုင်းဒေသကြီး အစိုးရနှင့် ၁၀၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ဆိုလာစွမ်းအင် စီမံကိန်းတည်ထောင်ရန် ဖေဖော်ဝါရီလတွင် သဘောတူညီမှု ရရှိခဲ့ကြောင်းနှင့် အဆိုပါစီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံမှ ၂ ဘီလျံအထိ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း Hari Achuthan က ပြောကြားခဲ့သည်။

အမေရိကန်အစိုးရ၏ ပိတ်ဆို့မှု လျှော့ချပြီးနောက်ပိုင်း Master?Visa၊ Coca Cola၊ Western Union၊ Ford၊ Unilever (NV)၊ Best Western စသည့် ထိပ်တန်းလုပ်ငန်းများ မြန်မာနိုင်ငံသို့ ၀င်ရောက်လာပြီးဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဆိုက်ရောက်ခန်းမကို တွေ့ရစဉ်

Re-Post By ACM 20-3-2013
အေးချမ်းမွန်
အမေရိကန်အခြေစိုက် ACO ရင်းနှီးမြှုပ်နှံမှုအုပ်စုမှ ရန်ကုန်လေဆိပ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀၊ ဆက်သွယ်ရေးကဏ္ဍတွင် အမေရိကန်ဒေါ် လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်

    Created on Wednesday, 20 March 2013 08:06 

အမေရိကန်အခြေစိုက် ACO ရင်းနှီးမြှုပ်နှံမှုအုပ်စုမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်မှုတွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀၊ ဆက်သွယ်ရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုး ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း Bloomberg သတင်းဝက်ဘ်ဆိုက်တွင် မတ်လ ၁၉ ရက်နေ့က ဖော်ပြထားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရင်းနှီးမြှုပ်နှံရာတွင် အကျိုးတူဖက်စပ် သို့မဟုတ် ငွေကြေးချေးငှားခြင်း နည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်သွယ်ရေးကဏ္ဍတွင်မူ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အဦ ရန်ပုံငွေအသစ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ဆက်သွယ်ရေးလိုင်စင်နှစ်ခုအတွက် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကို လာမည့်နှစ်တွင် စတင်နိုင်မည်ဟု ခန့်မှန်းထားပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း ACO ရင်းနှီးမြှုပ်နှံမှုအုပ်စုမှ ပူးတွဲတည်ထောင်သူ Hari Achuthan က ပြောကြားသည်။

အာရှဈေးကွက်၏ တိုးတက်မှု အခြေအနေများတွင် မြန်မာဈေးကွက် တိုးတက်မှုသည် ထိုင်း၊ အင်ဒိုနီးရှား ဈေးကွက်များထက် သာလွန်နေကြောင်း Credit Suisse Group AG Banker ဟောင်းကလည်း ပြောကြားခဲ့သည်။

ACO ရင်းနှီးမြှုပ်နှံမှုအုပ်စုကို Hari Achuthan နှင့် United Airlines ဥက္ကဋ္ဌဟောင်း Ronojoy Dutta တို့က ပူးတွဲတည်ထောင်ထားခြင်းဖြစ်ပြီး နယူးယောက်မြို့တွင် အခြေစိုက်ထားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အဆင့်မြှင့်တင်ရန် အစိုးရက တင်ဒါခေါ်ယူလျက်ရှိပြီး နိုင်ငံတကာ ကုမ္ပဏီများနှင့် မြန်မာထိပ်တန်းလုပ်ငန်းများသည် တစ်ဦးချင်းသော်လည်းကောင်း၊ ပူးပေါင်း၍သော်လည်းကောင်း တင်ဒါတင်ထားကြောင်းလည်း မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ပြီးဖြစ်သည့် နိုင်ငံခြားကုမ္ပဏီ အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

ဆက်သွယ်ရေးကဏ္ဍတွင်လည်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လျက်ရှိပြီး စင်ကာပူအခြေစိုက် Singapore Tele communications Ltd၊ မလေးရှားအခြေစိုက် Axiata Group Bhd နှင့် နော်ဝေအခြေစိုက် Telenor ASA တို့ လိုင်စင်ခွင့်ပြုချက်ရရန် အခြေအနေ ကောင်းနေကြောင်း သိရသည်။

ထို့ပြင် ACO ရင်းနှီးမြှုပ်နှံမှု အုပ်စုသည် မန္တလေးတိုင်းဒေသကြီး အစိုးရနှင့် ၁၀၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ဆိုလာစွမ်းအင် စီမံကိန်းတည်ထောင်ရန် ဖေဖော်ဝါရီလတွင် သဘောတူညီမှု ရရှိခဲ့ကြောင်းနှင့် အဆိုပါစီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံမှ ၂ ဘီလျံအထိ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း Hari Achuthan က ပြောကြားခဲ့သည်။

အမေရိကန်အစိုးရ၏ ပိတ်ဆို့မှု လျှော့ချပြီးနောက်ပိုင်း Master?Visa၊ Coca Cola၊ Western Union၊ Ford၊ Unilever (NV)၊ Best Western စသည့် ထိပ်တန်းလုပ်ငန်းများ မြန်မာနိုင်ငံသို့ ၀င်ရောက်လာပြီးဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဆိုက်ရောက်ခန်းမကို တွေ့ရစဉ်

Re-Post By ACM 20-3-2013
အေးချမ်းမွန် Credit & Copy From >>Eleven Media Group << Thank

No comments:

Post a Comment